တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ

နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

အထူးသဖြင့် အာရက္ခတပ်တော် AA ဟာ ဂွမြို့သိမ်းတိုက်ပွဲအပြီး ဧရာ၀တီတိုင်းနယ်စပ်အထိ ရောက်ရှိလာကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

နွေဦးတော်လှန်ရေးကာလတွေမှာ နိုင်ငံတစ်ဝန်း အငြိမ်သက်ဆုံးဖြစ်ခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ သာပေါင်းမြို့နယ်၊ ရခိုင်ရိုးမအစပ်က ငါးသိုင်းချောင်းအနီးနဲ့ ကမ်းရိုးတမ်းဒေသ ငွေသောင်ယံနဲ့ အနည်းငယ်သာကွာဝေးတော့ မကျီးဇင်-ဘောမိဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်အထိလည်း သာပေါင်းဒေသနဲ့ မကျီးဇင်နားမှာ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ ပုသိမ်အနီးအထိပါ ခံစစ်အနေအထားနဲ့ ပြင်ဆင်လျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဇန်နဝါရီလ နှစ်ပတ်တာအတွင်းမှာ တိုက်ပွဲ ၉ ခုထိ အများဆုံးဖြစ်ပွားခဲ့တာကတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်ရာနေရာမှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ အဓိကတပ်ဖွဲ့ဝင်တွေထဲမှာ အာရက္ခတပ်တော် AA နဲ့ ဒေသခံ တပ်ပေါင်းစုတွေ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်လေ့ကျင့်ရေး တပ်သားတွေနဲ့ ထုတ်နုတ်အင်အားတွေကို ပို့ဆောင်နေပေမယ့် ထွက်ပြေးသူများပြားကာ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ များပြားနေတယ်လို့လည်း သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


One response to “ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ”

  1. အမည်မဖော်လိုသူ Avatar
    အမည်မဖော်လိုသူ

    ဧရာ၀တီတိုင်းကို အမြန်ဆုံး ထိုးစစ်စဉ်ပေးကြပါ ဘ၀က တောင်ပြင်မှာလွတ်ထားတဲ့ ခွေးဖြစ်နေပြီမို့
    အုပ်ကြီးတွေကလည်း လုပ်စားနေကြတယ် အဆက်အသွယ်က မရှိတော့ သူတို့လုပ်သမျှငြိမ်ခံနေရတယ် ကူညီကြပါ

Leave a Reply

Your email address will not be published. Required fields are marked *