ဖေဖော်ဝါရီ ၂၂ နေ့ကတည်းက ပြန်ပေးဆွဲခံထားရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းမှအသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ပြန်ပေးသမားက သတ်ဖြတ်လိုက်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပြန်ကြားရေးအရာရှိကအတည်ပြုသည်။

ဖေဖော်ဝါရီ ၂၂ နေ့ကတည်းက ပြန်ပေးဆွဲခံထားရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းမှအသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ပြန်ပေးသမားက သတ်ဖြတ်လိုက်ပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ပြန်ကြားရေးအရာရှိကအတည်ပြုသည်။

ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ အခြားတဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဓားစာခံသုံးဦးစလုံး သတ်ဖြတ်ခံခဲ့ရကြောင်း KIA ဘက်ကအတည်ပြုခဲ့ခြင်းဖြစ်သည်။

အမှုအတွက် အဆိုပါဒုက္ခသည်စခန်းတွင်နေထိုင်သည့် အမျိုးသားတဦးကို သံသယမှုဖြင့်ဖမ်းဆီးထားကြောင်း၊ နောက်ထပ် ပူးပေါင်းပါဝင်သူများ ရှိ၊မရှိကိုလည်း ဆက်လက်စစ်ဆေးနေသည်ဟု KIAပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“စစ်ရှောင်စခန်းကြားမှာ သွားလာနေရင် ပြန်ပေးဆွဲသွားတယ်လို့ စစ်ဆေးရေးအဖွဲ့တွေက ပြောကြတယ်။ လောလောဆယ်တော့ တယောက်ပဲ ဖမ်းမိတယ်။ နောက်ထပ်(ကျူးလွန်သူ)ရှိမလားတော့ မပြောတတ်ဘူး” ဟု ၎င်းကပြောသည်။

လူသတ်မှု၊ပြန်ပေးဆွဲမှုသံသယများဖြင့် ဖမ်းဆီးခံထားရသူသည် အသက် ၂၅နှစ်အရွယ် အုန်းဆောင်းဒွဲအောင် (Ung Sau Doi Awng) ဆိုသူဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် 7Stars News သတင်းဌာနက ရေးသားထားသည်။

ဖမ်းဆီးခံထားရသူ၏ဇနီးသည် သေဆုံးသွားသည့်ကလေးငယ်များ၏ဆရာမဖြစ်ကြောင်း၊ အဆိုပါအမျိုးသားသည် ကလေးငယ်များကို ဖမ်းဆီးသွားပြီးနောက် မိဘများထံသို့တရုတ်ငွေယွမ် ၃ သိန်းဖြင့် ပြန်ရွေးရန် ဆက်သွယ်ပြောဆိုခဲ့သည်ဟု 7Stars Newsက ဖော်ပြထားသည်။

ဓားစာခံများကို ငွေကြေးနှင့်လဲလှယ်ရန် ပြန်ပေးသမားက တောင်းဆိုသည့်အချက်ကို KIA ပြောခွင့်ရအရာရှိကလည်း အတည်ပြုသည်။

ဖမ်းဆီးရမိသည့် ပြန်ပေးဆွဲသမားမှာ ဂျေယန်းစစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ မိန်းကလေးငယ်သုံးဦးကို ဖမ်းဆီးပြီးနောက် တရုတ်ငွေ ယွမ်၃သိန်း (ကျပ်သိန်း ၁၂၀၀ခန့်) တောင်းယူသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

၂၀၁၁ ခုနှစ်က စစ်တပ်နှင့် KIA တို့အကြား တကျော့ပြန် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သိန်းနှင့်ချီသည့် ကချင်တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး စစ်ဘေးရှောင်စခန်းများတွင် ယနေ့အထိ ခိုလှုံနေရဆဲဖြစ်သည်။

အဆိုပါစစ်ရှောင်စခန်းများအနက် တစ်ခုအပါဝင်ဖြစ်သည့် ဂျေယန်းစစ်ရှောင်စခန်းမှာလည်း စစ်ဘေးရှောင် ၈၀၀၀၀ ထက်မနည်း ခိုလှုံနေသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

