Category: News

  • သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်၊ ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ

    ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေကပြောပါတယ်။

    မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး ခြိမ်းခြောက်ရိုက်နှိက်ကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီကျောင်းသူမိန်းကလေးရဲ့ အရှက်ကို ငှဲ့တဲ့အနေနဲ့ မိဘဖြစ်သူတွေက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးကို ပြောဆိုခဲ့ပေမယ့် ဘယ်သူမှဂရုစိုက်ဘူးလို့ဆိုပြီး မောက်မောက်မာမာပြန်လည်ပြော ဆိုခဲ့၍ ညှိနှိုင်းလို့မရခဲ့ဘူးလို့ အဲဒီဖြစ်ရပ်ကို သိထားတဲ့ တောင်ကြီးဒေသခံတစ်ဦးကပြောသည်။

    အဲဒီလိုညှိနှိုင်း၍ မရတာကြောင့် အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်း ပိုင်ရှင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိ သားဖြစ်သူဇာနည်သွေးကို မနေ့ကပဲတောင်ကြီးရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး နောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    လတ်တလော တာဝန်ရှိသူတွေက အဆိုပါ အောင်မြေသစ် ပုဂ္ဂလိက ကျောင်းကို ပိတ်ထားခိုင်းတယ်လို့ ဒေသပြည်သူတွေဆီကနေ သိရပါတယ်။

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    ​တောင်ကြီးမြို့၊ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ စက်ဆုပ်ဖွယ်ရာ အဓမ္မမှုမှာ ကျူးလွန်သူရဲ့မိခင် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်က နစ်နာသူကျောင်းသူလေးကို “ဘာဖြစ်ချင်လဲ အကုန်လုပ်ပေးမယ်၊ ဒီကိစ္စကိုသာ နှုတ်ပိတ်ပေးထားပါ” ဆိုပြီး ရုံးခန်းထဲခေါ်ကာ အမှုကိုဖုံးဖိဖို့ ကြိုးစားခဲ့ပါတယ်။

    ​သားဖြစ်သူရဲ့ ယုတ်မာမှုကို အရေးယူဖို့ထက် ကျောင်းနာမည်ပျက်မှာစိုးပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ရဲ့ လုပ်ရပ်က မိဘပြည်သူတွေကို ပိုမိုဒေါသထွက်စေခဲ့ပါတယ်။

    ကျောင်းသူလေးရဲ့ ဉာဏ်ကောင်းမှုကြောင့်သာ အပြင်ကို သတင်းပေါက်ကြားပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

    ​သားဖြစ်သူရဲ့ အပြစ်ကို ဖုံးကွယ်ပေးတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ကျင့်တရား။

    ​ပညာသင်ကြားရာကျောင်းမှာ အကာအကွယ်မပေးဘဲ ခြိမ်းခြောက်နှုတ်ပိတ်ခဲ့တဲ့ ကျောင်းအုပ်။

    ​ယုံကြည်ပြီး အပ်နှံထားတဲ့ မိဘတွေရဲ့ စိုးရိမ်ထိတ်လန့်မှု။

    ​ဒီလိုကျောင်းအုပ်မျိုး၊ ဒီလိုပတ်ဝန်းကျင်မျိုးမှာ သင့်ကလေးတွေ လုံခြုံရဲ့လား?

  • ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ကောင်းမွန်စွာနေထိုင်တဲ့ ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ … 😒

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက် မနက် ၄ နာရီလောက်က ဆိုင်ကယ်ခိုးယူတဲ့ မြန်မာရွှေ့ပြောင်းသူ ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

    မဲဆောက်မြို့က နေအိမ်တန်းလျား၊ ကျောင်းသားတွေ စုနေတဲ့ အိမ်ခန်း၊ ဆိုင်ခန်း၊ ဈေးဆိုင်နဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲမှာ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ဆိုင်ကယ် ပျောက်ဆုံးသူတယောက်က ပြောပါတယ်။

    ခိုးယူသူတွေဟာ ဆိုင်ကယ်တစီးလုံးသာမက တစစီ ခိုးယူဖြုတ်ရောင်းချတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးမိတဲ့ မြန်မာရွှေ့ပြောင်း ၂ ယောက်ကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ သိရပါတယ်။

  • တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ

    တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ

    တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်

    အနှိပ်လာခံသည့် တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့၊ 68Spa အနှိပ်ခန်းမှ မိန်းကလေးတစ်ဦးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့ကြောင်း နစ်နာသူနှင့် နီးစပ်သူများထံမှ သိရသည်။

    မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ယင်းအနှိပ်ခန်းသို့ ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးသည် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ၅ ဦီးဖြင့် လာရောက်ခဲ့ပြီး အနှိပ်ခံခဲ့ကြောင်း သိရသည်။

    ထို့နောက် ည ၁၀နာရီခွဲ တွင် တရုတ်နိုင်ငံသား တစ်ဦးက နှိပ်နင်းပေးနေသည့် မိန်းကလေးအား ၎င်းနှင့် ကာမဆက်ဆံရန် တောင်းဆိုခဲ့ရာ အသက် ၁၈ နှစ်အရွယ် ပလောင်မိန်းကလေးက ငြင်းဆန်သဖြင့် မန်နေဂျာက ရိုက်နှက်၊ ဆဲဆိုပြီး လက်ခံရန် ခိုင်းစေခဲ့သည်ဟု ဆိုသည်။

    ထိုသို့ အရိုက်ခံရသော်လည်း တရုတ်နှင့် မအိပ်နိုင်ကြောင်း ငြင်းဆန်သည့်အတွက် မန်နေဂျာက အခန်းပိတ်ပြီး ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မေးမြန်းလာလျှင် ငြင်းဆိုရန်နှင့် ဖွင့်ဟပြောကြားလျှင် သတ်ပစ်မည်ဟု ဆိုင်ရှိ ဝန်ထမ်းများအား မန်နေဂျာနှင့် ပိုင်ရှင်က ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။

    “ဦးလေး သမီးရဲ့မမကို ဂျာကြီးက အခန်းပိတ်ပြီး ရိုက်နေတာ။ ရဲစခန်းကို ပြောပေးဦး။ မမကို တရုတ်နဲ့ နေခိုင်းတာ။ မမ ပြောတာက ကျမတို့က( – ာ သည်)တွေမှ မဟုတ်တာ မနေနိုင်ဘူးပြောလို့ ရိုက်တာ။ ပြည်သူ့စစ်က ၅ ယောက် ခါတိုင်းလာနေကျ မြို့မအဖွဲ့ကပဲ။ တရုတ်က ဦးလေးတို့အရွယ်၂ ယောက်”ဟု ရိုက်နှက်ခံရသည့် မိန်းကလေး၏ ညီမဖြစ်သူက ရင်းနှီးသူတစ်ဦးအား မက်ဆင်ဂျာမှ စာပို့ အကူအညီ တောင်းသဖြင့် ယင်းဖြစ်စဉ်ကို သိခဲ့ရခြင်း ဖြစ်သည်။

    ယင်းစာ ရရှိသည်နှင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာ အခင်းဖြစ်ပွားရာသို့ သွားကြည့်ပေးမည်ဟု တာဝန်မှူးက ပြောကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    သို့သော် ည ၁၂ နာရီအချိန်တွင် “ဦးလေး ရဲစခန်းကို ပြောပေးပါဦး။ မမ အရမ်းအော်နေတယ်။ ထပ်လည်း ရိုက်နေကြတယ်”ဟု ထပ်မံ စာပို့လာသည့်အတွက် ရဲစခန်း တာဝန်မှူးထံသို့ ၅ ကြိမ် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းမကိုင်တော့ကြောင်း သိရသည်။

