ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ နံနက် အစောပိုင်းတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ အကြမ်းဖက် စစ်တပ်၏ ဆင်ဇလုပ်ဂိတ်ကို အမှတ် ၂၂ ဗျူဟာ ၃၇၀၁ (ဒုတပ်ရင်းအထူးစစ်ဆင်ရေးအဖွဲ့) နှင့် ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ ခွဲ ၂ တို့က ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုသည် ၄၅ မိနစ်ခန့် ကြမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်တောင်းမြစ်ဘက်ကနေ ထိုးစစ်တွေ တိုက်ခိုက်လာနေသလို အမြန်လမ်းဝန်းကျင်အထိ တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်နေကြပါပြီ။ အမြန်လမ်း ပဲခူးခရိုင် အတွင်းမှာ ယခုရက်ပိုင်း နှစ်ကြိမ်ရှိပါပြီ။ ၁၃ ရက်နေ့ကလည်း ၃၇၀၁ တပ်ခွဲ ၅နှင့် ပဲခူး ပကဖ ရဲဘော်တွေ အမြန်လမ်း ၇၂ မိုင် ခွေးဂိတ်စခန်းကိုလဲ တိုက်ခိုက်ခဲ့ပါသေးတယ်။ ထိခိုက်မှု ၅ ဦးရှိပါတယ်” ဟု ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *