Category: News

  • နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း (ခ) လှိုင်ဝင်း ဖြစ်စဥ်

    နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း (ခ) လှိုင်ဝင်း ဖြစ်စဥ်

    ၁၃/၃/၂၀၂၅

    မိဘပြည်သူများ

    တော်လှန်ရေးညီနောင်မဟာမိတ်များနှင့်ကယန်းပြည်သစ်တပ်မတော် သိရှိရန်

    ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန ၏ သဘောထားထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ နေ့လည် (၁) နာရီ တွင် နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို အား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန် နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွား မှ လာရောက်ခေါ်ဆောင်သွားခဲ့ပါသည်။

    ကယန်းပြည်သစ်တပ်မတော်ဘက်သို့ နေပြည်တော်တိုင်းစစ်ဌာနမှ ၄င်းဖြစ်စဉ်အပေါ်တွင် အခြေအနေအကြောင်းအရင်းသိရှိရန် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စာအမှတ် (၀၀၈/၂၀၂၅)နပတ(ဦးစီး) ဖြင့် စာထုတ်၍အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိပါ။ ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံဆွေးနွေးရန်ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိပါ။

    ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မိမိတို့ နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ၏ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ရပါသည်။

    ကျွန်ုပ်တို့အနေဖြင့် ရဲဘော်ကိုစိုင်း၏ ဤဖြစ်စဉ်အပေါ်တွင် ကယန်းပြည်သစ်တပ်မတော် မှ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်း ကျူးလွန်သူများကိုလဲ ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန် အောက်ပါအချက်များ ထုတ်ပြန်လိုက်သည်။

    ၁. ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( ၃ )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်

    ၂. အမိန့်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်

    ၃. တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန်

    ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန နှင့်ဗျူဟာတပ်ရင်း တပ်ဖွဲ့များအားလုံးမှ ဤကဲ့သို့သဘောထားထုတ်ပြန်လိုက်သည်။

    နေပြည်တော်တိုင်းစစ်ဌာန

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်

    NPT PDF အနေဖြင့် မိမိတို့၏ လုပ်ရပ်အားလည်း ချပြစေချင်သည်။ ရဲဘော်ကိုစိုင်းနှင် NPT PDF၏ တပ်ဖွဲ့ဝင်များ ထောင်​သော ဆွဲ​မိုင်းများကြောင့်လည်း ကယန်းပြည်သစ်တပ်ဖွဲ့ဝင်အပါအဝင် ပြည်သူများလည်း ထိခိုက်သေဆုံးမှူများလည်း ရှိခဲ့ဖူးသည်။

    (ဗမာစကားပုံအရ) ခလုတ်ထိမှ အမိတဟုဆိုသည့် အတိုင်း မိမိတို့ထိခိုက်မှ ၏သို့စာထုတ်ပြန်ချင်းသည် မှန်ကန်သော လုပ်ရက်ဖြစ်သည်ဟု မမြင်မိပါ ။

    NPT PDF အနေဖြင့် ကယန်းပြည်သစ်တပ်မတော်ပေါ်၌ ကျူးလွှန်ခဲ့သော လုပ်ရက်များကိုလည်း ချပြစေချင်သည် ။

    ထိုကြောင့် NPT PDF ၏ ထုတ်ပြန်ချက်သည် အလွန်တစ်ဖက်သက် ဆန်လွန်းလှသည် ။

    edit..

    ကျေးရွာနေပြည်သူများတောင်ယာလမ်းနှင့်တောင်ယာ (နနွမ်းခင်း ယခင်တောင်ယာပိုင်ချင်များမိုင်းထိ) နှင့် ရွာခြင်းဆက် လမ်းများအား ရှင်းလင်းရေးဆောင်ရွက်ရာတွင် ဒေသတွင်း (မိုင်းမထောင်ရေး သဘောတူညီမှု နယ်မြေအပိုင်းရှားမှ) ဆွဲမိုင်းကြောင့် ကယန်းပြည်သစ်တပ်မတော် အမှတ် (၆) မြို့နယ် ခွဲ(၁) မှ တပ်စုမှုး (မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ) ဒုဗိုလ် စိုင်းလေး မှာ အလယ်ပိုင်းတိုင်းစစ်ဌာန၏ ကိုစိုင်းတာဝန်ခံ ဆွဲမိုင်းကြောင့် ကျဆုံးခဲ့ရသည်။

    Southern Kayan Region

  • ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု

    ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု

    ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ကယန်းပြည်သစ်တပ်မတော်က ကျူးလွန်သူများအား ဖော်ထုတ် အရေးယူပေးရန် နေပြည်တော်တိုင်းစစ်ဌာန ထုတ်ပြန်

    (more…)

  • အငြင်းပွားဖွယ် သတ်ဖြတ်ခံရမှု ၂ ခု

    အငြင်းပွားဖွယ် သတ်ဖြတ်ခံရမှု ၂ ခု

    ကြို့ပင်ကောက်က အဖွဲ့ GBK PDF ဆိုတာကတော့ သူတို့ ထုတ်ပြန်ချက်ကို ဖျက်သွားပါပြီ။

    (more…)

  • အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး၊ ရဲစခန်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပြာကျ (ရုပ်/သံ)

    (more…)

  • စစ်တပ်အသိုင်းအဝိုင်းများ အလုံးစုံကင်းလွတ်ခွင့်ရ

    စစ်တပ်အသိုင်းအဝိုင်းများ အလုံးစုံကင်းလွတ်ခွင့်ရ

    ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပညာသင်ပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း၍ ပြည်ပထွက်ခွင့်ပိတ်ပင်သော်လည်း မင်းသမီး ပိုးမမှီသာ အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်း၏ သားသမီးဆရာဝန်များကိုမူ ပြည်ပထွက်ခွင့်ပြုထား

    (more…)