ကောင်းမွန်စွာနေထိုင်တဲ့ ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ … 😒

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက် မနက် ၄ နာရီလောက်က ဆိုင်ကယ်ခိုးယူတဲ့ မြန်မာရွှေ့ပြောင်းသူ ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မဲဆောက်မြို့က နေအိမ်တန်းလျား၊ ကျောင်းသားတွေ စုနေတဲ့ အိမ်ခန်း၊ ဆိုင်ခန်း၊ ဈေးဆိုင်နဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲမှာ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ဆိုင်ကယ် ပျောက်ဆုံးသူတယောက်က ပြောပါတယ်။

ခိုးယူသူတွေဟာ ဆိုင်ကယ်တစီးလုံးသာမက တစစီ ခိုးယူဖြုတ်ရောင်းချတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ မြန်မာရွှေ့ပြောင်း ၂ ယောက်ကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *