စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ဗိုလ်နဂါး ဆိုသူ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီမို့ ဒေသခံပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေ လေကြောင်း အန္တရာယ်ကို အထူးဂရုပြုကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံ ကိုဇော်ထက် က ပြောပါတယ်။

တော်လှန်ရေးသမား အမည်ခံ နဂါး ခေါ် တီကောင် ဆိုသူဟာ ယခင်ကတည်းက မူမမှန်ဘဲ စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ကိစ္စအပေါ် ကိုဇော်ထက်က ပြောပါတယ်။

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်၊

ဗိုလ်နဂါးက အလင်းဝင်ဖို့ ဆက်သွယ်လာလို့ ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်။

ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ပုလဲမြို့ပေါ်နေ စစ်အုပ်စုက ပုလဲနယ် သေတ္တာရာရွာကို MI-17 သယ်ပို့ရဟတ်ယာဉ်နဲ့ သုံးခေါက်ဆင်းကာ ဗိုလ်နဂါးကို ခေါ်ထုတ်သွားတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *