Category: News

  • ကချင်ဒုက္ခသည်စခန်းမှ ၁၀နှစ်သမီး ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံရ

    ကချင်ဒုက္ခသည်စခန်းမှ ၁၀နှစ်သမီး ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံရ

    ဖေဖော်ဝါရီ ၂၂ နေ့ကတည်းက ပြန်ပေးဆွဲခံထားရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းမှအသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ပြန်ပေးသမားက သတ်ဖြတ်လိုက်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပြန်ကြားရေးအရာရှိကအတည်ပြုသည်။

    ဖေဖော်ဝါရီ ၂၂ နေ့ကတည်းက ပြန်ပေးဆွဲခံထားရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းမှအသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ပြန်ပေးသမားက သတ်ဖြတ်လိုက်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပြန်ကြားရေးအရာရှိကအတည်ပြုသည်။

    ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ အခြားတဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဓားစာခံသုံးဦးစလုံး သတ်ဖြတ်ခံခဲ့ရကြောင်း KIA ဘက်ကအတည်ပြုခဲ့ခြင်းဖြစ်သည်။

    အမှုအတွက် အဆိုပါဒုက္ခသည်စခန်းတွင်နေထိုင်သည့် အမျိုးသားတဦးကို သံသယမှုဖြင့်ဖမ်းဆီးထားကြောင်း၊ နောက်ထပ် ပူးပေါင်းပါဝင်သူများ ရှိ၊မရှိကိုလည်း ဆက်လက်စစ်ဆေးနေသည်ဟု KIAပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

    “စစ်ရှောင်စခန်းကြားမှာ သွားလာနေရင် ပြန်ပေးဆွဲသွားတယ်လို့ စစ်ဆေးရေးအဖွဲ့တွေက ပြောကြတယ်။ လောလောဆယ်တော့ တယောက်ပဲ ဖမ်းမိတယ်။ နောက်ထပ်(ကျူးလွန်သူ)ရှိမလားတော့ မပြောတတ်ဘူး” ဟု ၎င်းကပြောသည်။

    လူသတ်မှု၊ပြန်ပေးဆွဲမှုသံသယများဖြင့် ဖမ်းဆီးခံထားရသူသည် အသက် ၂၅နှစ်အရွယ် အုန်းဆောင်းဒွဲအောင် (Ung Sau Doi Awng) ဆိုသူဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် 7Stars News သတင်းဌာနက ရေးသားထားသည်။

    ဖမ်းဆီးခံထားရသူ၏ဇနီးသည် သေဆုံးသွားသည့်ကလေးငယ်များ၏ဆရာမဖြစ်ကြောင်း၊ အဆိုပါအမျိုးသားသည် ကလေးငယ်များကို ဖမ်းဆီးသွားပြီးနောက် မိဘများထံသို့တရုတ်ငွေယွမ် ၃ သိန်းဖြင့် ပြန်ရွေးရန် ဆက်သွယ်ပြောဆိုခဲ့သည်ဟု 7Stars Newsက ဖော်ပြထားသည်။

    ဓားစာခံများကို ငွေကြေးနှင့်လဲလှယ်ရန် ပြန်ပေးသမားက တောင်းဆိုသည့်အချက်ကို KIA ပြောခွင့်ရအရာရှိကလည်း အတည်ပြုသည်။

    ဖမ်းဆီးရမိသည့် ပြန်ပေးဆွဲသမားမှာ ဂျေယန်းစစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ မိန်းကလေးငယ်သုံးဦးကို ဖမ်းဆီးပြီးနောက် တရုတ်ငွေ ယွမ်၃သိန်း (ကျပ်သိန်း ၁၂၀၀ခန့်) တောင်းယူသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

    ၂၀၁၁ ခုနှစ်က စစ်တပ်နှင့် KIA တို့အကြား တကျော့ပြန် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သိန်းနှင့်ချီသည့် ကချင်တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး စစ်ဘေးရှောင်စခန်းများတွင် ယနေ့အထိ ခိုလှုံနေရဆဲဖြစ်သည်။

    အဆိုပါစစ်ရှောင်စခန်းများအနက် တစ်ခုအပါဝင်ဖြစ်သည့် ဂျေယန်းစစ်ရှောင်စခန်းမှာလည်း စစ်ဘေးရှောင် ၈၀၀၀၀ ထက်မနည်း ခိုလှုံနေသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

    လိုင်ဇာအနီး စစ်ရှောင်စခန်းက မူလတန်းကျောင်းသူ ၃ဦးကို သတ်ဖြတ်တဲ့ တရားခံကိုဖမ်းမိပြီလို့ဆို

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးရှိ ဂျေယန်း စစ်ရှောင်စခန်းက မူလတန်းကျောင်းသူ ကလေးငယ် ၃ ဦးအားသတ်ဖြတ်တဲ့ တရားခံကိုဖမ်းမိပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

    အသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ် ၃ဦးဟာ ဖေဖော်ဝါရီ ၂၂ ရက်​နေ့ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ KIAသတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ ကလေးငယ်​တွေရဲ့မိဘတွေနဲ့ တာဝန်ရှိသူတွေပူးပေါင်းရှာဖွေနေတယ်လို့ ဖေဖော်ဝါရီ ၂၅ရက်​နေ့ ညမှာ သတင်းဖော်ပြခဲ့တာပါ။

    KIA နဲ့ ကချင်ဒေသသတင်းတွေ ဦးစား​ပေး​ဖော်ပြ​နေတဲ့ 7Stars News ရဲ့ ဒီကနေ့ သတင်းဖော်ပြချက်မှာတော့ ကလေးငယ် ၃ဦးဟာ ပြန်ပေးဆွဲခံရတာဖြစ်ပြီး အသက် ၂၅နှစ်အရွယ် တရားခံအမျိုးသားကို ဖမ်းမိပြီလို့ အသိပေးထားပါတယ်။ ကျူးလွန်သူဟာ ကလေးငယ်တွေရဲ့ ဆရာမ ရဲ့ ခင်ပွန်းဖြစ်ပြီး ကလေးငယ်တွေကို ချော့မော့ခေါ်ဆောင်ကာ မိဘတွေဆီကို ငွေနဲ့လာရွေးဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း၊ ကျူးလွန်သူကို ဖေဖော်ဝါရီ ၂၅ရက်ညပိုင်းမှာ ဖမ်းမိခဲ့ပြီး ကလေးငယ် သုံးဦးထဲက ၂ဦးရဲ့ အလောင်းကို မနေ့ညက တွေ့ရကာ ၁ဦးရဲ့ အလောင်းကို ဒီမနက်မှာ တွေ့ရတာလို့ ဖော်ပြထားပါတယ်။

    ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “ ဖမ်းမိတာ သေချာတယ်။ တရားခံကို စစ်ဆေးနေတုန်း”ဟု ယမန်နေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။

    အခြား သတင်းရင်းမြစ်တစ်ဦးက ကလေးငယ်​တွေကိုဖမ်းဆီးခံရစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့နဲ့ ကလေးငယ်တစ်ဦးကို ကြိုးဆွဲချတဲ့အနေအထားနဲ့သတ်ဖြတ်ထားတဲ့ဓာတ်ပုံကို ပြသပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ KIO ဘက်ကလည်း တရားဝင်ထုတ်ပြန်ကြေညာလာတာ ဘာမှတော့ မရှိသေးပါဘူး။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    အသက်ငယ်ရွယ်တဲ့ ကလေးငယ်တွေဘေးကင်းစေရေးအတွက် မိဘတွေအနေနဲ့ ပိုမိုသတိထားဂရုစိုက်ကြဖို့လည်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

    ဂျေယန်းစစ်ရှောင်စခန်းဟာ မြန်မာ-တရုတ်နယ်စပ်မှာရှိပြီးတော့ ၂၀၁၁ ကချင်ဒေသ တကြော့ပြန်စစ်ပွဲစတင်ချိန်ကတည်းက ကချင်စစ်ရှောင်ပြည်သူတွေ ကြာလကြာရှည်စွာနေထိုင်နေကြရတဲ့ ဒုက္ခသည်စခန်းဖြစ်ပါတယ်။

    (အသတ်ခံရ​သောက​လေးငယ်​တွေရဲ့ရုပ်အ​လောင်းနဲ့ ငို​ကြွေး​နေတဲ့မိသားစုဝင်​တွေ။ရုပ်သံ-​ပေးပို့)

