Category: News

  • နတ်ရေကန်ဗျူဟာစခန်း ပိတ်ဆို့ခံထားရ၍  စစ်ကော်မရှင်တပ်က အနီးအနားကျေးရွာများကို မီးရှို့၊

    နတ်ရေကန်ဗျူဟာစခန်း ပိတ်ဆို့ခံထားရ၍ စစ်ကော်မရှင်တပ်က အနီးအနားကျေးရွာများကို မီးရှို့၊

    လေကြောင်းမှအပြင်းအထန်တိုက်ခိုက််နေပြီး တိုက်ပွဲပြင်းထန်နေ ‎ ‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာစခန်း ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် စစ်ကော်မရှင် က စခန်းအနီး ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ‎ ‎ဂုတ်ကြီးထောက်ပို့စခန်းကို အာရက္ခတပ်တော် (AA) ကသိမ်းယူပြီး နတ်ရေကန်စခန်းကိုပါ ပိတ်ဆို့ ထားသည့်အတွက် စစ်ကော်မရှင်တပ်က ဂုတ်ကြီးအနီးရှိ မြေလပ်ရွာကို ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ‎ ‎”ဂုတ်ကြီး စခန်းအသိမ်းခံရပြီး နတ်ရေကန်စခန်းပါ ပိတ်ဆို့ခံထားရတော့ လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲတယ်။ ဒရုန်းဗုံးတွေလည်း အကြိုက်သုံးပြီး စစ်တပ်ကခုခံနေတယ်” ဟု ပဒါန်းစစ်ရေး သတင်းရင်းမြစ်က ‌ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် ယနေ့ အောက်တိုဘာ ၅ရက်နေ့အထိ ဂုတ်ကြီးကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲအပြင်း…

  • အိန္ဒိယပြည်နယ်တွေမှာ ကလေးတွေသေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို ပိတ်ပင်

    အိန္ဒိယပြည်နယ်တွေမှာ ကလေးတွေသေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို ပိတ်ပင်

    အိန္ဒိယနိုင်ငံမှာ ကလေးငယ်တော်တော်များများ ချောင်းဆိုးပျောက်ဆေးတစ်မျိုး သောက်ပြီးနောက် သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတာကြောင့် ပြည်နယ်သုံးခုထက်မနည်းမှာ ချောင်းဆိုးပျောက်ဆေးတစ်မျိုး ရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ ဒေသအာဏာပိုင်တွေနဲ့ သတင်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းကစလို့ မက်ဒယားပရာဒေ့ရှ်နဲ့ ရာဂျစ်စသန်ပြည်နယ်တွေမှာ အသက်ငါးနှစ်အောက် ကလေးငယ် ကိုးဦးထက်မနည်း သေဆုံးခဲ့မှုတွေဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ တိုက်ခဲ့တဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ ကလေးတွေ သောက်မိခဲ့တဲ့ ဆေးရည်နမူနာတွေယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်တဲ့အခါမှာ Diethylene Glycol (DEG) လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာလ ၄ ရက်၊ မနေ့က အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းဟာ စက်မှုလုပ်ငန်းသုံးပျော်ရည် (Solvents) တွေမှာ သုံးတာဖြစ်ပြီး နည်းနည်းပါးပါး သောက်မိရင်တောင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ…

  • နေ့ပြန်တိုးမပေးနိုင်သဖြင့် နေပြည်တော်တွင် အဘွားအို ၁ ဦး ရေထဲခုန်ချ သတ်သေ

    နေ့ပြန်တိုးမပေးနိုင်သဖြင့် နေပြည်တော်တွင် အဘွားအို ၁ ဦး ရေထဲခုန်ချ သတ်သေ

    နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာ အောက်တိုဘာ ၂ ရက်က အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ နေ့ပြန်တိုးမပေးနိုင်လို့ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မြို့ခံတွေဆီက သိရပါ တယ်။ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက် ဓမ္မရိပ်သာနားမှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်ဌေး ဟာ ယူထားတဲ့ နေ့ပြန်တိုးတွေတက်ပြီး ၁၅ သိန်းလောက်ဖြစ်သွားတာကြောင့် ပြန်မဆပ်နိုင်တဲ့အဆုံး စာတစောင်ရေးပြီး သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ယူထားတာက ၆ သိန်း၊ ၇ သိန်း တလုံးတည်း ယူတာမဟုတ်ဘူး။ နည်းနည်းချင်းယူတာ။ အဲဒါကို နေ့ပြန်တိုးနဲ့တွက်လိုက်တာ ၁၅ သိန်းလောက် ဖြစ်သွားတယ်။ မိသားစုလည်း မရှိတော့ သူ့အတွက် ဖိအားအရမ်းများပြီး အကြွေးသမားကလည်း ဖိနင်းကန်တောင်းနေတော့ မလုပ်သင့်တာကို လုပ်သွားတာ။…

  • ရွေးကော်ကို ဒဲ့ဖြုတ်လိုက်တဲ့ ဘူးလက် (ရုပ်သံ)

    ရွေးကော်ကို ဒဲ့ဖြုတ်လိုက်တဲ့ ဘူးလက် (ရုပ်သံ)

    အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မိသားစုတို့ မဲစာရင်းမပါတဲ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ ဘူးလက်လှဆွေပြော ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘူးလက်လှဆွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုလာပါတယ်။ ရုပ်သံ- ဘူးလက်လှဆွေ

  • တနင်္သာရီမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် အရပ်သား ၁, ၃၀၀ ကျော်ထွက်ပြေး

    တနင်္သာရီမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် အရပ်သား ၁, ၃၀၀ ကျော်ထွက်ပြေး

    တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသား ၁,၃၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၃ ရက် မနက်ပိုင်းလောက်မှာ အနောက်မော်တုံးရွာရဲ့ တဘက်ကမ်းရှိ ကမ်းတိုရွာနဲ့ ညောင်ပင်ကုန်းရွာက စစ်ကောင်စီတပ်သားတွေ လှေနဲ့ကူးပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံတယောက်က ပြောပါတယ်။ “မနက် ၉ နာရီလောက်မှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှန်း သိတယ်။ အင်အားကတော့ အတိအကျ မသိရဘူး။ အခု အဝတ်တထည်ကိုယ်တခုနဲ့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်။” စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် မနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။ ဒေသခံတယောက်က “နှစ်ဖက်ထိခိုက်မှုတော့ရှိတယ်။ စစ်တပ်ကလည်း ချောင်းကူးပြီး တိုးလာတယ်ဆိုတော့ ပြန်ဆုတ်မယ့်အနေအထားမရှိဘူး။ တိုက်ပွဲငြိမ်တော့ စကစဘက်က လက်နက်ကြီးတွေနဲ့…