    “ကျနော်နဲ့သိတဲ့ ကလေးမလေးတွေပါ။ အသက်လည်း ငယ်သေးတယ်။ သူတို့ မလုပ်ချင်တာကို အတင်းအဓမ္မ လုပ်ခိုင်းလို့ ကျနော့ဆီ စာပို့ပြီး အကူညီ တောင်းခဲ့ကြတာပါ။ ရဲတွေက ငွေမရလို့ ဘာမှ မလုပ်ပေးဘူး။ ငွေရမယ်ဆိုရင် ရဲစခန်းတစ်ခုလုံး သွားကြမှာ။ အဲညမှာ အရိုက်ခံရလို့ သေသွားမှာကိုလည်း သူတို့က မစိုးရိမ်ကြဘူး။ သူတို့က ငွေရတဲ့ ကျားဖြန့်အနှိပ်ခန်းနဲ့ ဘိတွေအတွက်ပဲ အလုပ်လုပ်ပေးကြတာ။ ဝန်ကြီး၊ ရဲချုပ်နဲ့ ပြည်နယ်မှူးတို့ကို မူဆယ် ရဲအရာရှိတွေက လစဥ်ကြေး ပေးကျွေးနေလို့ မူဆယ်ကရဲတွေ အလုပ်မလုပ်တာကို မသိဟန်ဆောင်နေကြတာ”ဟု မိန်းကလေး၏ အကူညီတောင်းခံရသူက မဲခေါင်သတင်းဌာနကို ပြောသည်။

    ထို့နောက် ယင်းအနှိပ်ခန်းတွင်ပင် ရှိနေသည့် ရိုက်နှက်ခံရသူ၏ ညီမဖြစ်သူက ၎င်းအား ဖမ်းဆီး နှိပ်စက်မည်ကို စိုးရိမ်၍ နံနက် ၅ နာရီတွင် ထွက်ပြေးသွားပြီး စာပို့နေသည့် အသိဆိုသူထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    လက်ရှိအချိန်ထိ အနှိပ်စက်ခံရသည့် မိန်းကလေးနှင့် ပတ်သက်၍မူ တစ်စုံတရာမှ စုံစမ်း၍ မရသေးပေ။

    ထို့ပြင် ယနေ့ထိ ရဲစခန်းမှ သွားရောက်မေးမြန်း စုံစမ်းခြင်း အကူညီပေးခြင်း ဖမ်းဆီး အမှုဖွင့်ခြင်း စသည့် အရေးယူ ဆောင်ရွက်ခြင်းလည်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

    ထို့နောက် ယမန်နေ့ နံနက် ၇ နာရီစ၍ မြို့ပေါ်၉ ရပ်ကွက်ရှိ ကာရာအိုကေ၊ အနှိပ်ခန်း၊ ပြည်တန်ဆာခန်း၊ လောင်းကစားရုံနှင့် မူယစ်ဆေး လက်လီလက်ကား အရောင်းဆိုင် အားလုံးကို ခေတ္တပိတ်ထားရန် စခန်းမှူး ဒုရဲမှူး နေယုဆန်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲနောင်နှင့် မြို့နယ်မှူးတို့က အမိန့်ပေးထားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရသည်။

  • AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေပြီး တပ်သားသစ်များဖြင့် အစားထိုးနေရ

    အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။

    ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။



    “ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ မလောက်မငဖြစ်နေတာပေါ့။ စစ်မှုထမ်းဥပဒေနဲ့ လူသစ်တပ်သား တွေနဲ့ပဲ အသက်ဆက်နေရတာ မျက်မြင်ပဲ။ ကျောက်ဖြူဘက်ဆိုရင်လည်း ရေကြောင်းရော လေကြောင်း နဲ့ပါ အင်အားပို့နေရတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    လေးမျက်နှာနှင့် သာပေါင်းတိုက်ပွဲများမှ ဒဏ်ရာအပြင်းအထန်ရသည့် စစ်ကော်မရှင်တပ်သားများကို ပုသိမ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၄) သို့ ပြန်လည်ခေါ်ယူလာနေရပြီး ဒဏ်ရာရအရာရှိများကိုမူ ရန်ကုန်သို့ ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။

    ပဲခူးနှင့် ရခိုင်အစပ်ရှိ ညောင်ကျိုးဒေသတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းဖြစ်သော ပွိုင့်-၆၆၆ တွင် စစ်ကော် မရှင်တပ်ဖွဲ့များ ပိတ်မိနေသဖြင့် သောက်ရေမှအစ ဒရုန်းဖြင့် ပို့ဆောင်နေရသည်။ အဆိုပါစခန်းသို့ ရိက္ခာနှင့် ခဲယမ်းပို့သည့် စစ်ကြောင်းများမှာလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ကစဉ့် ကလျား ထွက်ပြေးနေရကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ညောင်ကျိုးနှင့် လေသာတောင်တစ်ဝိုက် စိုးမိုးမှုရရန် ရန်ကုန်မှ ထုတ်နုတ်တပ်များကို အင်အားအလုံးအရင်းဖြင့် ဥသျှစ်ပင်မှတစ်ဆင့် စစ်ယာဉ်တန်းများဖြင့် ထပ်မံဖြည့်တင်းနေရသည်။

