📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

—

by

in

အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး၊ ရဲစခန်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပြာကျ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး လက်နက်ကြီးကျည် ထိမှန်၍ ရဲစခန်း တစ်ခုလုံး မီးလောင်ပြာကျခဲ့ကြောင်း သာယာဝတီခရိုင် စစ်ရေး တာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အုတ်ဖိုမြိုနယ်၊ ဝိုင်းရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ရဲစခန်းကိုလည်း လက်နက်ကြီးကျည်များ ထိမှန်ခဲ့ခြင်းကြောင့် ရဲစခန်း တစ်ခုလုံး မီးလောင်ပြာကျခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာရ အကြမ်းဖက် စစ်သားများက ပြန်လည် ပစ်ခတ်ခြင်း၊ စစ်ကူအင်အားများ အလုံးအရင်း ရောက်ရှိလာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စခန်းကို အလစ်အငိုက် ဝင်တိုက်လိုက်တော့ ဒီကောင်တွေ ပြင်ဆင်ချိန် မရလိုက်ဘူးပေါ့။ စခန်းမီးလောင်သွားပြီးတော့ ဖရိုဖရဲ ဖြစ်သွားပြီး စစ်ခွေး ၁၅ ကောင်သေတယ်။ စစ်ကူအင်အား အလုံးအရင်းနဲ့ တက်လာပြီး စစ်ခွေးအလောင်းတွေကို ဖောကားနဲ့ သယ်ထုတ်သွားတယ်။ စခန်းတစ်ခုလုံးပြာကျသွားတာ တိုက်ပွဲက ၂ နာရီလောက်ဖြစ်သွားတယ်။ အဲဒီ ရဲစခန်းက တပ်ကူတွေရောက်နိုင်တဲ့ လမ်းနဲ့ နီးတဲ့ အခါကျတော့ အင်အားက အလုံးအရင်းနဲ့ ဝင်လာတာ ကျနော်တို့ လက်နက်တွေ မကောက်နိုင်ခဲ့ပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် စစ်ရေး တာဝန်ခံ ရဲဘော် သစ္စာ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ရွှေတန်းမြေ နှင့် တပ်ခွဲ (၃) မိုးညို တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်