ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် ၊ အကြမ်းဖက်စစ်သား ၅ ဦးသေ
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီနေ့မနက် ၆ နာရီ ၅ မိနစ်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၅၀၂ စစ်တောင်းစစ်ကြောင်း ၊ ဖြူးမြို့နယ် ပကဖ က တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၀ နာရီ ၃၅ မိနစ် မှာလည်း ဖြူးမြို့နယ် ၊ ရန်ကုန် -မန္တလေး လမ်းဟောင်းပေါ်ရှိ ဂျေရမ်ပူရွာက အကြမ်းဖက်စစ်တပ်ဂိတ် ကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အာဠာဝက စစ်ကြောင်း (၇၈၀၃) ၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂) ၊ ရန်ကုန် ပကဖ နဲ့ ဖြူး ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က တစ်ဦးသေပြီး ၂ ဦးဒဏ်ရရှိခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။


Leave a Reply