Category: News

  • ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု  နှစ်ဦးသေ

    ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု နှစ်ဦးသေ

    မုံရွာ နမခမှာ ဂျိုင်ရိုကော်ပတာတစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျ၊ စစ်အုပ်စု နှစ်ဦးသေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက စစ်အုပ်စု gyrocoprer တစ်စင်း ပြည်သူကို ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျခဲ့တာကြောင့် နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မိတ္ထီလာ လေတပ်စခန်းကနေ မနေ့က အင်အားဖြည့်ဖို့ ရောက်ရှိလာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစင်းထဲက တစ်စင်းဟာ စမ်းသပ်လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်းပြီး ဒီကနေ့ ညနေ ၅ နာရီ ၂၀မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

    “မိတ္ထီလာလေတပ် အမောင်းသင်စခန်းကနေ ၃ စီးအင်းအားဖြည့်ဖို့ရောက်လာတာ။ နမခပေါ်မှာပဲ ညနေက စက်စမ်းပျံနေတာ။ လေဆိပ်ဘေးနားက ယူကလစ်တောထဲမှာ ပျက်ကျသွားတာ။ နှစ်ယောက် ပွဲချင်းပြီးသေတယ်“

    စစ်အုပ်စုရဲ့ gyrocoprer ပျက်ကျတာနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း အဆင်းအတက် နှစ်ကြိမ်ပြုလုပ်နေချိန်မှာ မီးဖွားတွေထွက်ကျပြီး မုံရွာလေဆိပ်အနီးက ယူကလစ်တောထဲမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

    စစ်အုပ်စု မုံရွာ နမခကနေ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ မုံရွာ၊ ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ မြင်းမူ၊ မြောင်၊ အရာတော်၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို အစရှိတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို စက်တပ်လေထီး၊ gyrocoprer စတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာဖြစ်ပါတယ်။

    လက်ရှိ မုံရွာ နမခ ယာယီလေတပ်ဆွယ်အတွင်းမှာ ဂျိုင်ရိုကော်ပတာ ၆စင်း ပါရာမော်တာ ၂စင်းနဲ့ Mi 17 ၂စင်းရှိပြီး မုံရွာအနီးတဝိုက် မြို့နယ်တွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့လည်း MAEU ကျောင်းသားဟောင်း တစ်ဦးကလည်း ပြောပါတယ်။

  • ကြူကြူမွှေးပီး၊ သူ့လော်ကို ကိုင်ထောင်းနေတဲ့ အမျိုးသား

    ကြူကြူမွှေးပီး၊ သူ့လော်ကို ကိုင်ထောင်းနေတဲ့ အမျိုးသား

    ကြူကြူမွှေးပီး၊ သူ့လော်ကို ကိုင်ထောင်းနေတဲ့ ဒီအမျိုးသားကို၊ ရဲက လိုက်ရှာ နေတယ်။

    ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၁၀ ရက် ပရာကျင်ပူလီ အဝတ်လျော် ဆိုင်မှာ ဖြစ်သွားခဲ့တာပါ။

    ပုံထဲက အမျိုးသားဟာ အဝတ်လျှော်ဆိုင်ထဲဝင်လာပြီး သူများ လာလျှော်ထားတဲ့ တောင်းထဲက အဝတ်တွေကို ယူထုတ်လိုက်တယ်။

    တောင်းထဲက ယောက်ျားလေး အဝတ်တွေကို ဖယ်ထုတ် လွှင့်ပစ်ထားလိုက်ပြီး မိန်းကလေး အတွင်းခံ အဝတ်တွေကို ရွေးယူလိုက်တယ်။

    အတွင်းခံတွေကိုပဲရွေးပီး ကြူကြူအရင် မွှေးလိုက်တယ်။

    ပီးတော့ ခြင်းထဲ ကောက်ထည့် ယူသွားပါတယ်။

    ပီးတော့ ဆိုင်ရှေ့တန်း ပေါ်မှာ အဝတ် လာလျှော် သူပုံစံနဲ့ ဖုန်းပြော နေတယ်။

    လက် ၁ ဖက်က ဖုန်းပြော နေပီး၊ ကျန်အား နေတဲ့၊ လက် ၁ ဖက်က လော်မ ထောင်းခင် ခိုးလာတဲ့ အတွင်းခံ တွေကို ကြူကြူမွှေး လိုက်ပီး၊ သူ့ရဲ့ လော်ကို ထောင်းပေးနေတယ်။

    သူအဲလို လော်ထောင်း နေတာကို CCTV ထဲမှာ အားလုံး တွေ့နေ ရတယ်။

    လော်ထောင်း ပီးတော့၊ အတွက်းခံ တွေ ထည့်ထားတဲ့ ခြင်းတောင်းကိုပါ ယူသွားပါတယ်။

    သူအဲလို လိုက်လုပ်၊ လိုက်ခိုး၊တာ ၁၀ ရက် တရက်ထဲမှာပဲ အဝတ်လျှော်ဆိုင် ၂ ဆိုင် ရှိတယ်။

    ၂ ဆိုင်လုံးက မိန်းခလေးဟာတွေ ခြင်းတောင်း ထဲထည့် ခိုးလာ ကြူကြူမွှေးလိုက် လော်ထောင်းလိုက်လုပ်နေတာတဲ့ရှင့်။

    ပီးတော့ သူ ကြူကြူမွှေးတဲ့ အတွင်းခံတွေက မလျှော်ရသေးဘူးတဲ့။

    ငံပြာရည်စော် မနံတဲ့ အတိုင်းပဲ ကြူကြူမွှေး နေတာ။

    အခုသူကို ရဲတိုင် ထားတယ်။ ရှာတော့ မတွေ့ သေးဘူး။

    ရှာတွေ့ရင် သူ့ကို ဘာလို့၊ မိန်းကလေး ဟာတွေ ခိုးပီး၊ကြူကြူမွှေးလိုက် လော်ထောင်းလိုက် လုပ်ရတာလဲ ဆိုတာ မေးမယ်တဲ့။

    (အဝတ်လျှော်ဆိုင်မှာ သွားလျှော်ရင် ကိုတိုင်စောင့်ယူတာ အကောင်းဆုံးပဲ)

    Source: Nanpiya

  • ထိပ်ပိုင်း ရာထူး ၃ ခုကို ရယူထားသော်လည်း လစာတစ်မျိုးတည်းသာ ယူဟု မင်းအောင်လှိုင် ပြော

    ထိပ်ပိုင်း ရာထူး ၃ ခုကို ရယူထားသော်လည်း လစာတစ်မျိုးတည်းသာ ယူဟု မင်းအောင်လှိုင် ပြော

    ယာယီသမ္မတ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို ရယူထားသော်လည်း လစာတစ်မျိုးတည်းသာ ယူဟု မင်းအောင်လှိုင် ပြော

    ယာယီသမ္မတ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို တိုင်းပြည်အခြေအနေအရ ရယူထားသော် လည်း လစာတစ်မျိုးတည်းသာ ရယူသည်ဟု မင်းအောင်လှိုင်က တပ်တွင်း အစည်းအဝေးများတွင် ပြောဆိုကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းအနေဖြင့် အခြေအနေအရ တာဝန်များစွာ ရယူထားသော်လည်း နိုင်ငံတော်ထံမှ လစာ တစ်ခုတည်းသာ ရယူကြောင်း၊ လက်ရှိ နိုင်ငံတော်အတွက် တာဝန်များစွာ ဆက်လက် ယူဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်ဟု သိရှိရသည်။

    “သူ ရာထူးရယူထားတာ ၃ ခုပေမယ့် လစာတစ်မျိုးတည်းကိုပဲ ယူတယ်။ လက်ရှိမှာလည်း သူရဲ့ ကျန်းမာရေးကောင်းမွန်နေတုန်းပဲမို့ နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှာ ဆက်ပြီး ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာမျိုးလည်း ထုတ်ပြောတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    နိုင်ငံတော်ထံမှ လစာ ၁ မျိုးတည်းသာ ရယူသည်ဆိုသော မင်းအောင်လှိုင်မှာ သားဖြစ်သူကို ဝန်ကြီးဌာနတင်ဒါများနှင့် လုပ်ငန်း လုပ်ကိုင်ခွင့်များ၊ အစိုးရ ဝန်ကြီးဌာန ဆောက်လုပ်ရေး လုပ်ကိုင်ခွင့်များ ချထားပေးပြီး သားဖြစ်သူ အောင်ပြည့်စုံကလည်း ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf၊ Aung Myint Mo Min Insurance Company ၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် အမည်ပေါင်းစုံဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် နယ်ပယ်များစွာတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိနေကြောင်း ပြည်တွင်းစီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

    စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်း မင်းအောင်လှိုင်မှာ အသက် ၇၀ ပြည့်ပြီဖြစ်သော်လည်း စစ်တပ်ဦးစီးချုပ် ရာထူးမှ အနား ယူခြင်းမရှိသေးဘဲ ယာယီသမ္မတ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးများကိုပါ တစ်ဦးတည်း ရယူထားခြင်းဖြစ်သည်။

  • ChatGPT ကြောင့် စိတ္တဇဝင်နေတဲ့ သားက မိခင်ကို သတ်မှုဖြစ်ပွား

    ChatGPT ကြောင့် စိတ္တဇဝင်နေတဲ့ သားက မိခင်ကို သတ်မှုဖြစ်ပွား

    ChatGPT ပါလာတဲ့ နောက်ထပ် ထိတ်လန့်ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတစ်ခုပါ။

    ဒီအမှုက ဩဂုတ်လဆန်းပိုင်းတုန်းက ကွန်နက်တီကတ်ပြည်နယ် ဂရင်းနစ်ချ်မြို့မှာ ဖြစ်သွားတာပါ။ အသက် ၅၆ နှစ်အရွယ်သားက ChatGPT ရဲ့ သွေးထိုးမှုနဲ့ ၈၃ နှစ်အရွယ် မိခင်ကို ရန်သူအထင်ရောက်ပြီး လည်ပင်းညှစ်သတ်ခဲ့ပြီး သူ့ကိုယ်သူလည်း သတ်သေသွားတဲ့ နှစ်လောင်းပြိုင် အမှုပါ။

    စတိန်း အဲရစ်ခ် ဆိုးဘာ့ဂ်ဆိုတဲ့ ဒီလူမှာ နဂိုကတည်းက paranoid delusion လို့ ခေါ်တဲ့ ထိတ်လန့်ပြီး စိတ်ကယောင်ကတမ်းဖြစ်တဲ့ ဝေဒနာရှိပါတယ်။ အရင်က သူဟာ Yahoo မှာ အလုပ်လုပ်ဖူးတဲ့ ဝန်ထမ်းဟောင်းလို့လည်း ဆိုပါတယ်။ မသေခင် သူ့အမေနဲ့ ဒေါ်လာ ၂.၇ သန်းတန် အိမ်ကြီးမှာ အတူနေသွားပါတယ်။

    စိတ္တဇဖြစ်နေတဲ့သူဟာ ChatGPT နဲ့ စကားပြောမိတဲ့နောက် စိတ်ဝေဒနာ ပိုဆိုးသွားခဲ့တာလို့ ပြောရမှာပါ။ ChatGPT ကလည်း AI chatbot တွေရဲ့ အထာအတိုင်း သူနဲ့စကားပြောတဲ့ လူကို မြှောက်ပင့်အမွှန်းတင်ပါတယ်။ စတိန်း အဲရစ်ခ်နဲ့ စကားပြောတိုင်းမှာလည်း ChatGPT က သူသာ အယုံကြည်ရဆုံးဆိုတဲ့ မက်ဆေ့ကို ရိုက်သွင်းတဲ့စကားတွေ ပြောပါတယ်။

    စတိန်း အဲရစ်ခ်ရဲ့ ဘေးမှာ ရောက်နေသူတိုင်းကိုလည်း ရန်သူတွေလို့ မြင်လာအောင် ပုံဖော်ပြောပါတယ်။ သူ့အမေကိုယ်တိုင် သူ့ကို စောင့်ကြည့်ထောက်လှမ်းနေတယ် ဆိုတာမျိုး ၊ ပစ္စည်းလာပို့သူတွေကနေ ရဲနဲ့ သူငယ်ချင်းတွေအထိ လူတိုင်းကို စုံထောက်အေးဂျင့်တွေ ဆိုတာမျိုးတွေ ပြောပါတယ်။

