Category: News
-

ငါန်းဇွန်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများကို ဆက်ကြေးကောက်နေသာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများ နှင့် ခရီးသွားကားကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ်ကို S .T .F Ngazun အဖွဲ့က သွား ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ “မြို့သာစခန်းကနေ မြို့သာစျေးထောင့်ကို လာပြီး ဆက်ကြေးကောက်ကြတာ။ စစ်ခွေး ၁၀ယောက်ဝန်းကျင်လာတာပါ။ တိုက်ခိုက်တဲ့ အချိန်တုန်း ၂ ဦးသေတယ်။ ၂ ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် သတင်းရတော့ စစ်ခွေး…
-

နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်း
အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်းဟုဆို အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင် ရွက်ရန်အတွက် ဗျူဟာအမှတ် ၁၉ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန၏ ဗျူဟာ အမှတ် ၁၉ ကို အခမ်းအနားဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “နေပြည်တော်စစ်ဆင်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ နေပြည်တော်တိုင်းစစ်ဌာနမှာ စစ်ဗျူဟာ ၃ ခုရှိပါတယ်။…
-

-

မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းငှက်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း ၆ ခု သိမ်းပိုက်ရရှိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင် အပါအဝင် အယောက် ၂၀၀ နီးပါး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူ ၄ ယောက် ရှိခဲ့တယ်လို့ Mawlaik Revolutions အဖွဲ့က အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မော်လိုက်မြို့နယ်ထဲမှာ သိမ်းငှက်စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ ခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ မော်လိုက်/ဖောင်းပြင်မြို့နယ် ပကဖ/ပလဖ၊ ခရိုင်ကွပ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းကနေ မော်လိုက်မြို့နယ်ထဲမှာရှိတဲ့…
-

ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လဝကအချုပ်ထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ လောက်ကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မြန်မာနိုင်ငံ ကော့သောင်းဘက် လှေဆိပ်ကို ၂ နိုင်ငံ တာဝန်ရှိသူတွေကနေ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ လွတ်ရက်စေ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်တို့ကို ကော့သောင်းဘက် ပို့ဆောင်ပြီးနောက် စစ်ကောင်စီတပ်ကနေ ၆ မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံက ပြောပါတယ်။ “ခေါ်သွားတာတော့ အဲဒီ ခြောက်မိုင်ရွာ ၂၆၂ တပ်ထဲပါပဲ။ ပိုက်ဆံအထပ်လိုက် ပုံပေးနိုင်သူက လွဲရင် မလွတ်ပါဘူး။ ကော့သောင်းဘက်မှာပဲ…