Category: News

  • ပုပ္ပါး-တောင်သာလမ်းကို ညဘက် မသွားလာဖို့ PGF ထုတ်ပြန်

    ပုပ္ပါး-တောင်သာလမ်းကို ညဘက် မသွားလာဖို့ PGF ထုတ်ပြန်

    မန္တလေးတိုင်းအတွင်းက ပုပ္ပါး-တောင်သာလမ်းကို ပြည်သူတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF) က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ထုတ်ပြန်တာလို့ Popa Guerilla Force(PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

    “စစ်ကောင်စီက အဓိက ညဘက်တွေမှာ စစ်ရေးလှုပ်ရှားလာတာတွေရှိတယ်။ ခရီးသည်တင်ကားတွေနဲ့ လိုက်လာတာတွေရှိတယ်။ ညဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေက အပြင်မထွက်ရဲကြဘူး။ ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မထွက်ဖို့ ထုတ်ပြန်တာဖြစ်တယ်”

    ညဘက်မှာ ပြည်သူတွေမသွားလာရင် စစ်ရေးဖော်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာအောင် လုပ်နိုင်မယ်လို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။

    ကျန်းမာရေးကိစ္စအပါအဝင် အရေးကြီးကိစ္စနဲ့ ညဘက်မှာ သွားလာဖို့လိုအပ်ရင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားလာနိုင်တယ်လို့လည်း PGF က ပြောထားပါတယ်။

    စစ်ရေးအရှိန်မြှင့်မှာကြောင့် တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ ထိခိုက်မှုတွေမဖြစ်ရအောင် မလိုအပ်ဘဲ ခရီးမသွားဖို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။

    ကျောက်ပန်းတောင်မြို့နယ်မှာ ပြည်သူတွေထံက ငွေကြေတောင်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PGF တပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုပ္ပါးတောင်မကြီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို PGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    Popa Guerilla Force(PGF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Photo: PGF)

  • အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်ကို သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဉ် ကံမြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကံမြင့်၏ မယားဖြစ်သူ ခင်ဝင်းက တော်လှန်ရေး တပ်ဖွဲ့များကို ဓားမဖြင့် ခုတ်ရန် ပြေးလာစဉ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခင်ဝင်းပါ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ကံမြင့်သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ဘက်သို့ ပျူစောထီး ၂၀ ဦးကို စစ်သင်တန်း ပို့ဆောင်ရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာအတွင်းတွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်နေသူ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး အခွန်ကြေး၊ ဆက်ကြေးများ ကောက်ခံနေသူဖြစ်ကာ ပြည်သူများနှင့် PDF အဖွဲ့များကို စုံစမ်းလေ့လာနေသူလည်း ဖြစ်ကြောင်း၊ ကံမြင့်က ပျူစောထီး သင်တန်းဆင်းပြီး ပြန်လာသူများကိုလည်း မြို့လည်ချောင်း-ရှမ်းကွင်း-ဂွေးကောင်းပင် လမ်းဆုံများရှိ ပျူစောထီး ဂိတ်စခန်းများတွင် အထိုင်ချရန် လယ်ကွက်များ ကြိုတင်ဝယ်ယူထားသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကိုမိုးကြိုးလေး⁩က ရှင်းပြသည်။

    ” အုပ်ချုပ်‌ရေးမှူး ဦးကံမြင့်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲက ရဲဘော်တွေက နေအိမ်ထဲ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာ နေရာမှာ ပွဲချင်းပြီးသေဆုံးတယ်။ သူ့မယား ဖြစ်သူ ခင်ဝင်းက သူတို့ဖွဲ့စည်းထားတဲ့ ပျူစောထီတွေရှိနေသလိုနဲ့ အော်ပြီး ကျနော်တို့ ရဲဘော်တွေကို ဓားမနဲ့ ပြေးခုတ်လို့ ထပ်မံ ပစ်ခတ်ခဲ့တာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ပြောဆိုသည်။

    ဆက်လက်၍ စစ်ရေးမြှင့်တင် လှုပ်ရှားဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ‌ပျူစောထီးဒေါက်တိုင်များ စစ်ကောင်စီ ယန္တရားများနှင့်‌ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာနေထိုင်ကြရန် မေတ္တာခံလိုကြောင်း၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့သည် စစ်အာဏာရှင် စနစ်ဆိုးကြီးအမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုမိုးကြိုးလေးက ဆက်လက်ပြောဆိုသည်။

  • ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ

    ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ

    တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ

    နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

    အထူးသဖြင့် အာရက္ခတပ်တော် AA ဟာ ဂွမြို့သိမ်းတိုက်ပွဲအပြီး ဧရာ၀တီတိုင်းနယ်စပ်အထိ ရောက်ရှိလာကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

    နွေဦးတော်လှန်ရေးကာလတွေမှာ နိုင်ငံတစ်ဝန်း အငြိမ်သက်ဆုံးဖြစ်ခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ သာပေါင်းမြို့နယ်၊ ရခိုင်ရိုးမအစပ်က ငါးသိုင်းချောင်းအနီးနဲ့ ကမ်းရိုးတမ်းဒေသ ငွေသောင်ယံနဲ့ အနည်းငယ်သာကွာဝေးတော့ မကျီးဇင်-ဘောမိဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

    လက်ရှိအချိန်အထိလည်း သာပေါင်းဒေသနဲ့ မကျီးဇင်နားမှာ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ ပုသိမ်အနီးအထိပါ ခံစစ်အနေအထားနဲ့ ပြင်ဆင်လျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ဇန်နဝါရီလ နှစ်ပတ်တာအတွင်းမှာ တိုက်ပွဲ ၉ ခုထိ အများဆုံးဖြစ်ပွားခဲ့တာကတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်ရာနေရာမှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ အဓိကတပ်ဖွဲ့ဝင်တွေထဲမှာ အာရက္ခတပ်တော် AA နဲ့ ဒေသခံ တပ်ပေါင်းစုတွေ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်လေ့ကျင့်ရေး တပ်သားတွေနဲ့ ထုတ်နုတ်အင်အားတွေကို ပို့ဆောင်နေပေမယ့် ထွက်ပြေးသူများပြားကာ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ များပြားနေတယ်လို့လည်း သိရပါတယ်။

  • သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်

    သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်

    သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ရွှေလုပ်ကွက်နေရာတွေ စစ်တပ်ကလေကြောင်းတိုက်ခိုက်

    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ရွှေလုပ်ကွက်နေရာတွေကိုလည်း စစ်တပ်ကလေကြောင်းတိုက်တာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီက ပြောပါတယ်။

    ဇန်နဝါရီ ၂၂ ရက်က ချောင်းကြီးကျေးရွာအနီးက ရွှေလုပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူတစ်ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်ထဲကနေရာကို စစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

    ဒီနေ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုတော့ မသိရသေးပါဘူး။

    သပိတ်ကျင်းမြို့နယ်အတွင်း အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က မကြာခဏပြုလုပ်လေ့ရှိပြီး လူသေဆုံးမှုတွေလည်းများပြားခဲ့ပါတယ်။

    လက်ရှိမှာ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ကျေးရွာအနီးနဲ့ (၇)မိုင်ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေရှိ​နေဆဲဖြစ်တာမို့ တော်လှန်ရေးတပ်တွေကို သက်ဆိုင်ရာက အင်တာဗျူးဖြေဆိုခွင့် ပိတ်ထားတယ်လို့လည်းသိရပါတယ်။

    ၂၀၂၄ ဒီဇင်ဘာ၂ ရက် ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်က ချောင်းကြီးကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း များပြားခဲ့ပါတယ်။

    (သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄၈) ခြေလျင်တပ်ရင်းရှေ့မှာတွေ့ရတဲ့ မန္တလေး PDF ရဲဘော်တွေ။ ဓာတ်ပုံ – မန္တလေး PDF)

  • ဓညဝတီရေတပ်ဌာနချုပ် အပါအဝင်​ ကျောက်ဖြူရှိတပ်ရင်းများအားလုံးကို AA ဝိုင်းပိတ်ဆို့ထား

    ဓညဝတီရေတပ်ဌာနချုပ် အပါအဝင်​ ကျောက်ဖြူရှိတပ်ရင်းများအားလုံးကို AA ဝိုင်းပိတ်ဆို့ထား

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် ​စစ်​ကောင်စီတပ်ရင်းများအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်​ကြောင်း စစ်​ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။

    စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီးရေတပ်ဌာနခွဲ၊ ကျောက်တလုံးဘုရားအနီးရှိ ​ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄) တို့ကို ပိတ်ဆို့ထားနိုင်​ကြောင်း CDM ဗိုလ်ကြီးဇင်​ယော်က ပြောသည်။

    “အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီရဲ့တပ်​တွေ ဓညဝတီ​ရေတပ်ဌာနချုပ်ကို​ရော၊ကျန်တဲ့တပ်ရင်း နှစ်ရင်းကို​ရော ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးပြီ။မ​နေ့ကတုန်းဆိုသစ်ပုတ်​တောင် ဓညဝတီ​ရေတပ်စခန်းဌာနချုပ်က​နေလက်နက်ကြီးနဲ့ပစ်တယ်။လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ အာရက္ခတပ်​တော်(AA)ဘက်က ​ကောင်တာပြန်ပစ်လို့ သူတို့လက်နက်ကြီး​နေရာ​ရွှေ့ရတယ်ဆို​တဲ့တပ်တွင်းသတင်းအရင်းအမြစ်​တွေဆီက​နေကျွန်​တော်တို့ ချက်ချင်းရတယ်”ဟု ၎င်းက​ ပြောသည်။

