Category: News

  • ကလေးငယ်တစ်ဦး၏ ဘဝရှေ့ရေးနှင့် အကူအညီမဲ့နေမှုအတွက် တိုင်ပင်ဆွေးနွေးခြင်း 🙏

    ကလေးငယ်တစ်ဦး၏ ဘဝရှေ့ရေးနှင့် အကူအညီမဲ့နေမှုအတွက် တိုင်ပင်ဆွေးနွေးခြင်း 🙏

    ​မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း လမ်းပျော်နေသည့် ကလေးငယ်တစ်ဦးနှင့် ပတ်သက်ပြီး ကျွန်တော် “ဘီဝမ်း” မှ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခဲ့သော်လည်း ယခုအခါ ကလေးငယ်၏ နောက်ကွယ်မှ စိတ်မကောင်းစရာ အခြေအနေများကို သိရှိလာရပါသည်။

    ဖြစ်စဉ်အကျဉ်း –

    ပြီးခဲ့သည့်ရက်က ကလေးကို မိဘများနှင့် ပြန်လည်ဆုံဆည်းပေးရန် ရည်ရွယ်ပြီး ကျွန်တော့်နေအိမ်သို့ ခေါ်ယူစောင့်ရှောက်ခဲ့ပါသည်။

    သို့သော် ကလေးငယ်မှာ အိမ်တွင်မနေဘဲ ခိုးထွက်သွားခဲ့ရာ ယနေ့တွင် ဗလီတစ်ခုအတွင်း ဆော့ကစားနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရပါသည်။

    စိတ်မကောင်းစရာ နောက်ကွယ်မှ အကြောင်းရင်းများ –

    ရွှေကုက္ကိုလ်ဘက်မှ စုံစမ်းသိရှိရသည့် သတင်းများအရ-

    မိဘများမှာ ကွဲကွာနေကြပြီး ကလေးကို ကျောင်းမထားပေးခဲ့ကြပါ။

    အဒေါ်ဖြစ်သူထံ အပြီးအပိုင် အပ်နှံထားခဲ့သော်လည်း အဒေါ်ဖြစ်သူမှာ ကလေးကို အမြဲလိုလို ရိုက်နှက်နှိပ်စက်ခဲ့ပါသည်။

    ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ကလေးငယ်မှာ စိတ်ဒဏ်ရာ (Trauma) ရရှိနေပြီး ကြောင်တောင်တောင် ဖြစ်နေရရှာပါသည်။

    လက်ရှိ အခက်အခဲ –

    မိဘကလည်း အလိုမရှိ၊ အဒေါ်ဖြစ်သူကလည်း လက်မခံသည့်အပြင် နှိပ်စက်မှုများရှိနေသည့်အတွက် ဤကလေးငယ်၏ ရှေ့ရေးမှာ အလွန်ပင် စိုးရိမ်စရာဖြစ်နေပါသည်။

    လောလောဆယ်တွင် ကလေးကို မွေးစားလိုသူများမှ ဖုန်းဆက်လာကြသော်လည်း ကလေးအတွက် ရေရှည်မှာ အမှန်တကယ် ဘေးကင်းလုံခြုံပြီး နွေးထွေးမည့် နေရာမျိုးဖြစ်စေချင်ပါသည်။



    အကြံပြုတောင်းခံခြင်း –

    ဤကလေးငယ်ကို ဘယ်လိုနည်းလမ်းဖြင့် အကောင်းဆုံး ကူညီပေးသင့်ပါသနည်း? သက်ဆိုင်ရာ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ ပရဟိတဂေဟာများ သို့မဟုတ် စနစ်တကျ မွေးစားမည့်သူများနှင့် မည်သို့ ချိတ်ဆက်ပေးသင့်ပါသနည်း?

    ကလေးငယ်တစ်ယောက် လူလားမြောက်ပြီး ဘဝမပျက်စေရန်အတွက် ဝိုင်းဝန်းအကြံပြုပေးကြပါဦးခင်ဗျာ။ 🙏

    ပဲခူးမြို့နယ် မယ်ဇလီကုန်းကျေးရွာနေထိုင်သူမိဘများ တွေ့ရှိစေလိုတယ်

    ဖော်ပြပါခလေးကို မြဝတီမြို့အနှံလိုက်သွားနေလို့ ကျွန်တော်ဘီဝမ်း ခဏခေါ်ထားပါတယ်

    မိဘများယခုဗီဒီယိုဖိုင်ကိုတွေ့ရှိပါက ဖုန်း ၀၉၇၈၂၁၈၄၂၃၆ သို့ဆက်သွယ်နိုင်ပါတယ်။

    ဖော်ပြပါ ကလေးငယ်သည် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာနေ ဦးကျော်နိုင်+ဒေါ်ဝင့်ဝါတို့၏ သားဖြစ်‌ ကြောင်း ကလေးငယ်၏ ပြောကြားချက်အရ သိရှိရသည်။

    ကလေးသည် ကရင်ပြည်နယ်၊ မြဝတီမြို့ထဲ တစ်ဦးတည်းသွားလာနေ၍ မသမာသူများနှင့်တွေ့ရှိမည်ကို စိုးရိမ်သဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်ကိုယ်တော် ပရဟိတလုပ်ဆောင်နေသူ ကိုဘီဝမ်းမှ ခေါ်ယူစောင့်ရှောက်ပေးထားကြောင်း သိရသည်။

    သို့ဖြစ်ပါ၍ မိဘအုပ်ထိန်းသူများအနေဖြင့် Video ဖိုင်အား တွေ့မြင်ပါက ဖုန်း ၀၉၇၈၂၁၈၄၂၃၆ သို့ဆက်သွယ်၍ လာရောက်ခေါ်ဆောင်နိုင်ကြောင်း ကိုဘီဝမ်းက အသိပေးပြောကြားထားသည်။

    သည်ခလေးရဲ့နောက်ဆက်တွဲပါ

    ဖော်ပြပါခလေးကို မြဝတီမြို့ အမှတ်၁ရပ်ကွက်ကနေ မိဘများနဲ့ဆက်သွယ်ပေးရန် ရီရွယ်ပီး မနေ့ညက ကျွန်တော်ဘီဝမ်းနေအိမ်သို့ ခေါ်ခဲ့တယ်

    ကျွန်တော်ဆီမှာမရောက်ခင် လေးငါးရက်ခန့် မူစလင်ခလေးများနဲ့အနေပျော်နေသောကြောင့် ကျွန်တော်အိမ်ကနေခိုးပြန်သွားတယ်

    သည်နေ့ကျွန်တော်လိုက်ရှာတော့ ဗလီအတွင်းမှာ ဆော့ကစားနေတာတွေ့လိုက်ရတယ်

    ကျွန်တော်လည်းသူပျော်သလိုနေပါစေတော့တွေးပီး မတွေ့ဟန်ဆောင်လိုက်တယ်

    ယနေ့ညနေဖက် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဖက်မှ ဖော်ပြပါခလေးနဲ့ပက်သက်ပီး ကျွန်တော်ဘီဝမ်းထံ ပြောဆိုလာကြသည်မှာ ခလေးမိဘများကကွဲနေတာလားမသိဘူး အဒေါ်ဖြစ်သူနဲ့ရွှေကုက္ကိုလ်ကိုရောက်ရှိလာတယ်

    ခလေးကိုမိဘတွေက ကျောင်းမထားခဲ့ဘူး

    အဒေါ်ဖြစ်သူလက်ထဲအပီး အပ်ပြန်တော့ အဒေါ်ကအမြဲလိုလိုရိုက်နှက်နေသည့်အတွက် ခလေးကစိတ်ဒဏ်ရာရရှိပီး ကြောင်တောင်တောင်ဖြစ်နေကြောင်း ပြောဆိုလာကြတယ်

    မိဘတွေကအလိုမရှိ အဒေါ်ကအလိုမရှိ

    သည်ခလေးကိုကျွန်တော်ဘီဝမ်း ဘယ်လိုဆက်ကူညီရမလဲမသိတော့ဘူး

    သည်ခြားထဲမွေးစားမည့်သူတွေကတစ်ယောက်ပီးတစ်ယောက်ဖုန်းဆက်လာကြတယ်။

    သည်ခလေးလေးကို ရန်ကုန် မန္တလေးဖက်က ရဟန်းသံယာတော်တွေ မြဝတီထိလာရောက် ခေါ်ယူဖို့ကျွန်တော်ဘီဝမ်းထံ ပြောထားကြသော်လည်း ခလေးလေးက မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဖက်မှာနေခဲ့ဖူးပီးပီ အဖွဲ့အစည်းတွေနောက်လဲလိုက်နေခဲ့ ပီးပီး

    ဘုန်းကြီးကျောင်းမှာ ကိုယ်ရင်လဲဝတ်ဖူးပြီးပြီ

    အဒေါ်ဖြစ်သူက ကိုယ်ရင်ဝတ် နေစဥ် လာရောက်ခေါ်ဆောင်သွား ပြီး ရိုက်နှက်နိပ်စက်လို့ မြဝတီမြို့ပေါ်သို့ ရောက်ရှိလာတာပါ

    ကိုယ်ရင်ဝတ်စဥ်စုဆောင်း ထားသောထိုင်းဘတ်ခုနှစ်ထောင် ကျော်လည်း အဒေါ်ဖြစ်သူကယူထားခဲ့ တယ်လို့ခလေးကရင်ဖွင့်ပြောဆိုတယ်

    ခလေးလေးမှာစိတ်ဒဏ်ရာတွေ များစွာရထားတာကြောင့် ချော့မော့ပီးခေါ်ယူ စည်းရုံးယူရတာပါ

    ဒါကြောင့် နယ်မြို့များက သံယာတော်တွေလာခေါ်လို့ ခလေးလေးကမလိုက်နိုင်ရင် အားနာစရာတွေဖြစ်မှာစိုးလို့

    မနေ့က ရွှေကုက္ကုလ်ဖက်က အမတစ်ယောက် ဖော်ပြပါခလေးကို ခေါ်ယူစည်းရုံးရပါက ခေါ်သွားချင်ကြောင်း တောင်းဆိုလာလို့ ပေးတွေ့လိုက်ရာ ကောင်လေးက တိုက်နဲ့ ကားနဲ့ ​ကောင်းကောင်းမွန်မွန်နေရမယ် ကျောင်းထားပေးမယ်ဆိုလို့ လိုက်သွားလေတယ်

    သည်အရွယ်က အဖော်မက်တယ်

    ကောင်းတဲ့နေရာမှာထားပေးပါလျှက် နောက်တစ်ကြိမ် မြဝတီမြို့ကို ပြန်ထွက်ပြေးလာရင်တော့ သူဘဝသူ့ကံပေါ့ ဖော်ပြပါခေါ်သွားတဲ့အမကြီးက ခလေးကိုသနားပီး ခေါ်သွားချင်လို့ ထည့်ပေးလိုက်တာပါ။

    ဘီဝမ်း

  • ရှမ်းနှင့် နယ်စပ်တွင် တရုတ် ခြံစည်းရိုး ကျူးကျော် ထပ်ခတ်နေမှု စစ်ကောင်စီ နှုတ်ဆိတ်နေ (ရုပ်သံ)

    ရှမ်းနှင့် နယ်စပ်တွင် တရုတ် ခြံစည်းရိုး ကျူးကျော် ထပ်ခတ်နေမှု စစ်ကောင်စီ နှုတ်ဆိတ်နေ (ရုပ်သံ)

    ရှမ်းပြည်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်သို့ ထပ်မံ ကျူးကျော်ကာ နယ်စပ်ခြံစည်းရိုး တိုးချဲ့ခတ်နေသော်လည်း စစ်ကောင်စီက မည်သည့် ကန့်ကွက်မှုမှ မပြုလုပ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    မူဆယ်တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ ရွှေလီမြို့နယ်မှ မန်စီမြို့နယ်အထိ တရုတ်က နယ်စပ်ခြံစည်းရိုးအသစ် ထပ်မံခတ်နေရာ ခြံစည်းရိုး အသစ်များသည် မြန်မာဘက်သို့ ပေ ၅၀ ထက်မနည်း ကျူးကျော် ခတ်ထားခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ရွှေလီကနေ မန်စီမြို့နယ်အထိ ခြံစည်းရိုးက ၂၀၂၀တုန်းက ကာထားတာထက် အခုအသစ်ကာထားတာက တချို့ နေရာမှာဆိုရင် ကိုက် ၁၀၀ လောက်ကို မြန်မာဘက်ကို တိုးချဲ့ပြီးကာထားတယ်။ အရင် ခြံစည်းရိုး အဟောင်းက ရှမ်းတရုတ်ရွာတွေနဲ့ ကပ်နေတာကို အခုက မြန်မာဘက်ကို အကျယ်ကြီး တိုးချဲ့ပြီး ကာလိုက်တယ်။ မြန်မာဘက် တိုးချဲ့ထားတာတွေ နေရာအများကြီးပဲ၊ စိတ်ထဲကမခံမရပ်နိုင်ရှိနေပေမဲ့ ပြည်သူတစ်ယောက် အနေနဲ့ ဘာမှ မ တတ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

