Category: News

  • WFP ၏ စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်း

    WFP ၏ စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်း

    WFP ၏ စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခြင်းကြောင့် WFP ၏ အထောက်အပံ့ကိုသာ အားထားနေရသည့် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ လူဦးရေ ၁ သိန်းထိခိုက်မည်

    (more…)

  • ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်

    ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်

    ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

    (more…)

  • မုံရွာမြို့ပေါ် စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

    မုံရွာမြို့ပေါ် စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်၊ငြိမ်းချမ်းရေးလမ်းဆုံမှစစ်ဆေး‌ရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၂၂)၊ မုံရွာနတ်ဆိုးတပ်ဖွဲ့က ယနေ့( မတ်လ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ထားသည်။

    မတ်လ ၁၄ ရက် နံနက် ၁၁ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ပြီးအဆိုပါ ဂိတ်မှ စစ်ကောင်စီတပ်သား ၁၁ ဦးအနက် သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    “ ပွိုင့်နေရာ သုံးခုခွဲပြီး မီတာ ၈၀ အကွာလောက်ကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့တွင်းမစ်ရှင်ဖြစ်တာကြောင့် ပစ်ပြီးတာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းတာဝန်ရှိသူက ပြောသည်။

    စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မဇ္ဇိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်မှုအပြီးတွင် မုံရွာမြို့၊အမှတ်(၂ )ရဲစခန်းမှ ရဲအင်အား ၂၀ ခန့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကား ရှစ်စီးဖြင့်ရောက်ရှိလာပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ သေနတ်သံတွေကြားတော့ ဝပ်နေရတယ်။ ပစ်ခတ်မှုဖြစ်ပြီး စစ်သားတွေတော်တော်များများ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်တယ်။ စက်တပ်လေထီး တွေပါ ပစ်ခတ်တဲ့နေရာတဝိုက်ပျံသန်းမှုတွေလုပ်ခဲ့တယ်” ဟု မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်မှဒေသခံတဦးက ပြောသည်။

    ယနေ့တွင် မုံရွာမြို့ထဲပတ်ဝန်းကျင်၌ စစ်ရေးအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီလုံခြုံရေးယာဉ်တန်းများ မကြာခဏဖြတ်သန်းသွားလာနေကြောင်း မြို့ခံတဦးကပြောသည်။

    ပြီးခဲ့သည့် မတ်လဆန်းက မုံရွာမြို့နယ် ဆက်စပ်နေသော ချောင်းဦးမြို့နယ်အတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ပြီး မုံရွာ-ချောင်းဦးလမ်းပိုင်းကိုလည်း စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထားကြောင်း သတင်းရရှိသည်။မတ်လ ၄ရက်က မုံရွာမြို့တွင်းမှ ထွက်လာသော စစ်ကောင်စီကားနှစ်စီးသည် ချောင်းဦးမြို့ကို ဖြတ်၍ မြင်းမူဘက်သို့ထွက်ခွာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှု၌ စစ်ကောင်စီဘက်မှ ဒုဗိုလ်တဦးအပါအဝင် ၁၇ ဦး သေဆုံးပြီး သေနတ် ၂၁လက် သိမ်းဆည်းနိုင်ခဲ့ကြောင်းယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။

    ပုံအညွှန်း – စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်နေသည့် ကာကွယ်ရေးရဲဘော်။ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်၊ငြိမ်းချမ်းရေးလမ်းဆုံမှစစ်ဆေး‌ရေးဂိတ်ကို မတ်လ ၁၃ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ဓာတ်ပုံ-မုံရွာခရိုင်တပ်ရင်း(၂၂)

  • ကင်းပတ်ရန် ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ကင်းပတ်ရန် ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီးတွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး

    (more…)