    ​ကျောက်ဖြူမြို့ကို အာရက္ခတပ်​တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီး ပြီးခဲ့သည့် ​(ဖေ​​ဖော်ဝါရီလ ၂၂ ရက်​နေ့နှင့် ၂၃ ရက်​နေ့)တွင် အာရက္ခတပ်​​တော်(AA) က သစ်ပုတ်​တောင်လမ်းခွဲတွင် စစ်​ကြောင်းထိုး​နေ​သော အမှတ်(၃၂)ရဲတပ်ရင်းမှစစ်​ကောင်စီတပ်ကို လမ်းတွင်ဖြတ်တိုက်ခဲ့​ခြင်း​ကြောင့်စစ်​ကောင်စီတပ်သားအများအပြား​သေဆုံးခဲ့​ကြောင်း ​ကျောက်ဖြူမြို့ရှိ ​AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က​ ပြောသည်။

    “တ​​နေ့ကနဲ့မ​နေ့ကသစ်ပုတ်​တောင်လမ်းခွဲကစစ်တပ်ကား​တွေကို AA က ဝင်စီးတာ၊ အ​ယောက် ၃၀ ​လောက်​သေတယ်။လက်နက်ကြီး၊လက်နက်ငယ်​တွေနဲ့အပြန်အလှန်ပစ်ကြတယ်။ ဓညဝတီ​ရေတပ်နားကို AA က ဝိုင်း​တော့ဝိုင်းထားတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင်ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ​ရေတပ်ဌာနချုပ်အနီး သစ်ပုတ်​တောင်​ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားပြီး​နောက်ရွာကိုစစ်​​ကောင်စီက​လေ​ကြောင်းမှဗုံးကြဲပြီး​ရေတပ်မှလက်နက်ကြီးများဖြင့်တိုက်ခိုက်​နေ​ကြောင်းသိရသည်။

    စစ်​ကောင်စီသည် သစ်ပုတ်​တောင်​ကျေးရွာကို ဖေ​ဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာ​​ရောက်ကြဲချခဲ့သလို ယ​နေ့​ဖေ​ဖော်ဝါရီလ ၂၄ ရက်နံနက်ပိုင်းမှ​ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများ​ တောက်​လျှောက်ပစ်ခတ်​နေ​ကြောင်း ​ကျောက်ဖြူမြို့သတင်းရင်းမြစ်တဦးက​ ပြောသည်။

    “​သစ်ပုတ်​တောင်ရွာနား နှစ်ရက်ရှိပြီတိုက်ပွဲဖြစ်တာ။ဒီ​​​နေ့တိုက်ပွဲမဖြစ်​သေးဘူး။မ​နေ့ညကသုံး​ခေါက်လာကြဲတာ။​ထိခိုက်သေဆုံးတာ​တွေ က သတင်းမရ​သေးဘူး။ အခု က လက်နက်ကြီး​တွေနဲ့ပစ်​နေတာ” ဟု ၎င်းက​ ပြောသည်။

    တိုက်ပွဲဖြစ်ပြီး​နောက် ​လေ​ကြောင်းအပြင် ​ရေတပ်က​နေလည်းမြင်​တွေ့သမျှကိုရမ်းသမ်းပစ်ခတ်​နေ​ကြောင်း ဗိုလ်ကြီးဇင်​ယော််က​​ဆိုသည်။

    “နေဗွီနဲ့လည်း မင်း​ချောင်းထဲက​နေ​​တောက်​လျှောက်သွားပြီး​တော့ထင်ရာမြင်ရာ​တွေ ​ရေထဲက​နေပစ်​နေတဲ့အ​နေအထား​တွေရှိတယ်။ အာရက္ခတပ်​တော်ဘက်ကလက်နက်ကြီး​တွေကစစ်​တွေမှာ​ရော ​ကျောက်ဖြူမှာ​ရောအထိုင်ချပြီးသွားပြီဖြစ်တဲ့အ​နေအထားပါ။တိုက်ပွဲအရှိန်မြင့်လာကို​စောင့်ကြည့်ရမယ့်အ​နေအထား ​အောက်​ခြေမှာ ready ဖြစ်ပြီ တပ်မှူးချုပ်​တွေမီးစိမ်းပြတာနဲ့တိုက်မယ့်အ​နေအထားပါ”ဟု ၎င်းက သုံးသပ်သည်။

    အာရက္ခတပ်​တော်(AA) က ရခိုင်ပြည်နယ်၊​ကျောက်ဖြူမြို့ရှိ အကြီးဆုံး ရေတပ်စခန်းဖြစ်​သော ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ယမန်နှစ် ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ ၈ ရက်)တွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့​သေးသည်။

    နပခ တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့သုံးမြို့သာသိမ်းပိုက်ရန်ကျန်တော့ပြီး ထိုမြို့သုံးမြို့မှာ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သော စစ်တွေ၊ ကျောက် ဖြူနှင့် မာန်အောင်မြို့တို့ ဖြစ်သည်။