    တရုတ်နိုင်ငံမှ ခြံစည်းရိုးအသစ် ကာနေသည်မှာ လပိုင်း ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ကွင်းဆင်းစစ်ဆေးခြင်း ကန့်ကွက်ခြင်းများ တစ်စုံတရာ ပြုလုပ်ခြင်း မရှိကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

    “အခုက ဗီဒီယိုလည်း လိုင်းပေါ်တွေတက်တော့ ဟိုလေးတကျော် ဖြစ်သွားတာ။ အမှန်က စစ်ကောင်စီအနေနဲ့ တ ရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်လို့ရတယ်။ သူတို့လည်း တရုတ်ကြောက်လို့ မကန့်ကွက်တာလား ကိုယ်ကျိုးအတွက် တိုင်းပြည်ကို ရောင်းစားနေတာလား သူတို့ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မယ်”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

    တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ကိုဗစ် – ၁၉ ကို အကြောင်းပြကာ ရှမ်းပြည်၊ ကချင်ပြည်နှင့် ထိစပ်နေသည့် တရုတ် – မြန်မာနယ်စပ်ကို တစ်ဖတ်သတ် ခြံစည်းရိုး ခတ်ခဲ့ဖူးသည်။

    ယင်းအချိန်တွင်လည်း တရုတ်သည် မြန်မာနိုင်ငံဘက်သို့ ပေ ၃၀ ကျော် ကျူးကျော်ကာ ခြံစည်းရိုး ခတ်ခဲ့သဖြင့် မြန် မာအစိုးရဘက်က ကန့်ကွက်ခဲ့ဖူးသည်။

    တရုတ်နိုင်ငံအနေဖြင့် ကိုဗစ် – ၁၉ ကာလပြီးလျှင် ခြံစည်းရိုး ပြန်ဖြုတ်ပေးမည်ဟု ယင်းအချိန်တွင် အကြောင်းပြန်ခဲ့သော်လည်း ယခုတွင်မူ ပြန်မဖြုတ်သည့်အပြင် မြန်မာဘက်သို့ ပေ ၅၀ မှ ပေ ၁၀၀ ထိ ထပ်မံ ကျူးကျော်ကာ ခြံစည်းရိုး အသစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

    “တစ်လက်မမှ အကျူးကျော်မခံဘူး ဒီမြေဟာ ငါတို့မြေဆိုပြီး သီချင်းဆိုနေတဲ့ စစ်ကောင်စီက တရုတ် ကျုးကျော်မှုကိုတော့ နှုတ်ပိတ်နေတယ်။ မခံနိုင်တဲ့ ပြည်သူက ရုပ်သံအတိအကျနဲ့ ရိုက်ပြတာတောင် စစ်ကောင်စီဘက်ကနေ အသံမထွက်လာဘူး။ အရပ်သား အစိုးရခေတ်မှာဆို တရုတ်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်၊ နယ်စပ်ကို ချက်ချင်း ကွင်းဆင်းစစ်ဆေးမှာ သေချာတယ်”ဟု လောက်ကိုင်မြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ထို့ပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်လည်း ရှမ်းပြည်၊ နမ့်ခမ်းမြို့ နယ်နှင့် ထိစပ်သည့် နယ်စပ်တွင် တရုတ်နိုင်ငံက တစ်ဖက်သတ် ကျူးကျော်ကာ ခြံစည်းရိုးခတ်သဖြင့် ပြည်သူများက ပြန်လည် တွန်းလှဲဖြိုဖျက်ခဲ့ဖူးသည်။

    ယင်းအချိန်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက မည်သည့် ကန့်ကွက် ပြောဆိုမှုများမှ ပြုလုပ်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

    တရုတ် – မြန်မာနှစ်နိုင်ငံသည် နယ်စပ်တွင် နယ်မြေထိစပ်မှု ကီလိုမီတာ ၂ ထောင်ကျော် ရှိပြီး အငြင်းပွားနေသည့် နယ်နမိတ်ကိစ္စများ ပြေလည်ရန် မြန်မာ – တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၉၇) ကို လက်မှတ် ရေးထိုးထားသော်လည်း တရုတ်နိုင်ငံသည် ကျူးကျော် ခြံစည်းရိုးခတ်မှုကို အကြိမ်ကြိမ် ကျူးလွန်နေသည်။

  • ရဟန်းသာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက်သုံးတာကို ဓမ္မစက်၊ အာဏာစက်နဲ့ထိန်းဖို့ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မိန့်ကြား

