မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် တို့ တွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများသာမက မြေပြင်စစ်ကြောင်းများပါ အင်အား ဖြည့်တင်းလာသောကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်း ကျေးရွာနှင့် မြို့ကုန်းကျေးရွာ တစ် ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊အလားတူ နောင်ချို မြို့နယ် သံဘိုကျေးရွာ အနီးတွင် လည်းကောင်း ၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာတွင်လည်း ကောင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “လက်ရှိ…
နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆီဆုံကုန်းရွာထဲ ရောက်ရှိလာစဉ် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ…
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်သား ၁၀ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးမှုဖြစ်ပွားကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများမှာ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်း − ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းများမှဟု စုံစမ်းသိရသည်။ “ဒီလ ၁၈ရက်နေ့က ထွက်ပြေးတာ။လက်နက်ခဲယမ်းတွေ အကုန်ပါသွားကြတယ်။နယ်မြေအခြေအနေအရလိုက်ရှာဖို့မလွယ်လို့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ လုပ်ခဲ့တယ်”ဟု အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)ရှိ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။ ညောင်ရွှေမြို့နယ်အခြေစိုက် ထီးရိစစ်ကောင်စီစခန်း၊ ပင်လောင်း − ဖယ်ခုံမြို့နယ်ကြားရှိ နန်းဖာမူကင်းစခန်းတို့မှ ဖြစ်ကြောင်း ၎င်းက အသိပေးသည်။ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြောင်းလည်း လူထုနွေဦးက စုံစမ်းသိရှိရသည်။ “အလင်းဝင်လာကြတာ မှန်ပါတယ်။ကျွန်တော်တို့သတင်း မထုတ်ပြန်သေးဘူး”ဟု ရှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ အာဏာသိမ်းစစ်တပ်က အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ အလင်းဝင်လာသည့်ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအပြားရှိလာသည်။…
တစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီးချုပ် သတိပေး မြန်မာတစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။ ယမန်နေ့ ပြုလုပ်သည့် “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေး သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိ တော်လှန်ရေးမှာ ၄ နှစ်ပြည့်လာချိန်တွင် မည်သူကမှ တားဆီး၍ မရတော့ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ မြဲမြံသော အုတ်မြစ်နှင့် မျိုးဆက်သစ်များ၏ စိတ်ပိုင်းဆုံးဖြတ်မှု အရှိန်အဟုန်ကို မည်သူမှ ဖြိုဖျက် ရပ် တန့်၍…
AA ၏ ထိုးစစ်ကြောင့် ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေသော်လည်း အများစုမှာ ပုသိမ်သို့ ပြောင်းရွှေ့နေ သာပေါင်းတွင်လည်း စစ်ဘေးတိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်နေ AA က ထိုးစစ်ဆင်လာချိန် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ကို ထိခိုက်မှုမရှိစေရဟု စစ်တပ်က အာမခံ၍ ပြည်သူများ ဆက် လက် နေထိုင်ရန် လိုက်လံ စည်းရုံးနေသော်လည်း ပြည်သူအများစုက ပုသိမ်မြို့ပေါ် ပြောင်း ရွှေ့နေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တွင် ရွှေသောင်ယံမြို့တွင် အကြမ်းဖက် စစ်တပ်က ဘုန်းကြီးများ နှင့် ပြည်သူများကို ရွှေသောင်ယံမြို့မှ လုံးဝ မထိခိုက်စေရန် အာမခံ၍…