📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရွှေဘိုက ပျူစောထီးစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး

—

by

in

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးကင်းစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ PDF အဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ ခွန်တောင်ကြီးရွာနဲ့ ခွန်တောင်ကြီး-ညောင်ကန်ရွာလမ်းပေါ်ရှိ ပျူစောထီးအဖွဲ့တွေရဲ့ ကင်းစခန်းနေရာနေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ညောင်ကန်ဘက်ကို ဝင်လာတာမို့လို့ ဒီဘက်နေပြီးတော့ သူတို့ရွာကင်းတွေပြန်ဆုတ်သွားတဲ့အချိန်မှာ ဒရုန်းတွေနဲ့ဗုံးချတာ”လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်မှုမှာ ခွန်တောင်ကြီးရွာပျူစောထီးစခန်းက ပျူစောထီး ၁ ဦးသေဆုံးပြီး တိုက်ခိုက်ခံရတဲ့ ပျူစောထီးစခန်း ၃ ခုက ဒဏ်ရာရရှိသူ ပျူစောထီး ၈ ဦးရှိတယ်လို့ ၎င်းက ဆိုပါတယ်။

ခွန်တောင်ကြီးကျေးရွာက ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၅၀ ခန့်ရှိသလို စစ်ကောင်စီအင်အားလည်း ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာက ပျူစောထီးခေါင်းဆောင် အောင်ကျော်ရဲ့ညီမဖြစ်သူ ဦးဆောင်ပြုလုပ်နေတဲ့ ရှင်ပြုအလှူ ဒရုန်းဗုံးချခံရလို့ ကလေး ၁ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ်မှပြည်သူ့စစ်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်