📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

—

by

in

စစ်အာဏာရှင်များကို တိုက်ခိုက်နေရာတွင် ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။

ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ရန်သူအပေါ် မညှာတမ်းတိုက်ခိုက်ရမည်ဖြစ်ပြီး ပြည်သူများအပေါ်တွင် အဖြောင့်မတ်ဆုံးရိုးသားရမည်ဖြစ်ကြောင်း၊ ယင်းမှာ တော်လှန်ရေး၏ ကျင့်ဝတ်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

“ကျနော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ် ”ဟု ယာယီသမ္မတ ဒူဝါလရှီးလက က ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ ပြည်တွင်းရေး ပဋိပက္ခ အခြေအနေမှာ ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ ပါဝင်ပတ်သက်မှုကြောင့် သက်ဆိုးရှည်စေရန် ပံ့ပိုးမှုဖြစ်နေကြောင်း၊ NUG အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက်ချည်းကပ်ဆက်ဆံနိုင်ရေး အဖြေရှာရန် လိုအပ်နေကြောင်း ယာယီ သမ္မတက ပြောဆိုသည်။

“ ကျနော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှု တွေကြားထဲမှာပြည်တွင်းနိုင်ငံရေးကို ရုန်းထ နေရတဲ့ အခြေအနေမှာ ရှိပါသည်။အထူးသဖြင့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုး ရှည်အောင် အပံ့အပိုးဖြစ်နေတာတွေ တွေ့ရပါသည်။ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်း ဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါသည်။ ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ” ဟု ၎င်းက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များက ယခုလပိုင်းအတွင်း ပဲခူးနှင့်ရန်ကုန်ဒေသများကို စိုးမိုးနိုင်ရေးအတွက် တပ်များ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်