Category: News

  • မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ‘ဧရာဝတီမ’ ဟု လူသိများသည့် မြန်မာအွန်လိုင်းဆယ်လီ LGBT တစ်ဦး အဓမ္မပြုကျင့် လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

    မဲဆောက်မြို့၊ မယ်တောင်နယ်မြေ၊ TK ကြီးရပ်ကွက်ရှိ ယာခင်းတစ်ခုအတွင်း သတ်ဖြတ်စွန့်ပစ်ထားသည့် ၎င်း၏ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ‘ဧရာဝတီမ’ သည် ဇန်နဝါရီ ၁၉ ရက် ည ၁၂ နာရီကျော်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်တွင် လူပျောက်ကြောင်း အကူအညီတောင်းခံထားသူ ဖြစ်သည်။

    ရုပ်အလောင်းကို တွေ့ရှိချက်အရ အဓမ္မ ပြုကျင့်ပြီး ဝါးရင်းတုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကာ ၎င်းနှင့်အတူပါသွားသည့် iPhone 17 Pro Max နှစ်လုံး၊ ရွှေဆွဲကြိုး၊ ဟန်းချိန်းနှင့် ရွှေလက်စွပ်များလည်း ပျောက်ဆုံးနေကြောင်း နီးစပ်သူများထံမှ သိရသည်။

    သေဆုံးသူ၏ Facebook မက်စင်ဂျာတွင် အပြန်အလှန် ပေးပို့ထားသည့် စာများအရ ၎င်းနှင့် သိကျွမ်းသူ အမျိုးသားတစ်ဦးက အပြင်သို့ထွက်ရန် ခေါ်ဆောင်သွားပြီးနောက်ပိုင်း ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး လူသတ်တရားခံဟု ယူဆရသည့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာအမျိုးသားတစ်ဦးကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။

    Screenshot

  • ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေ

    ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေ

    နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေသည်ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ထုတ်ပြန်သည်။

    လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံလျက်ရှိသည့် အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Page သို့ လည်းကောင်း၊ ဗဟိုသဘင်အလုပ်အမှုဆောင်များထံသို့လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိ နေသည့် ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့သည် နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေစဉ် ပရိတ်သတ်အတွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး အမြင်မသင့်သော ကလေးသူငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာပြုမူခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ များစွာစိတ်မကောင်း ဖြစ်ရသည်ဟု အစည်းအရုံးက ဖော်ပြထားသည်။

    ထိုကိစ္စရပ်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိပါကြောင်းနှင့် နောက်ဆက်တွဲ အ​ခြေအနေများအား ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ကြေညာသည်။

    သဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဇာတ်အဖွဲ့၏ နာမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိပေ။

    အောင်ဇဗ္ဗူဇာတ်အဖွဲ့မှာ ကလေးငယ်ကို စင်ပေါ်ခေါ်တင်ပြီး မဖွယ်မရာဖျော်ဖြေခဲ့သဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပရိတ်သတ်များက ဝေဖန်နေခြင်းဖြစ်ကြောင်း သိရသည်။

  • Tittok cele ဧရာဝတီမ အသတ်ခံရ

    Tittok cele ဧရာဝတီမ အသတ်ခံရ

    ထိုင်းနိုင်ငံမှာ Tittok cele ဧရာဝတီမ အသတ်ခံရ

    မဲဆောက်မှာနေထိုင်တဲ့ဝေယံတို့အဖွဲ့ထဲက အောင်ချမ်းအေး တပည့် ဖြစ်သူ အွန်လိုင်းဆယ်လီ ဧရာဝတီမ ဖုန်းနဲ့ပစ္စည်းများ လုယက်ခံရပြီး အရိုက်ခံရကာ သေဆုံး

    ဟာ ပြန်လာလိုက်မယ် သူ့သူငယ်ချင်းတွေ စနောက်နေတာဘဲ့ ထင်ထားခဲ့တာပါ ။

    ဧရာဝတီ မရယ် အဖြစ်ဆိုးလိုက်တာ ဟ။

    သူ့သူငယ်ချင်းပြောထားတာကတော့ ကောင်လေးနဲ့ နောက်ဆုံး ဖုန်း စကားပြောပြီး သူ့iphone နှစ်လုံးရယ် ရွှေတွေရော ဝတ်ပြီ ထွက်သွားတယ် လို့ဘဲ့ ပြောထားတယ်။