    မကွေးအစပ် ပန်းဒါန်းတပ်နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းတွင် တပ်မ (၉၉) မှ အင်အား ၁,၅၀၀ ခန့် နေရာချထားခဲ့သော်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) နှင့် တပ်အပြောင်းအလဲလုပ်ချိန်တွင် အင်အား ၇၀၀ ခန့်သာ နောက်တန်းပြန်နိုင်ခဲ့သည်။

    ကျန်ရှိသည့် အင်အားများအနက် ၃၀၀ ခန့်မှာ ကာကင်းစခန်းများတွင် ဖြန့်ခွဲထားရပြီး ကျန်အင်အား ၅၀၀ ခန့်မှာ တိုက်ပွဲများအတွင်း သေဆုံးပျောက်ဆုံးကာ အင်အားပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ယနေ့အထိ နတ်ရေကန်စခန်းသို့ နောက်ထပ် အင်အား ၈၀၀ ခန့်နှင့် ရိက္ခာခဲယမ်းများကို အဆက်မပြတ် ထပ်မံဖြည့်တင်းနေရသည်။

    စစ်သင်တန်းရက်တိုဖြင့် စစ်မြေပြင်စေလွှတ်ခံရသည့် ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ်များသည် ရခိုင်အစပ်တိုက်ပွဲများတွင် သေဆုံးမှုနှင့် ထွက်ပြေးမှုများပြားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

  • မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍ အများအပြားဒဏ်ရာရ

    ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်က လူမှောင်ခိုပို့သော Ford Ranger အမျိုးအစား ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့၍ ယာဉ်တိုက်မှုဖြစ်ကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    မဲဆောက်မြို့ မယ်တောင်မီးပွိုင့်အနီးတွင် လူမှောင်ခိုပို့ ကားဟု သံသယရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟန့်တားခဲ့သော်လည်း ကားမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မီးပွိုင့်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်သန်းခြင်းကြောင့် ကားဘီးအား သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည်။

    မဲဆောက်မြို့နေ မြန်မာတစ်ဦးက “မယ်တောင်မီးပွိုင့်အနီးမှာ ဒီနေ့ နေ့လယ်လောက်က ထိုင်းရဲတွေက ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးတယ်လို့ ကြားတယ်။ လူမှောင်ခိုပို့တဲ့ ကားရဲ့ ဘီးကို သေနတ်နဲ့ ပစ်ခတ်တာ။ အဲဒီမှာ ကားတိုက်မှုဖြစ်ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

    လူမှောင်ခိုပို့ ကားမှာ ရှေ့က တိုယိုတာကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

    “ဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အဲနှစ်ဦးမှာ ဒဏ်ရာက တော်တော် ပြင်းတယ်လို့ ပြောတယ်။ ဦးခေါင်းရော၊ ခန္ဓာကိုယ်ရော သွေးတွေ အများကြီးထွက်နေတယ်။ တိုယိုတာ ကားက လူတွေလည်း ဒဏ်ရာရတယ်။ မှောင်ခိုပို့တဲ့ ကားတွင်းက လူတွေလည်း ဒဏ်ရာတယ်။ အခု ဆေးရုံပို့ထားတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသားတစ်ဦးသည် အထောက်အထားမဲ့ဟု ယူဆရသူ တရုတ်လူမျိုး ၄ ဦးကို တင်ဆောင်လာကြောင်းလည်း သိရသည်။

    ယာဉ်မောင်း ထိုင်းနိုင်ငံသားနှင့် အထောက်အထားမဲ့ တရုတ်လူမျိုး ၄ ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

    မဲဆောက်မြို့တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးနေပြီး ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသော မြန်မာဈေးသည်များကိုလည်း ဖမ်းဆီးနေသည်ဟု သိရသည်။