    ရဟန်းသာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက်သုံးတာကို ဓမ္မစက်၊ အာဏာစက်နဲ့ထိန်းဖို့ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မိန့်ကြား

    ရဟန်းသာမဏေတွေနဲ့ သီလရှင်တွေ တစ်တော့နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာ သမဏသာရုပ္ပမဖြစ်သော အပြုအမူတွေ (ရဟန်းတို့ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နဲ့ မလျော်ညီတဲ့ ပြောဆိုပြုမူမှု) လွှင့်တင်ဆောင်ရွက်နေတာတွေကို ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားလိုက်ပါတယ်။

    ဓမ္မဝိနယနဲ့ မလျော်ညီဘဲ ဟောပြောနေခြင်းအပြင် သာသနာ့ဘောင်အပြင်ကသူတွေရဲ့ သာသနာတော်ရဲ့ ဂုဏ်ရှိန်ကို ညှိုးမှိန်စေတဲ့ ပြောဆိုပြုမူနေတာတွေကိုလည်း မကြာခဏတွေ့မြင်နေရတာတွေက သာသနာတော် ဂုဏ်ရှိန် ညှိုးမှိန်စေပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေတယ်လို့ ဆရာတော်ကြီးက ဆက်မိန့်ပါတယ်။

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့တဲ့ နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့မှာ ဒီလိုမိန့်ကြားခဲ့တာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ စာမျက်နှာတချို့ကနေ ရဟန်းသာမဏေနဲ့ သီလရှင်တချို့ရဲ့ ဝိနည်း၊ ကိုယ်ကျင့်တရားတွေနဲ့ မကိုက်ညီတဲ့ သီဆိုကခုန်နေတဲ့ ရုပ်သံဖိုင်တွေကို ဝေဖန်ပြောဆိုထားတာတွေလည်း တွေ့နေရပါတယ်။

    ဆရာတော်ဘုရားကြီးက သာသနာ့ပြင်ပအန္တရာယ်တွေကိုလည်း လျစ်လျူရှုတော်မမူကြဘဲ ညီညွတ်တဲ့ သံဃာအင်အားနဲ့ အထူးဂရုပြု ဖယ်ရှားနိုင်ရေး ဆောင်ရွက်ကြဖို့ကို မိန့်ကြားပါတယ်။

    ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်တဲ့ သံဃာအင်အားလိုအပ်နေပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များအနေနဲ့လည်း မိမိတို့နေထိုင်ရာဒေသအတွင်း ကြောင့်ကြမဲ့မနေဘဲ အားဖြည့်ကူညီဆောင်ရွက်ပေးဖို့ကို ဆရာတော်ကြီးက တိုက်တွန်းထားပါတယ်။

    ဒီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်မှာ သက်ဆိုင်ရာဆရာတော်ကြီးတွေရဲ့ တင်ပြလျှောက်ထားမှုတွေကို အတည်ပြုချက် ရယူသွားမယ်လို့လည်း သိရပါတယ်။

    ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ်သုံးမှု ဓမ္မစက်၊ အာဏာစက်ဖြင့်ထိန်းဖို့ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မိန့်

    ခေတ်ကာလအားလျော်စွာ ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ် စသည့် လူမှုကွန်ရက်၌ ရဟန်းသာမဏေ၊ သီလရှင်များ၏ သမဏ သာရုပ္ပမဖြစ်သော အပြုအမူများ (ရဟန်းတို့၏ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နှင့် မလျော်ညီသည့် အပြုအမူ ပြောဆိုမှုများ) လွှင့်တင်ခြင်း၊ ဓမ္မဝိနယနှင့်မလျော်ညီဘဲ ဟောပြောနေခြင်းတို့သည် သာသနာတော်ဂုဏ်ရှိန် ညှိုးမှိန်စေသဖြင့် ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားသည်။

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေတွင် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပသည့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့၌ ထိုသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် သာသနာ့ဘောင်အတွင်းသာမက သာသနာ့ဘောင်တွင်းမရှိသည့် ပုဂ္ဂိုလ်များကပါ သာသနာတော်ဂုဏ်ရှိန် ညှိုးမှိန် စေရန် မကြာခဏ ပြုမူပြောဆိုနေကြခြင်းသည် သံဃာအဖွဲ့အစည်းအဆင့်ဆင့်အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေပြီး သာသနာ တော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာဝန်ဝတ္တရားကျေပွန်စေရန် ညီညွတ်သောသံဃာအင်အားကို အမှန်တကယ် လိုအပ်နေပြီဟုလည်း ဆရာတော်ကြီးက မိန့်ကြားသည်။