    နောက်ဆုံး အိမ်က ပရင့်တာကအစ သူ့ကို စောင့်ကြည့်နေတယ်လို့ ထင်နေတဲ့ စတိန်း အဲရစ်ရဲ့ အထင်ကို ChatGPT က အတည်ပြုပေးခဲ့သလို သူ့အမေနဲ့ သူငယ်ချင်းတစ်ယောက်က ကားလေဝင်ပေါက်ကနေ သူ့ကို အဆိပ်လွှတ်သတ်ဖို့ ကြံစည်ထင်ဆိုတာမျိုးကိုလည်း ဟုတ်တယ် လိုက်လုပ်ပါတယ်။ ဒီလူကလည်း ChatGPT နဲ့ စကားပြောခဲ့တဲ့ ဗွီဒီယိုတွေ Instagram နဲ့ YouTube မှာ တင်ပါတယ်။

    ဒါက ကျန်ရစ်သူမိသားစုက ဒီအမှုမှာ တာဝန်ရှိတဲ့ OpenAI နဲ့ သူ့စီးပွားရေးပါတနာ Microsoft တို့ကို လူသေစေမှုနဲ့ တရားစွဲတဲ့ စွဲချက်ထဲမှာ ပြောထားတာတွေပါ။ စတိန်း အဲရစ်ခ်မှာ နတ်ဘုရားစွမ်းအင်တွေ ရှိနေလို့ အခုလို ပစ်မှတ်ထားခံရတာ ဆိုတာမျိုးလည်း AI က ပြောတယ်လို့ ဆိုပါတယ်။ ChatGPT က ဒီလို စိတ္တဇဖြစ်နေတဲ့သူကို စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြဖို့လည်း တစ်ခါမှ အကြံမပေးခဲ့ဘူးလို့လည်း ပြောပါတယ်။

    ဒါတွေအားလုံးက ဘေးကင်းရေးစမ်းသပ်ချက်တွေ သေချာမလုပ်ဘဲ ဈေးကွက်ထဲ ကသောကမော ထုတ်ခဲ့တဲ့ အကျိုးဆက်တွေပါ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ၂၀၂၄ ဗားရှင်း ChatGPT -4o ကို OpenAI က ဈေးကွက်ကြီးစိုးနိုင်ရေး အမြန်ထုတ်ခဲ့သလို Microsoft ကလည်း safety test သေချာမလုပ်မှန်း သိလျက်နဲ့ ထုတ်ခွင့်ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    တကယ်တော့ ChatGPT လက်သည်ပါပြီး လူသေခဲ့တဲ့အမှုတွေက ဒီတစ်ခုတည်းတင် မဟုတ်ပါဘူး။ အသက် ၂၃ နှစ်အရွယ် ဇိန်း ရှန်ဘလင်း ၊ အသက် ၁၇ နှစ်အရွယ် အမော်ရီ လာစေး ၊ အသက် ၁၆ နှစ်အရွယ် အဒမ်ရိန်း သတ်သေမှု စသည်ဖြင့် ၅ မှုထက်မနည်း ရှိနေပါတယ်။

    OpenAI ဘက်က ဒီအဖြစ်ဆိုးတွေကို “နှလုံးကြေကွဲ ဝမ်းနည်းစရာ” အဖြစ် သုံးနှုန်းခဲ့ပြီး တရားစွဲဆိုမှုတွေ ပြန်စစ်ဆေးနေတယ်လို့ ပြောထားပါတယ်။ ChatGPT တွေကို အကုန်လုံးပုံ မယုံလိုက်ဖို့ ဒီအဖြစ်တွေက သက်သေပဲလို့ ဆိုရမှာပါ။

  • ကူပီယန့်ခ်စ်မြို့ကို သိမ်းပိုက်နိုင်ပြီဟု ရုရှားထုတ်ပြန်သော်လည်း ဇီလန်းစကီးကိုယ်တိုင်သွားပြီး ဗီဒီယိုရိုက်ပြ

    ကူပီယန့်ခ်စ်မြို့ကို သိမ်းပိုက်နိုင်ပြီဟု ရုရှားထုတ်ပြန်သော်လည်း ဇီလန်းစကီးကိုယ်တိုင်သွားပြီး ဗီဒီယိုရိုက်ပြ

    ဒီဇင်ဘာ ၁၁ ရက်က ရုရှားသမ္မတ ပူတင်သည် ယူကရိန်းအနောက်ဘက် စစ်မျက်နှာပြင်သို့ သွားရောက် ကာ ရုရှားကာကွယ်ရေးဦးစီးချုပ် ဂီရာဆီမော့ဗ်နှင့်တွေ့ဆုံစဉ် ခါကိဗ်ဒေသမှ ကူပီယန့်ခ်စ်မြို့ကို အလုံးစုံ သိမ်းပိုက်ပြီးဖြစ်သလို ဗော့ဗ်ချန့်ခ်မြို့ကိုလည်း ၈၀ ရာခိုင်နှုန်း သိမ်းပိုက်ပြီးပြီဟု အစီရင်ခံပြီးနောက် ဂုဏ်ယူစွာဖြင့် ကူပီယန့်ခ်စ်မြို့အား သိမ်းပိုက်ပြီးစီးဟု ကြေညာအပြီး နာရီပိုင်းအကြာမှာပင် ထိုမြို့သို့ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင်သွားရောက်ပြီး ဗီဒီယိုမှတစ်ဆင့် မြို့မကျဆုံးသေးကြောင်း သက်သေအဖြစ် မိန့်ခွန်းပင်ပြောသွားခဲ့သည်။

    ယင်းဗီဒီယိုကို ကူပီယန့်ခ်စ်မြို့အဝင် ဆိုင်းဘုတ်ရှေ့မှာပင် သက်သေတည်ရိုက်ကူးကာ “ဒီနေ့ ဦးတည်ရာက ကူပီယန့်ခ်စ်ပါ။ ကျွန်တော်တို့ စစ်သည်တွေဟာ ယူကရိန်းအတွက် အကောင်းဆုံး ရလဒ်ကို ယူဆောင်ပေးနေနိုင်ကြတယ်။ အားလုံးကို ကျေးဇူးတင်တယ်။ ဒီမှာ တိုက်ပွဲဝင်နေသူတွေကို ရော ကျူးကျော်သူတွေကို ဖျက်ဆီးပေးနေသောသူအကုန်လုံးကို ကျေးဇူးပါ” ဟု ဇီလန်းစကီးက ပြောဆိုသွားခဲ့သည်။

    ယူကရိန်းထောက်ခံ တယ်လီဂရန်ချန်နယ်တစ်ခုက ရန်သူနှင့်လက်တစ်ကမ်းအကွာ ကူပီယန့်ခ်စ် ရှေ့တန်းစစ်မျက်နှာအထိ သွားရောက်ခဲ့သော သံမဏိဘောလုံးများနှင့်လူသားဟု ဇီလန်းစကီး၏ ရဲရင့်မှုကို ချီးကျူးဖော်ပြသွားခဲ့သည်။

    လက်ရှိတွင် ဥရောပခေါင်းဆောင်များ၊ အမေရိကန်၊ ယူကရိန်းနှင့် ရုရှားတို့အကြား ယူကရိန်းစစ် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရန် အကျေအလည် ကြိုးစားဆွေးနွေးနေကြသော်လည်း တစ်ဖက် နှင့်တစ်ဖက် တန်ပြန်အဆိုပြုမှုများ မဆုံးနိုင်ကြသလို ရုရှားအား နယ်မြေများ တရားဝင်လွှဲပေးရမည်ဆို သည့်အပေါ် ယူကရိန်းဘက်မှ လုံး၀ လက်မခံသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှု မစတင်နိုင်ဘဲ ဖြစ်နေရသည်။

    ရုရှားဘက်က ဒွန်ဘက်စ်ဒေသတစ်ခုလုံးကို ပေးရန်တောင်းဆိုထားပြီး ထိုတောင်းဆိုမှုအား အဆိုပါ ဒေသမှပြည်သူများ ဆန္ဒခံယူပွဲလုပ်အပြီး ရရှိလာမည့် ရလဒ်အရသာ နယ်မြေ ပေးမပေး ဆုံးဖြတ်နိုင်ဖွယ်ရှိနေသည်။