  • ရဲတပ်ဖွဲ့က သာသနာတံဆိပ် ကားဖြင့် သွားလာနေစဉ် တိုက်ခိုက်

    ရဲတပ်ဖွဲ့က သာသနာတံဆိပ် ကားဖြင့် သွားလာနေစဉ် တိုက်ခိုက်

    ငဖဲမြို့နယ်တွင် ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်သော ရဲတပ်ဖွဲ့က သာသနာတံဆိပ် ကားဖြင့် သွားလာနေစဉ် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်သော ရဲတပ်ဖွဲ့က သာသနာတံဆိပ် ကားဖြင့် သွားလာနေစဉ် ပစ်ခတ် တိုက် ခိုက်ရာ ရဲ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၉ မိနစ်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့် သပြေစမ်းကျေးရွာ အကြားတွင် ဒုရဲအုပ်ရန်နိုင်ဌေး ဦးဆောင်သော ရဲ ၅ ဦး လိုက်ပါလာသော ကားကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း ရဲ ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသွားသော ရဲများထံမှ ၇၉ ၁ လက် ၊ ၄၀ မမ ဗုံးသီး ၂ လုံး ၊ MA-13 သေနတ် ၁ လက်၊ MA-13 ကျည် ၁၃၀ တောင့် ၊ G-3 ကျည် ၁၂၀တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ခြောက်လုံးပြူး သေနတ် ၁ လက် ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ မှတ်ပုံတင်ကတ်နှင့် ဝန်ထမ်း ကတ်များ သိမ်ဆည်းရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် မှတ်၅ တပ်ရင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ သရက်ခရိုင်အမှတ် ၅ တပ်ရင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုအပ်ကြောင်း အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • ဗောဓိတထောင်အနီး စစ်ကောင်စီ၏တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

    ဗောဓိတထောင်အနီး စစ်ကောင်စီ၏တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

    စစ်ကောင်စီတပ် သေဆုံးမှုရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းရဟုဆို

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်နယ်မြေရှိ စစ်ကောင်စီတပ်စွဲထားသော တာဝါတိုင်းကုန်းရုပ်သံထပ်လွှင့်ရုံစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။

    မုံရွာမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းတွင်ရှိသော အဆိုပါတာဝါတိုင်စခန်းကုန်းအား ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲစတင်ခဲ့ခြင်းဟု ဆိုသည်။

    “လက်နက်ခဲယမ်းတွေရတာလည်း ရှိသလို။စစ်ကောင်စီတပ်က အရာရှိအဆင့်အချို့အပါအဝင် ၁၀ဦးလောက် သေတာရှိတယ်။ထွက်ပြေးသွားကြတာလည်း ရှိတယ်။တချို့ ဖမ်းမိတာရှိတယ်လို့လည်း သိရတယ် “ဟု စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    အဆိုပါ စခန်းအားသိမ်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် အပါအဝင် စက်တပ်လေထီးဖြင့်ပါ တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    “ရဲဘော်တွေ အားလုံးဘေးကင်းတယ်။လောလောဆယ်ဒီလောက်ပဲ ပြောနိုင်သေးတယ်”ဟု မုံရွာခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

    လက်နက်၊ခဲယမ်းနှင့် စစ်သုံ့ပန်းရရှိမှုနှင့်ပတ်သက်၍ ၎င်းက ပြောဆိုခြင်း မရှိပေ။

    မုံရွာခရိုင်ကွပ်ကဲရေးက ဦးဆောင်၍ ဒေသခံ ဗျူဟာများ၊ စစ်ဒေသ တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် ပကဖများနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟုလည်း ၎င်းက အသိပေးသည်။

    “မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်က ထနောင်းတောရွာကနေ ခွဲထွက်တဲ့လမ်းပိုင်းရဲ့အဆုံးမှာ ဗောဓိတထောင် ရှိတာ။အဲဒီမှာက စခတွေအင်အား ၃၀ ထက်မနည်းဘူး ရှိတယ်။ဒီနေ့က မုံရွာထဲက နေ လက်နက်ကြီးနဲ့ပစ်တာ ၁၀လုံးထက်မနည်း တော်တော်နီးနီးကို ကြားရတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် မုံရွာ-ဗောဓိလမ်းပိုင်း၊ ကျောက္ကာ- ဗောဓိ လမ်းပိုင်းတို့ကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ယာယီပိတ်ထားပြီး ပြန်လည်အသုံးပြုရမည့်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ထားသည်။

    မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ

    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ MRTV အသံလွှင့် တာဝါတိုင် (ဗောဓိတစ်ထောင်) စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်း မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦးဖြင့် ထိန်းချုပ်ထားသော MRTV အသံ လွှင့် တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်) စခန်းကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁၁ ဦး သေဆုံးခဲ့သည်။

    ထို့ပြင် စခန်းကုန်းအတွင်းမှ ရဲများကိုင်ဆောင်သောအသုံးပြုသော G-3 အမျိုးအစား သေနတ် ၅ လက်၊ Uzi အမျိုးအစား သေ နတ် ၃ လက်၊ M-79 အမျိုးအအစား သေနတ် ၂ လက်၊ G-3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ် ၆ ခုနှင့် TV ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ပွဲအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ Paramotor ၂ စီး၊ တံတားဦး လေ တပ်မှ Mi-35 ၁ စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် ၁၄ ကြိမ်ခန့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “ဗောဓိတာကုန်းတာဝါတိုင်စခန်း သိမ်းခံရတာ၊ အောက်ကနေ ပစ်ကူလည်းပေးတယ်၊ အပေါ်ကနေ Mi35 နဲ့ လည်းလာကူတယ်။ ဗောဓိကုန်းနားမှာ ပတ်ဝဲနေတာ။ လက်နက်ကြီးတွေပစ်တာက မြို့ပေါ် ရပ်ကွက်ထဲအထိ ကျတယ်။ ထိခိုက်ပျက်စီးမှုကတော့ မသိရဘူး ၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက် ကတော့ ထိ ခိုက်မှုမရှိဘူးလို့ ပြောပါတယ်” ဟု မုံရွာမြို့စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ် ကဲရေးရုံးအဖွဲ့၊ မုံရွာ ခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ် ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    (ဓာတ်ပုံ – ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် တပ်ရင်း(၃)မှ ရဲဘော်များပြန်လာကြစဉ်)

  • လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်

    လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် ၊ အကြမ်းဖက်စစ်သား ၅ ဦးသေ

    ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီနေ့မနက် ၆ နာရီ ၅ မိနစ်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၅၀၂ စစ်တောင်းစစ်ကြောင်း ၊ ဖြူးမြို့နယ် ပကဖ က တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

    တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၀ နာရီ ၃၅ မိနစ် မှာလည်း ဖြူးမြို့နယ် ၊ ရန်ကုန် -မန္တလေး လမ်းဟောင်းပေါ်ရှိ ဂျေရမ်ပူရွာက အကြမ်းဖက်စစ်တပ်ဂိတ် ကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို အာဠာဝက စစ်ကြောင်း (၇၈၀၃) ၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂) ၊ ရန်ကုန် ပကဖ နဲ့ ဖြူး ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

    တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က တစ်ဦးသေပြီး ၂ ဦးဒဏ်ရရှိခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

  • ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ​ရေ၊ ​လေမှ ခုခံ​နေ

    ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ​ရေ၊ ​လေမှ ခုခံ​နေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။

    ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ဓညဝတီရေတပ်ဌာနချုပ်နှင့် လေးမိုင်အကွာ ဦးကင်းကျေးရွာတွင် AAနှင့် စစ်ကောင်စီတို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စစ်တပ်က ရေတပ်ဝန်းကျင်ကရွာတွေနဲ့ တောင်တန်းတွေဘက်ကို နေ့တိုင်းပစ်တယ်။ သစ်ပုတ်တောင်ကို ပိတ်ဆို့ထားတာ ဒီနေ့တော့ ရွာသားအချို့ ထွက်ပြေးခွင့်ရတယ်ကြားပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

    ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ဦးကင်း၊ စည်မော်၊ ကြတ္တိန်ကျေးရွာအနီးကို AAက ထိန်းချုပ်ပိတ်ဆို့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က စစ်ကောင်စီတပ်များကို စတင်
    တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ရက်နေ့ နေ့လယ် နှစ်နာရီဝန်းကျင်ခန့်ကလည်း ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဦးကင်းကျေးရွာမှ ဒေသခံလေးဦးသေဆုံးခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညနေပိုင်းမှစတင်ကာ AAက ဓညဝတီရေတပ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် ခုခံနေခဲ့ခြင်းဖြစ်သည်။

    ဓညဝတီရေတပ်ဌာနချုပ်အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ကင်းပုန်းများဝပ်ကာ ဖြတ်သန်းသွားလာမှုများကို တားမြစ်ထားပြီး ရေတပ်ဌာနချုပ်အနီး ပင်
    လည်ပြင်တွင်လည်း တိုက်သဘ်ော ၁၀ စီးခန့်ဖြင့် ကင်းလှည့်ကာ တိုက်ပွဲဖြစ်ပွါးသည့်နေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။