    ထို့ကြောင့် နိုင်ငံတော်အဆင့်ဗဟိုသံဃာ့ ဆရာတော်ကြီးများအနေဖြင့် မိမိတို့၏ အခြေခံဒေသအတွင်း ကြောင့်ကြမဲ့မနေကြ ဘဲ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။

    ယင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၂၁ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးရက်၌ သက်ဆိုင်ရာဆရာတော်ကြီးများ ၏ တင်ပြလျှောက်ထားမှုများကို အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

    ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသကလည်း ဖေဖော်ဝါရီ ၁ ရက်၌ ကျင်းပပြီးစီးခဲ့သော ၂၁ ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးအား ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံကြီးပွားတိုးတက်ရေးအတွက် တရားမျှတမှု၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှုရှိရမည်ဖြစ်ကြောင်း ထည့်သွင်းမိန့်ကြားထားသည်။

  • မြန်မာမှာ အီးစီးကရက် ပိတ်ပြီ

    မြန်မာမှာ အီးစီးကရက် ပိတ်ပြီ

    ဆေးလိပ်ဖြတ်စက်လို့ လူသိများကြတဲ့ အီးစီးကရက်၊ Vape တွေကို တွေ တင်သွင်း၊ တင်ပို့တာ၊ ‌ရောင်းချတာ၊ လက်ဝယ်ထားရှိတာနဲ့ သိုလှောင်ဖြန့်ဖြူးတာအပြင် သုံးစွဲတာတွေကို ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး တားမြစ်ပိတ်ပင်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

    ဒါ့အပြင် အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေအပြင် အီလက်ထရောနစ် ရှီရှား(ရေပြောင်း)တွေကိုလည်း တားမြစ်ကုန်စည်အဖြစ်သတ်မှတ်ပြီး တင်သွင်းတာကိုလည်း တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

    အီးစီးကရက်ဟာ ဆေးလိပ်ကြီးနဲ့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်း၊ နီကယ်၊ သံဖြူ၊ ခဲ စတဲ့ အန္တရာယ်ရှိတဲ့ သတ္တုဓာတ်တွေအပြင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်ပစ္စည်းတွေနဲ့ ဒိုင်အက်ဆီတိုင်းလို ရနံ့ကို ပေးတဲ့ပစ္စည်းတွေပါဝင်လို့ ကျန်းမာရေးကိုထိခိုက်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြထားကြပါတယ်။

    အီးစီးကရက်ကို ကမ္ဘာမှာ အနည်းဆုံး ကလေးငယ် ၁၅ သန်း အပါအဝင် လူ သန်း ၁၀၀ ကျော် အီးစီးကရက် သောက်သုံးနေကြပြီး နီကိုတင်း စွဲလမ်းမှုကို အားဖြည့်ပေးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

    မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အီးစီးကရက်သောက်တာနဲ့ ရောင်းဝယ်ဖောက်ကားတာတွေကို တင်းကျပ်ထားပြီး သုံးစွဲတာတွေ့တာနဲ့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ လုပ်နေပါတယ်။

  • ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကိစ္စ ပုလဲ ပအဖ တာဝန်ခံ ကိုဇော်ထက် ပြောဆိုချက်

    ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကိစ္စ ပုလဲ ပအဖ တာဝန်ခံ ကိုဇော်ထက် ပြောဆိုချက်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ဗိုလ်နဂါး ဆိုသူ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီမို့ ဒေသခံပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေ လေကြောင်း အန္တရာယ်ကို အထူးဂရုပြုကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံ ကိုဇော်ထက် က ပြောပါတယ်။

    တော်လှန်ရေးသမား အမည်ခံ နဂါး ခေါ် တီကောင် ဆိုသူဟာ ယခင်ကတည်းက မူမမှန်ဘဲ စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ကိစ္စအပေါ် ကိုဇော်ထက်က ပြောပါတယ်။

    ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်၊

    ဗိုလ်နဂါးက အလင်းဝင်ဖို့ ဆက်သွယ်လာလို့ ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်။

    ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ပုလဲမြို့ပေါ်နေ စစ်အုပ်စုက ပုလဲနယ် သေတ္တာရာရွာကို MI-17 သယ်ပို့ရဟတ်ယာဉ်နဲ့ သုံးခေါက်ဆင်းကာ ဗိုလ်နဂါးကို ခေါ်ထုတ်သွားတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။