Category: News

  • ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းထိုက်သည် မီဒီယာနှင့် လိင်အလုပ်သား (Sex Workers) အမျိုးသမီးများအပေါ် နှိမ်ချရိုင်းစိုင်းသည့် အသုံးအနှုန်းဖြင့် မှတ်ချက်ပေးခဲ့မှုကြောင့် ဝေဖန်မှုများရှိလာသည်။

    ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲပေးမှုနည်းပါးခြင်းနှင့် ပြည်သူများ ချီတုံချတုံဖြစ်နေမှုအပေါ် စွပ်စွဲ ပြောကြားထားသည်ဆိုသည့် MPA သတင်းဌာန၏ သတင်းအောက်တွင် ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက်အကောင့်ဖြင့် ဝင်ရောက်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

    ၎င်းက “မင်းတို့မီဒီယာကလည်း သူများကို အပုတ်ချ မဟုတ်တမ်းတရားပြောမှ ထမင်းစားရတာလားကွာ။ -ာသည်မတွေတောင် မင်းတို့လောက် ဗလောင်းဗလဲမပြောတတ်ဘူး” ဟု ရိုင်းစိုင်းစွာ ရေးသားခဲ့ခြင်းဖြစ်သည်။

    “အမတ်လောင်းဆိုသူက အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို နှိမ်ချပြီး ဥပမာပေး ဆဲဆိုတာဟာ သူ့ရဲ့ စိတ်ဓာတ်အောက်တန်းကျမှုကို ပြနေတာပါ။ Sex Worker တွေဆိုတာလည်း အလုပ်တစ်ခုပဲဆိုတာ သူမသိဘူးလား။ ခေတ်ဆက်ဆက် အသိပညာပေး၊ အမြင်တွေပြောင်းလာအောင် လုပ်ခဲ့ရတာတွေ မမြင်ဘူးလား။ သူက အခုလို တံဆိပ်ကပ်နှိမ်ချတာဟာ အမျိုးသမီးထုတစ်ရပ်လုံးကို စော်ကားတာဖြစ်သလိုပဲ။ ဒီလိုလူစားမျိုးက ပြည်သူ့ကိုယ်စားလှယ်လုပ်ဖို့ လုံးဝမထိုက်တန်ဘူးဆိုတာ သက်သေပြနေတာပါ”ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

    ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ ဒုတိယ၊ တတိယအသုတ်များတွင် ပြည်သူ့ပါတီကို မဲပေးကြရန် တိုက်တွန်းနေချိန် ၎င်း၏ အမတ်လောင်းဖြစ်သူ ဦးစိုင်းသန်းထိုက်၏ ရိုင်းစိုင်းသော အပြုအမူက ပါတီ၏ ပုံရိပ်ကို ပိုမိုဆိုးရွားစေခဲ့သည်။

    “သူတို့ပါတီဥက္ကဋ္ဌကိုယ်တိုင်က ပြည်သူတွေ မဲမပေးကြလို့၊ ချီတုံချတုံဖြစ်နေလို့ မဲရှုံးနေရတယ်လို့ ပြည်သူတွေကို စွပ်စွဲနေချိန်မှာ အမတ်လောင်းက အခုလို မှတ်ချက်မျိုးပေးထားတာဆိုတော့ အုပ်စုလိုက်ကြီးက အဲဒီလို စိတ်ရှိနေတာလားလို့ မေးခွန်းထုတ်ရမယ်။ နာမည်ကတော့ ပြည်သူ့ပါတီဆိုပြီး ပြည်သူကို မလေးစားတဲ့အပြင် မီဒီယာတွေအောက် လိုက်ပြီး အဆင့်အတန်းမရှိ ပြောနေတာက ယုံစရာကို တကွက်မှ မရှိတော့တာပါ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။

    ပြည်သူ့ပါတီ အမတ်လောင်းဖြစ်သူ ဦးစိုင်းသန်းထိုက်သည် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်၌ လူထု ပါဝင်ကြောင်း ဓာတ်ပုံ သက်သေများ ရှိသော်လည်း မယုံကြည် ဖြစ်ကာ သပိတ်မအောင်မြင်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဝေဖန်ဖူးသည်ဖြစ်သည်။

    စာတည်း-ကိုဆန်း

    ဓာတ်ပုံ-လူမှုကွန်ရက်

  • သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ

    ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ထားသည်။

    ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူး ည ၇ နာရီ ၂၈ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ယမန်နေ့ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ကလည်း သံတွဲမြို့ နယ်၊ ရပ်ရှည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက် ခိုက်ခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း အရပ်သားပြည်သူများ ဆေးကုသရာနေရာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူနာ စုစုပေါင်း ၃၃ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။

    ဆက်စပ်သတင်း

    ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု

  • စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်”

    စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်”

    ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်”

    ဧရာဝတီတိုင်းအတွင်း ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများဘက်မှ တော်လှန်စစ်များကို တိုးချဲ့၍ ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပါသည်။

    တစ်စထက်တစ်စ နယ်မြေများဆုံးရှုံးလာရသော အကြမ်းဖက် စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူနှင့် နေအိမ်အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများအား‌ ပြောင်ပြောင်တင်းတင်းကျူးလွန်လျက် ရှိသည်ကို ယခင်ကြေညာချက်များတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

    အကြမ်းဖက်စစ်အုပ်စုမှ နေ့စဥ်ရက်ဆက် ဆိုသလို ဆက်လက်၍ အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများကို ပူးတွဲပါစာရင်းဇယားများ အတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

    နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးထားရပြီး စစ်ရေးအရရှုံးနိမ့်နေသော အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင်ဟန်ပြရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး‌ဆွေးနွေးပွဲများအား ပြုလုပ်နေသော်လည်း တစ်ဖက် တွင်သူရဲဘောဆန်စွာ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ နေ့စဥ်နှင့်အမျှ ဆက်တိုက် ပြုလုပ်လာနေသည်ကိုတွေ့ရသည်။

    ကျွန်ုပ်တို့အနေဖြင့် အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ခဲ့ရသော ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ခံစားဝမ်းနည်းရပါသည်။

    ပြည်သူလူထုများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန်နှင့် တော်လှန်ရေးလောကဓံ အခက်အခဲများကို စုစည်းညီညွတ်စွာဖြင့်ဖြတ်ကျော်ပြီး ပြည်သူတစ်ရပ်လုံးလိုလားသော တော်လှန်ရေး ပန်းတိုင်ရောက်ရှိသည်အထိ ချီတက်ကြပါရန် တိုက်တွန်းပါသည်။

    အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို တာဝန်ခံရမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုအား အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

    AYAPDF

    အမှတ် ၂၉ ဗျူဟာ

  • မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်

    မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်

    မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်

    မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။

    ဒေသခံတွေကြောက်ရွံ့ထိတ်လန့်ခဲ့တဲ့ ဒီဖြစ်ရပ်က ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်ညက ဖြစ်ပွားခဲ့တာပါ။

    အသက် ၄၀ခန့်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ် ည ၈နာရီခန့်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က အပြန် အမျိုးသားခြောက်ဦးက တားဆီးရိုက်နှက်ပြီး ၂၁နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကို လမ်းမှာထားခဲ့ပြီး လမ်းသွားလမ်းလာကားတစ်စီးကိုလည်း သေနတ်နဲ့ပစ်တားဆီးခဲ့ပါတယ်။ ပြီးတော့ ကားမောင်းလာတဲ့ ကိုဇော်မိုးအောင်ကို ကားနဲဲ့ဖမ်းခေါ်သွားတာပါ။

    ဒီနေ့ ဒီဇင်ဘာ ၃၁ရက်မှာတော့ ကိုဇော်မိုးအောင် သေဆုံးသွားပြီလို့ မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

    “ကားပြန်မရဘူး။ ရုပ်အလောင်းပြန်တွေ့တာ။ လုံးဝကို လက်မခံနိုင်စရာပဲ”လို့ ကိုဇော်မိုးအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

    ကိုဇော်မိုးအောင်ဟာ မြစ်ကြီးနားမြို့၊ တပ်ကုန်းတောင်ရပ်ကွက်မှာ နေထိုင်ပြီး ကလေးသုံးဦးရဲ့ဖခင်ဖြစ်ပါတယ်။ ကိုဇော်မိုးအောင်ရဲ့နာရေးကို မြစ်ကြီးနားမြို့က ရာဒါကောင်းသုဿာန်မှာ မနက်ဖြန်ပြုလုပ်မယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။

    စစ်ကောင်စီက သူတို့ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအကြောင်းပြပြီး မြစ်ကြီးနား မြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ထားချိန်မှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုနဲ့ ကားလုယက်လူသတ်မှု ဖြစ်ပွားခဲ့တာပါ။

    မြို့ခံတွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိနေတဲ့သူတွေကတော့ စစ်တပ်ကလို့ ကျန်တဲ့သူတွေ ကျူးလွန်နေတဲ့ပုံစံ ပြောဆိုနေတာတွေ့ရပါတယ်။

    (သတ်ဖြတ်ခံရသူ ကိုဇော်မိုးအောင်ရဲ့ နာရေးဖိတ်စာကို တွေ့ရစဥ်)

  • အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု

    အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု

    ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်

    ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။

    ယင်းလူသတ်မှုတွင် ​ကျူးလွန်သူနှစ်ဦးကို ​ယ​နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့​ကြောင်း အဆိုပါ

    ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။

    လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရ​ကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက ​သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်”ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။

    အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က မြန်မာပလာဇာကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ​​သေဆုံးသူ ​ဒေါ်စမ်းစမ်း​အေးအား အမျိုးသားနှစ်ဦးက ကားပါကင်တွင် ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

    ထိုစဉ်က ရဲတပ်ဖွဲ့၏ ကနဦးစစ်​ဆေး​ချက်အရ လူသတ်မှူကျူးလွန်သူများသည် ​ဒေါ်စမ်းစမ်း​အေးအား ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ​ငွေ​ကြေးလိုအပ်ချက်အရ လူသတ်မှုကျုးလွန်ခဲ့ခြင်း​ကြောင်း သိရသည်။

    ထို့ပြင် ​ဒေါ်စမ်းစမ်း​အေးအသတ်ခံရမှုတွင် ၎င်းနှင့်အတူ အမျိုးသားတစ်ဦးသည်လည်း လူသတ်မှုကျူးလွန်သူများ၏ ကားပါကင်တွင် ဓါးဖြင့်တိုက်ခိုက်ခြင်းကိုခံရပြီး ဓါးဒဏ်ရာများရရှိခဲ့သဖြင့် ယင်းအမှုအား ဗဟန်းမြို့မရဲစခန်းတွင် (ပ) ၁၉၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်​ဆေးခဲ့ခြင်းဖြစ်သည်။