လိုင်ဇာအနီး စစ်ရှောင်စခန်းက မူလတန်းကျောင်းသူ ၃ဦးကို သတ်ဖြတ်တဲ့ တရားခံကိုဖမ်းမိပြီလို့ဆို

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးရှိ ဂျေယန်း စစ်ရှောင်စခန်းက မူလတန်းကျောင်းသူ ကလေးငယ် ၃ ဦးအားသတ်ဖြတ်တဲ့ တရားခံကိုဖမ်းမိပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

အသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ် ၃ဦးဟာ ဖေဖော်ဝါရီ ၂၂ ရက်​နေ့ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ KIAသတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ ကလေးငယ်​တွေရဲ့မိဘတွေနဲ့ တာဝန်ရှိသူတွေပူးပေါင်းရှာဖွေနေတယ်လို့ ဖေဖော်ဝါရီ ၂၅ရက်​နေ့ ညမှာ သတင်းဖော်ပြခဲ့တာပါ။

KIA နဲ့ ကချင်ဒေသသတင်းတွေ ဦးစား​ပေး​ဖော်ပြ​နေတဲ့ 7Stars News ရဲ့ ဒီကနေ့ သတင်းဖော်ပြချက်မှာတော့ ကလေးငယ် ၃ဦးဟာ ပြန်ပေးဆွဲခံရတာဖြစ်ပြီး အသက် ၂၅နှစ်အရွယ် တရားခံအမျိုးသားကို ဖမ်းမိပြီလို့ အသိပေးထားပါတယ်။ ကျူးလွန်သူဟာ ကလေးငယ်တွေရဲ့ ဆရာမ ရဲ့ ခင်ပွန်းဖြစ်ပြီး ကလေးငယ်တွေကို ချော့မော့ခေါ်ဆောင်ကာ မိဘတွေဆီကို ငွေနဲ့လာရွေးဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း၊ ကျူးလွန်သူကို ဖေဖော်ဝါရီ ၂၅ရက်ညပိုင်းမှာ ဖမ်းမိခဲ့ပြီး ကလေးငယ် သုံးဦးထဲက ၂ဦးရဲ့ အလောင်းကို မနေ့ညက တွေ့ရကာ ၁ဦးရဲ့ အလောင်းကို ဒီမနက်မှာ တွေ့ရတာလို့ ဖော်ပြထားပါတယ်။

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “ ဖမ်းမိတာ သေချာတယ်။ တရားခံကို စစ်ဆေးနေတုန်း”ဟု ယမန်နေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။

အခြား သတင်းရင်းမြစ်တစ်ဦးက ကလေးငယ်​တွေကိုဖမ်းဆီးခံရစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့နဲ့ ကလေးငယ်တစ်ဦးကို ကြိုးဆွဲချတဲ့အနေအထားနဲ့သတ်ဖြတ်ထားတဲ့ဓာတ်ပုံကို ပြသပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ KIO ဘက်ကလည်း တရားဝင်ထုတ်ပြန်ကြေညာလာတာ ဘာမှတော့ မရှိသေးပါဘူး။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အသက်ငယ်ရွယ်တဲ့ ကလေးငယ်တွေဘေးကင်းစေရေးအတွက် မိဘတွေအနေနဲ့ ပိုမိုသတိထားဂရုစိုက်ကြဖို့လည်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

ဂျေယန်းစစ်ရှောင်စခန်းဟာ မြန်မာ-တရုတ်နယ်စပ်မှာရှိပြီးတော့ ၂၀၁၁ ကချင်ဒေသ တကြော့ပြန်စစ်ပွဲစတင်ချိန်ကတည်းက ကချင်စစ်ရှောင်ပြည်သူတွေ ကြာလကြာရှည်စွာနေထိုင်နေကြရတဲ့ ဒုက္ခသည်စခန်းဖြစ်ပါတယ်။

(အသတ်ခံရ​သောက​လေးငယ်​တွေရဲ့ရုပ်အ​လောင်းနဲ့ ငို​ကြွေး​နေတဲ့မိသားစုဝင်​တွေ။ရုပ်သံ-​ပေးပို့)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *