တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်၊ ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ

ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေကပြောပါတယ်။
မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး ခြိမ်းခြောက်ရိုက်နှိက်ကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကျောင်းသူမိန်းကလေးရဲ့ အရှက်ကို ငှဲ့တဲ့အနေနဲ့ မိဘဖြစ်သူတွေက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးကို ပြောဆိုခဲ့ပေမယ့် ဘယ်သူမှဂရုစိုက်ဘူးလို့ဆိုပြီး မောက်မောက်မာမာပြန်လည်ပြော ဆိုခဲ့၍ ညှိနှိုင်းလို့မရခဲ့ဘူးလို့ အဲဒီဖြစ်ရပ်ကို သိထားတဲ့ တောင်ကြီးဒေသခံတစ်ဦးကပြောသည်။
အဲဒီလိုညှိနှိုင်း၍ မရတာကြောင့် အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်း ပိုင်ရှင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိ သားဖြစ်သူဇာနည်သွေးကို မနေ့ကပဲတောင်ကြီးရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး နောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လတ်တလော တာဝန်ရှိသူတွေက အဆိုပါ အောင်မြေသစ် ပုဂ္ဂလိက ကျောင်းကို ပိတ်ထားခိုင်းတယ်လို့ ဒေသပြည်သူတွေဆီကနေ သိရပါတယ်။
သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး
တောင်ကြီးမြို့၊ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ စက်ဆုပ်ဖွယ်ရာ အဓမ္မမှုမှာ ကျူးလွန်သူရဲ့မိခင် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်က နစ်နာသူကျောင်းသူလေးကို “ဘာဖြစ်ချင်လဲ အကုန်လုပ်ပေးမယ်၊ ဒီကိစ္စကိုသာ နှုတ်ပိတ်ပေးထားပါ” ဆိုပြီး ရုံးခန်းထဲခေါ်ကာ အမှုကိုဖုံးဖိဖို့ ကြိုးစားခဲ့ပါတယ်။

သားဖြစ်သူရဲ့ ယုတ်မာမှုကို အရေးယူဖို့ထက် ကျောင်းနာမည်ပျက်မှာစိုးပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ရဲ့ လုပ်ရပ်က မိဘပြည်သူတွေကို ပိုမိုဒေါသထွက်စေခဲ့ပါတယ်။
ကျောင်းသူလေးရဲ့ ဉာဏ်ကောင်းမှုကြောင့်သာ အပြင်ကို သတင်းပေါက်ကြားပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
သားဖြစ်သူရဲ့ အပြစ်ကို ဖုံးကွယ်ပေးတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ကျင့်တရား။

ပညာသင်ကြားရာကျောင်းမှာ အကာအကွယ်မပေးဘဲ ခြိမ်းခြောက်နှုတ်ပိတ်ခဲ့တဲ့ ကျောင်းအုပ်။
ယုံကြည်ပြီး အပ်နှံထားတဲ့ မိဘတွေရဲ့ စိုးရိမ်ထိတ်လန့်မှု။
ဒီလိုကျောင်းအုပ်မျိုး၊ ဒီလိုပတ်ဝန်းကျင်မျိုးမှာ သင့်ကလေးတွေ လုံခြုံရဲ့လား?

Leave a Reply