    ဆိုတော့ သူ့ကောင်လေး နောက် လိုက်သွားတယ် လို့ဘဲ့ ထင်ထားခဲ့တာ။

    ကောင်း ရာမွန်ရာ ရောက်ပါစေ ဧရာဝတီမ 😭😭

    ပုံကို မက်မှာ ဝင်ကြည့် ပါ👇👇👇👇

    LGBT တစ်ယောက် အခုလို အဖြစ်ဆိုးနဲ့ ဆုံးသွားတာတော့ စိတ်မကောင်းဘူး

    ပစ္စည်းတွေယူရုံတင်မက လူကိုပါ သတ်သွားတာမို့

    စိတ်ဆန္ဒနောက် အသိဉာဏ်တွေနဲ့ ဆင်ခြင်ထိန်းကြစေချင်တယ်

    ဒီကောင်လေး ညကလာခေါ်သွားပါတယ်

    ဧရာဝတီမအဆက်အသွယ်မရဖြစ်နေပါတယ်

    သိလျင်ဆက်သွယ်လာပေးပါ

    Screenshot

  • စည်သူပလပ်ကျွတ်က ပန်းရောင်ကတ်လုပ်ပေးမည်ဟုဆိုကာ ဘတ်ငွေသန်းချီလိမ်လည်

    စည်သူပလပ်ကျွတ်က ပန်းရောင်ကတ်လုပ်ပေးမည်ဟုဆိုကာ ဘတ်ငွေသန်းချီလိမ်လည်

    အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်းရောင်ကတ်လုပ်ပေးမည်ဟုဆိုကာ မြန်မာလုပ်သားများ ထံမှ ဘတ်ငွေသန်းချီလိမ်လည်

    ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်ကတ်) ပြုလုပ်ပေးမည်ဟုဆိုကာ အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ဘတ်ငွေသန်းနှင့်ချီ လိမ်လည်ပြီး အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

    စည်သူပလပ်ကျွတ်သည် ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ မြန်မာအလုပ်သမား ထောင်နှင့်ချီထံမှ ပန်းရောင်ကတ်ပြုလုပ်ရန် ကြိုတင်ငွေများ ကောက်ခံထားခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းမှတစ်ဆင့် အထောက်အထားပြုလုပ်သူများနှင့် အဆက်အသွယ်ပြတ်တောက်နေခြင်း ဖြစ်သည်။

    “ဒီလူက အလုပ်သမားအရေးလည်း နားမလည်၊ အထောက်အထားလုပ်တဲ့ လုပ်ငန်းစဉ်လည်း နားမလည် ဘဲ နာမည်ကြီးတာကို အခွင့်အရေးယူပြီး ပွဲစားထလုပ်တာ။ ဆယ်လီတွေ ဆယ့်တစ်လီတွေ ဂရုစိုက် ကြနော်လို့ ကိုရဲမင်းသွယ်ဝိုက်သတိပေးဖူးတယ်။ ဆယ်လီတွေလိမ်တာ အကြိမ်ကြိမ်ရှိနေပြီ။ သတိထား ကြပါလို့ပဲ သတိထပ်ပေးချင်တယ်” ဟု အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ AAC ကိုရဲမင်းက ပြောသည်။

    လိမ်လည်ခံရသူအများစုမှာ ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ပြီး လက်ရှိတွင် လက်ဗွေနှိပ်ခြင်းနှင့် သွေးစစ်ခြင်းများ ပြုလုပ်ရမည့် အရေးကြီးအချိန်သို့ ရောက်ရှိနေသော်လည်း အဆက်အသွယ် မရတော့ သဖြင့် ငွေကြေးဆုံးရှုံးရုံသာမက တရားဝင်အထောက်အထား စာရွက်စာတမ်းများ မရရှိနိုင်သည့် အခြေအနေနှင့်ပါ ရင်ဆိုင်နေရကြောင်း သိရသည်။

    ” အဆက်အသွယ်လုပ်လို့မရတော့ဘူးဆိုတော့ ပိုက်ဆံတွေသွင်းရတဲ့အချိန် လက်ဗွေတွေနှိပ်ရတဲ့အချိန် သွေးစစ်ရတော့မယ့်အချိန် အရေးကြီးတဲ့အချိန်ကြမှ လိမ်သွားတာပဲ” ဟု ကိုရဲမင်းက ဆက် လက်ပြောသည်။

    စည်သူပလပ်ကျွတ်ကမူ အလုပ်သမားများ၏ ငွေကြေးများကို ၎င်း၏ ကုမ္ပဏီပိုင်ရှင်ဆိုသူက ယူထားကြောင်းနှင့် ၎င်းအနေဖြင့် ဘတ်ငွေ တစ်သိန်းကျော်ကိုသာ လောင်းကစားအတွက် အလွဲ သုံးစား ပြုမိခြင်းဖြစ်ကြောင်း TikTok မှတစ်ဆင့် ပြန်လည် ပြောဆိုထားသည်။

    ဆယ်လီဆိုတာနဲ့ ယုံလိုက်တဲ့သူတွေ ခုတော့ ဒုက္ခတွေရောက်ပြီ

    ဒီကောင်မူမမှန်လို့ သွယ်ဝိုက်သတိပေးဖူးတယ်

    ဂရုမစိုက်ခဲ့ကြဘူး ….

    ထိုင်းမှာ အလုပ်လုပ်နိုင်ဖို့၊ နေထိုင်နိုင်ဖို့ဆိုပြီး ထိုင်းရောက် မြန်မာများစွာက ဆယ်လီအနုပညာရှင် ဆိုပြီး TikTok ပေါ် ကနေ အဆွယ်ကောင်းတဲ့ “စည်သူပလပ်ကျွတ်” ဆိုသူဆီကို ဘတ်တင်ငွေတွေ သိန်းနဲ့ချီစုပေါင်းအပ်နှံခဲ့ကြပါတယ်။

    အဲ့ဒီငွေတွေက လွယ်လွယ်ရထားတာ မဟုတ်ပါဘူး…

    သူများဆီက ချေးပြီး၊ အလုပ်ကြမ်းလုပ်ပြီး၊ မရှိရှိတာ ပေါင်နှံရောင်းချပြီး စုထားရတဲ့ အသက် မွေးဝမ်းကျောင်းလုပ်ရင်း ချွေးနဲစာ ငွေစလေးတွေဖြစ်ပါတယ်။

    ဒါပေမယ့် အခုအချိန်ထိ သွေးစစ်ဆေးမှုလည်း မရှိသေး၊

    လက်ဗွေမှတ်တမ်းလည်း မလုပ်ပေးသေးပဲ

    “အနုပညာသမား မလိမ်ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ငွေတွေလိမ်ယူပြီး သူကိုယ်တိုင် ပျောက်ကွယ်သွားခဲ့ပါတယ်။

    ငွေကလည်း ပြန်မရ၊

    အလုပ်လည်း မစတင်နိုင်၊

    စာရွက်စာတမ်းလည်း မရသေးတဲ့ အခြေအနေမှာ ဒီကောင်နဲ့ ဘတ်တင်ထားတဲ့ မြန်မာလုပ်သားတွေ ဒုက္ခတွင်းထဲ ကျန်ခဲ့ရပါတယ်။

    မြန်မာလုပ်သားတွေရဲ့ ခက်ခဲမှုကို စာနာရင် အများချွေးနဲစာငွေတွေယူထားသူ အနေနဲ့ အမြန်ဆုံး ထွက်ပေါ်လာပြီး ပြန်လည်ဖြေရှင်းပေးစေချင်ပါတယ်။

    ဒီကောင် အပျောက်ရိုက်သွားပြီလား

    ဒါမှ မဟုတ် ဇာတ်လမ်းတွေ ဆင် ဒရမ်မာတစ်သိန်းနဲ့ ပြန်ပေါ်လာမလား ….

    စောင့်ကြည့်ရမယ်…..

    သေချာတာကတော့ ဒီအခြေအနေအတိုင်းဆိုရင် ပလပ်ကျွတ်နဲ့ ဘတ်တင်ထားတဲ့ လူသစ်ဘတ်သမားတွေ ငွေလည်း ဆုံးရှုံး ပန်းရောင်ကဒ်ရဖို့လည်း မရေရာမသေချာတော့ပါဘူး။

    အဲ့တော့ စည်သူပလပ်ကျွတ်နဲ့ ဘတ်တင်ထားသူတွေ အရင်ဆုံးလုပ်ရမှာက ဒီကောင် ဘယ်ကုမ္ပဏီမှာ စာရင်းသွင်းထားလဲ

    ကိုယ့်ရဲ့ရထားတဲ့ ဘော်သော် ၅၀ စာရွက်ထဲမှာ ပြန်ကြည့်ပါ

    အဲ့ဒီမှာ သူလူပို့ထားတဲ့ ကုမ္ပဏီနာမည် ဘော်ဒီစပ်နာမည်တွေပါတယ် ….

    သူသွင်းထားတဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး အားလုံးလိုက်သွားကြပါ

    ဒါမှသာ ပန်းရောင်ဘတ်နဲ့ ဝေါ့ပါမစ်ရဖို့ လုပ်ငန်းစဉ် ဆက်လုပ်လို့ရမှာပါ …..

    ဒီကောင်ထံမှာ ဘတ်စာရင်းသွင်းထား ငွေတွေပေးထားရသူတွေ ဒီပို့စ်အောက်မှာ လာမန့်ပေးပါ လာရေးပါ

    အလိမ်ခံရသူတွေ အားလုံးစုပေါင်းပြီး group ချက် တစ်ခုဖွဲ့ပါ

    လိုအပ်သော အကူအညီအကြံညဏ် ကိုရဲမင်း နဲ့အတူ MHAC မဟာမိတ်အဖွဲ့သားတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားပါမည်။

    အေအေစီရဲမင်း

    MHAC မဟာမိတ်အဖွဲ့ ဦးဆောင်စီစဉ်သူ၊

    ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ။

  • ဂရင်းလန်းဒေသသို့ လေယာဉ်များ အမေရိကန်စစ်တပ် စေလွှတ်

    ဂရင်းလန်းဒေသသို့ လေယာဉ်များ အမေရိကန်စစ်တပ် စေလွှတ်

    ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းဒေသရှိ Pituffik အာကာသ အခြေစိုက်စခန်းသို့ အမေရိကန်စစ်တပ်က လေယာဉ်များ စေလွှတ်လိုက်ကြောင်း အမေရိကန်နှင့် ကနေဒါ ပူးတွဲကာကွယ်ရေးအဖွဲ့အစည်းဖြစ်သည့်“မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးဌာနချုပ် (NORAD)” က ထုတ်ပြန်ထားသည်။

    “မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးဌာနချုပ်ရဲ့ လေယာဉ်တွေဟာ ဂရင်းလန်းမှာရှိတဲ့ Pituffik အာကာသအခြေစိုက်စခန်းကို မကြာမီဆိုက်ရောက်မှာဖြစ်ပါတယ်” ဟု NORAD ၏ X လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

    ယခုကဲ့သို့ စစ်အင်အားဖြည့်တင်းမှုသည် အမေရိကန်၊ ကနေဒါနှင့် ဒိန်းမတ်နိုင်ငံတို့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုအခြေခံသည့် လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း NORAD က ဆိုသည်။

    အဆိုပါ စစ်လေယာဉ်များစေလွှတ်မှုကို ဒိန်းမတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအားလုံး သည် သင့်လျော်သော သံတမန်ရေးရာ ခွင့်ပြုချက်များဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း NORAD က ဆိုသည်။

    ယခင်က Thule လေတပ်အခြေစိုက်စခန်းဟု လူသိများသော Pituffik အာကာသ အခြေစိုက်စခန်းသည် ဂရင်းလန်းကျွန်းအနောက်မြောက်ဘက်တွင် တည်ရှိပြီး၊ အမေရိကန်စစ်တပ်၏ တပ်စခန်းနှင့် ဆက်သွယ်ရေးဗဟိုဌာနအဖြစ် အသုံးပြုသည့်အပြင် ဒုံးကျည်သတိပေးစနစ်ကိုလည်း တပ်ဆင်ထားသည်။

    (NORAD ဌာနချုပ်၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဂရီဂိုရီ ဂီးယိုးနှင့် NORAD တပ်ဖွဲ့ဝင်အချို့ကို ဇန်နဝါရီလ ၁၇ ရက်က အရီဇိုးနားပြည်နယ်၊ တူးဆန်မြို့ လေကြောင်းတိုက်ခိုက်ရေး တပ်မတွင် တွေ့ရစဉ်။ ဓာတ်ပုံ− NORAD)