Category: News

  • ခမရ ၃၄၃ တပ်က  တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး  ထွက်ပြေး

    ခမရ ၃၄၃ တပ်က တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး ထွက်ပြေး

    ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ ခမရ ၃၄၃ တပ်က တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး ထွက်ပြေး

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ ခမရ ၃၄၃ က တပ်စွဲထားသည့်နေရာကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းရန် ဝိုင်းထားစဉ်တွင်ပင် အကြမ်းဖက်စစ်သားများအားလုံး ထွက်ပြေးသွားကြကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အကြမ်းဖက်စစ်သား စုစုပေါင်း ၁၅ ဦးဝန်းကျင် တပ်စွဲထားသည့် အာယုတောင်ရွာထိပ်နေရာကို ဝင်ရောက်စီးနင်းရန် ဝိုင်းထားစဉ်တွင် ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    ” တပ်က ထွက်ပြီးတော့ အဲဒီရော်ဘာခြံတည်နေရာတွေမှာ ကတုတ်ကျင်းလေးတွေ ပေါက်ပြီးတော့ ကင်းပုန်းဝပ်တယ်။ ဖြတ်သန်းသွားလာတာတွေကို စောင့်ပစ်တယ်။ စစ်ဆေးရေးထွက်စစ်လေ့ရှိတယ်။ ရွာသားတွေ သယ်ယူလာတဲ့ ဆေးပစ္စည်းတွေ ချခိုင်းတယ်။ အဲဒီနေရာကို ဝင်ရောက် ချေမှုန်းရေး ဝင်သွားချိန်မှာ တစ်ယောက်မှ မတွေ့တော့ဘူး သူတို့ဘက်က သတင်းရပြီး ထွက်ပြေးသွားတယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

    အကြမ်းဖက်စစ်သားများ ကင်းပုန်းဝပ်သည့်နေရာသည် အာယုတောင်ရွာထိပ်ရှိ ၃၄၃ စစ်တပ်၏ အနောက်ဘက်ဖြစ်ပြီး တပ်ထဲမှ ထွက်ကာ ကင်းပုန်းဝပ်ခြင်း ဖြတ်သန်းသွားသူများကို ပစ်ခတ်ခြင်း ၊ စစ်ဆေးခြင်းများ လုပ်ဆောင်လေ့ရှိသည့် နေရာဖြစ်ကြောင်း သိရှိရသည်။

  • ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်အတိုင်း စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါန်က ပြောဆိုသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီ ၂၈ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်း ၊တောင်မြောက်လမ်းဆုံအနီးရှိ ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့မရဲတပ်ဖွဲ့စခန်း ကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်း ၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ရန်ကုန်နှင့် အခြားနေရာအနှံအပြားတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို နေ့စဉ်ဒုက္ခပေးနေပြီး မတရား စစ်မှုထမ်း ဥပဒေကို အသုံးပြုကာ လူငယ်များကို ဖမ်းဆီးမှု၊ မိသားစုဝင်များကို ငွေညှစ်မှု များ လုပ်ဆောင်နေခြင်းကြောင့် ဖောက်ခွဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “အဓိကစစ်မှုထမ်းဥပဒေ တင်းကျပ်တာရယ်၊ မြို့နယ်ရဲစခန်းတွေကနေတစ်ဆင့် စစ်တပ်ဆီကို ပို့နေတာရယ်ကြောင့်” ဟု ရဲဘော်ပန်ဒါက ရှင်းပြသည်။

    Dark Shadow တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရရာနေရာမှ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်သား၊ရဲ ပျူစောထီးများနှင့် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများသို့ မသွားကြရန် ၊ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

  • မိတ္တီလာတွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    မိတ္တီလာတွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ တွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ ပခုက္ကူတိုက်တန်း ရမ်းကြီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် အကြမ်းဖက် စစ်တပ် သတင်းပေးဖြစ်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်မှုထမ်းရန် အတင်း အဓမ္မ ခိုင်းစေနေသူဖြစ်ကြောင်း၊ စစ်တပ် အလိုကျ စေခိုင်းမှုများတွင် ပါ၀င်နေသောကြောင့် ရာအိမ်မှူး အဆင့်မှ အုပ်ချုပ်ရေးမှူးသို့ အဆင့်သို့ တိုးမြှင့် တာ၀န်ထမ်းဆောင်နေသည်မှာ ၂ ရက်ခန့်သာရှိသေးကြောင်း သိရှိရသည်။

    “သေသွားတဲ့အုပ်ကြီးက ငွေလည်းချမ်းသာတယ်။ စစ်ဘောကို ကြိုက်လို့ မတဲ့သူပေါ့။ အဲဒါက အခု သူသေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ လူငယ်တွေကို လျှောက်ဖမ်းနေတာ။ အဖမ်းခံရာ ၅၀ ကျော်လောက်လောက်ရှိတယ်။ အကုန်ဆက်ဖမ်းနေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

    ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တချို့ကမူ အုပ်ချုပ်ရေးမှူး ဇော်မင်းဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့သော ရဲဘော်များမှာ လွတ် ကင်းကြောင်း၊ စစ်တပ်က ပြည်သူများကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    သေဆုံးသူ အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် စက်သုံးဆီရောင်းဝယ်ရေးလုပ် ကိုင် သူဖြစ်ပြီး စစ်တပ်၊ ရဲများနှင့် တပူးပူး တတွဲတွဲ ပူးပေါင်းသွားလာနေသူဖြစ် ကြောင်း၊ သေဆုံးချိန်တွင် ဇော်မင်းဦးမှာ အသက် ၅၂ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

  • ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

    ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

    စစ်အာဏာရှင်များကို တိုက်ခိုက်နေရာတွင် ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။

    ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

    ရန်သူအပေါ် မညှာတမ်းတိုက်ခိုက်ရမည်ဖြစ်ပြီး ပြည်သူများအပေါ်တွင် အဖြောင့်မတ်ဆုံးရိုးသားရမည်ဖြစ်ကြောင်း၊ ယင်းမှာ တော်လှန်ရေး၏ ကျင့်ဝတ်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

    “ကျနော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ် ”ဟု ယာယီသမ္မတ ဒူဝါလရှီးလက က ပြောဆိုသည်။

    ထို့ပြင် မြန်မာနိုင်ငံ ပြည်တွင်းရေး ပဋိပက္ခ အခြေအနေမှာ ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ ပါဝင်ပတ်သက်မှုကြောင့် သက်ဆိုးရှည်စေရန် ပံ့ပိုးမှုဖြစ်နေကြောင်း၊ NUG အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက်ချည်းကပ်ဆက်ဆံနိုင်ရေး အဖြေရှာရန် လိုအပ်နေကြောင်း ယာယီ သမ္မတက ပြောဆိုသည်။

    “ ကျနော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှု တွေကြားထဲမှာပြည်တွင်းနိုင်ငံရေးကို ရုန်းထ နေရတဲ့ အခြေအနေမှာ ရှိပါသည်။အထူးသဖြင့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုး ရှည်အောင် အပံ့အပိုးဖြစ်နေတာတွေ တွေ့ရပါသည်။ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်း ဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါသည်။ ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ” ဟု ၎င်းက ပြောဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များက ယခုလပိုင်းအတွင်း ပဲခူးနှင့်ရန်ကုန်ဒေသများကို စိုးမိုးနိုင်ရေးအတွက် တပ်များ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်ထားသည်။

  • ရွှေဘိုက ပျူစောထီးစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးကင်းစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ PDF အဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ ခွန်တောင်ကြီးရွာနဲ့ ခွန်တောင်ကြီး-ညောင်ကန်ရွာလမ်းပေါ်ရှိ ပျူစောထီးအဖွဲ့တွေရဲ့ ကင်းစခန်းနေရာနေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ” ညောင်ကန်ဘက်ကို ဝင်လာတာမို့လို့ ဒီဘက်နေပြီးတော့ သူတို့ရွာကင်းတွေပြန်ဆုတ်သွားတဲ့အချိန်မှာ ဒရုန်းတွေနဲ့ဗုံးချတာ”လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ဒရုန်းဗုံးချတိုက်ခိုက်မှုမှာ ခွန်တောင်ကြီးရွာပျူစောထီးစခန်းက ပျူစောထီး ၁ ဦးသေဆုံးပြီး တိုက်ခိုက်ခံရတဲ့ ပျူစောထီးစခန်း ၃ ခုက ဒဏ်ရာရရှိသူ ပျူစောထီး ၈ ဦးရှိတယ်လို့ ၎င်းက ဆိုပါတယ်။

    ခွန်တောင်ကြီးကျေးရွာက ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၅၀ ခန့်ရှိသလို စစ်ကောင်စီအင်အားလည်း ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၁၉ ရက်က ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာက ပျူစောထီးခေါင်းဆောင် အောင်ကျော်ရဲ့ညီမဖြစ်သူ ဦးဆောင်ပြုလုပ်နေတဲ့ ရှင်ပြုအလှူ ဒရုန်းဗုံးချခံရလို့ ကလေး ၁ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

    ပုံစာ – ကန့်ဘလူမြို့နယ်မှပြည်သူ့စစ်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။