Category: News

  • တပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး

    တပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး

    ရွှေသောင်ယံမှတပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး

    ဂွ- ငသိုင်းချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ဒဏ်ရာရရှိကာ အင်အား ၂၀ ခန့် ဖြင့် ခုခံနေရ

    ရွှေသောင်ယံမှ တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိနေသည့် ဂွ- ငါးသိုင်းချောင်းဘက်ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထွက်ပြေးသွားကြောင်း သိရသည်။

    စစ်ကောင်စီသည် ရွှေသောင်ယံရှိ ခလရ ၁၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများနေခြင်း ကြောင့် ပြန်လည်ခေါ်ယူ၍ ဂွ- ငသိုင်းချောင်းလမ်းဘက်သို့ပို့ဆောင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ထိခိုက် သေဆုံးမှုများရှိနေပြီး အင်အား ၂၀ ခန့်ဖြင့် ခုခံနေရသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ပါ ထွက်ပြေးကြောင်း သိရသည်။

    စစ်ကောင်စီသည် ထိုသို့ ထွက်ပြေးသွားသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့၏ မိသားစုဝင်များကို ဖမ်းဆီးအကျပ်ကိုင်သဖြင့် ပြန်လာရပြီး နောက်တန်းတပ်ရင်းတွင်ကွပ်ကဲနေရကြောင်း သိရသည်။

    “ဝါးယားချောင်း ခလရ ၁၁က စိတ်ဓာတ်ကျနေကြတာ။ လူမရှိဘူးလေ။ ခလရ ၃၀၈ ကလည်း ဝါးယားချောင်းနဲ့ ကဇင်းတော အတိုက်ခံရရင် သူလည်းလူအင်အားမရှိဘဲ ခုခံရမှာ” ဟု သာပေါင်းဒေသ ခံတစ်ဦးက‌ ပြောသည်။

    သာပေါင်းမြို့အတွင်းရှိ စစ်ကောင်စီတပ်များ ဝင်တိုက်ခိုက်ခံရမည်ကို စစ်ကောင်စီက စိုးရိမ်နေရပြီး သာပေါင်း- ရေနံ့သာလမ်းပေါ်ရှိ သစ်တောစိုက်ခင်းရုံးတွင် အင်အားအချို့ သုံး၍ ကာကင်းစခန်းများ ပြုလုပ်ထားကြောင်း သိရသည်။

    ထို့အပြင်ကြက်သွန်ကွင်း လမ်းဆုံဂိတ်တွင်လည်း လှံစွပ်တပ်ခြံစည်းရိုးများကာထားပြီး ကတုတ်ကျင်း များတူးကာ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

    သာပေါင်းမြို့နယ်အတွင်းရှိ ဒေသခံများမှာ စစ်ရောက်ရှိလာမည်ကို စိုးရိမ်၍ စစ်ရှောင်လိုသော်လည်း စစ်ရှောင်ပါက မြို့နယ်ထွေအုပ်ရုံးအမိန့်ဖြင့် စစ်ရှောင်အိမ်များကို ချိတ်ပိတ်မည်ဟု ပြောဆို ထားသည့်အတွက် စစ်ရှောင်ရန်ခက်ခဲနေကြောင်း သိရသည်။

    ဓာတ်ပုံ- AA Info Desk

    ပုံစာ-ဂွမြို့သိမ်းစဉ်က တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

  • မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်မှအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ

    မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်မှအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ

    ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး

    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

    ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။

    ” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

    အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    မဲပလီဗျူဟာစခန်းအား KNLA ဦးဆောင်မှုဖြင့် PDF၊ BPLA နှင့် FFD တပ်ဖွဲ့ဝင်တို့ပူးပေါင်းတိုက်ခိုက်ပြီး အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကာ KNLA တပ်ဖွဲ့ဝင်တဦးနှင့် FFD မြေပြင်ချေမှုန်းရေး တပ်ဖွဲ့ဝင်တဦး ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အသက်ပေးခဲ့ပါသည်ဟု FFD ကလည်း ​ဖေ​ဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သည်။

    စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို ယမန်နေ့က အသိပေးထားသည်။

    “အာဏာသိမ်းမှု (၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ငါတို့ ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”ဟု ကိုဆောင်းခက လူမှုကွန်ရက်၌ ရေးသားထားသည်။

    မဲ့ပရိစခန်းသိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ (၅) တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုထားပြီး အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

    တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ကြီးနှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ/ ဖမ်းမိသော စစ်သုံ့ပန်းများ

  • ရှမ်းတောင် တပ်ရင်းနှစ်ခု MoD လက်အောက်မှ နုတ်ထွက်

    ရှမ်းတောင် တပ်ရင်းနှစ်ခု MoD လက်အောက်မှ နုတ်ထွက်

    ရှမ်း၊ ကယား (ကရင်နီ) နယ်စပ်တွင် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်နှစ်ဖွဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်မှ နုတ်ထွက်မည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာသည်။

    MoD ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (CoC) ဖြင့် လှုပ်ရှားနေသည့် အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ နှုတ်ထွက်ကြမည်ဖြစ်ပြီး အခြားစုဖွဲ့မှုပုံစံနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

    သဘောထားကြီးစွာဖြင့် နှုတ်ထွက်ခွင့်ပေးသည့် MoD အား ကျေးဇူးတင်ကြောင်းလည်း ထိုတပ်ရင်းများက ဆိုသည်။ MoD လက်အောက်တွင် မရှိဘဲ ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) အဖွဲ့နှင့် နုတ်ထွက်သည့်အဖွဲ့များ ပူးပေါင်းကြမည်ဖြစ်သည်။

    “တပ်ရင်းပြန်အပ်ရတဲ့ အကြောင်းအရင်းကတော့ ပြည်ထောင်စုအဆင့်ကနေ ပထဝီနိုင်ငံရေးအရ ရှမ်းတောင်ဒေသကို အခြေခံတဲ့တပ်အဖြစ်နဲ့ သွားမှ ရမယ်လို့ စဉ်းစားချက်ရှိလို့ပါ” ဟု နုတ်ထွက်ခွင့်တောင်းသည့် ၁၀၀၅ တပ်ရင်းမှူး ကိုဘုန်းကြီးက ရှင်းပြသည်။

    နှုတ်ထွက်သည့် တပ်ရင်းများသည် MoD လက်အောက်တွင် သုံးနှစ်ကျော် လက်နက်ကိုင်တော်လှန်ခဲ့သည့် တပ်ရင်းများဖြစ်ကြသည်။

    SSLRU နိုင်ငံရေးမှူး စိုင်းပန်ဖ က “ဒီလိုပေါင်းစည်းဖို့ လုပ်နေတာကြာပါပြီ၊ အခုလိုမျိုး ရှမ်းတောင်တပ်ရင်းတွေ တစုတစည်းတည်း ပေါင်းစည်းပြီး တော်လှန်မှ စစ်အာဏာရှင်စနစ်နဲ့ ယန္တရားကို ဖြိုဖျက်နိုင်မယ်ဆိုတဲ့ တူညီတဲ့ သဘောထား တွန်းအားတွေကြောင့် အခုလို စုဖွဲ့မှုအသစ်ကို လုပ်ဆောင်နိုင်တာဖြစ်တယ်” ဟု ပြောသည်။

    ကျန်ရှိနေသေးသည့် ရှမ်းတောင် တော်လှန်ရေးအင်အားစုများ ပါဝင်လာရန်လည်း စည်းရုံးဖိတ်ခေါ်သွားမည်ဖြစ်ပြီး ခိုင်မာအားကောင်းသည့် စုဖွဲ့မှုဖြစ်ရန် ကြိုးပမ်းမည်ဟုလည်း သူက ဆက်ပြောသည်။

    ရှမ်းပြည်တောင်ပိုင်းတွင် သက်တမ်းရင့်လက်နက်ကိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပအိုဝ်းပြည်သူစစ်၊ စစ်ကောင်စီအား တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) စသည့် အဖွဲ့များ အခြေစိုက်ကြသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည်လည်း ရှမ်းပြည်တောင်ပိုင်းတွင် ရံဖန်ရံခါ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် စုဖွဲ့ခဲ့သည့် ဂဠုန်စစ်ကြောင်း (P29908) သည်လည်း MoD လက်အောက်မှ ယခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် နုတ်ထွက်ကြောင်း ကြေညာထားသည်။

    ရှမ်းတောင် တပ်ရင်းနှစ်ခု MoD လက်အောက်မှ နုတ်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမှတ် ၁၀၀၅ SSPDF တပ်ရင်းနဲ့ အမှတ် ၁၀၀၈ SSRY တပ်ရင်းတို့ဟာ ရှမ်းတောင်ဒေသကိုအခြေခံတဲ့ တပ်တခုအဖြစ်ပြောင်းလဲဖို့ MOD အောက်က တပ်ရင်းအမှတ်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြန်အပ်နှံလိုက်တယ်လို့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

    ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU၊ SSRY နဲ့ SSPDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး စုဖွဲ့မှုပုံစံတမျိုးနဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပြီးဆုံးအောင်မြင်တဲ့အထိ လက်နက်ကိုင် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

    SSPDF တာဝန်ရှိသူက “ပြည်ထောင်စုအဆင့်ကနေ ပထဝီနိုင်ငံရေးအရ ရှမ်းတောင်ဒေသကို အခြေခံတဲ့တပ်အဖြစ်နဲ့သွားမှရမယ်လို့ စဉ်းစားမိကြလို့ပါ။ ရည်ရွယ်ချက်က ရှမ်းတောင်အခြေစိုက် တပ်တွေ တစုတစည်းတည်းဖြစ်ဖို့လိုအပ်တယ်ဆိုတာသဘောပေါက်ပြီး တူတဲ့သူတွေနဲ့ အရင်စုဖွဲ့တာပါ” လို့ ပြောပါတယ်။

    စုဖွဲ့မှုပုံစံအသစ်ကို မကြာခင်မှာ ပြည်သူကို အသိပေးထုတ်ပြန်ဖို့ရှိပြီး နောက်ထပ် ရှမ်းတောင်အင်အားစု ဘယ်သူကိုမဆို အတူတူပူးပေါင်းနိုင်ဖို့အတွက်လည်း ဖိတ်ခေါ်တယ်လို့ သူကပြောပါတယ်။

    SSRY ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ပြဿနာတစုံတရာဖြစ်တာမရှိပါဘူး။ NUG ရဲ့ စစ်ဒေသနဲ့ ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ သေချာဆွေးနွေးမှုပြုလုပ်ပြီး နုတ်ထွက်လိုက်တာပါ။ အေးအေးဆေးဆေး ပြေပြေလည်လည် အကုန်ဆွေးနွေးပြီး ခွင့်ပြုချက်ရမှ ထွက်လိုက်တာပါ” လို့ ပြောပါတယ်။

    ရှမ်းတောင်တပ်ရင်းတွေဟာ ကရင်နီနဲ့ မိုးဗြဲကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကို ပူးပေါင်း တော်လှန်နေကြပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ SSLRU က ရဲဘော် ၂ ယောက်နဲ့ SSRY က ရဲဘော်တယောက်တို့က မိုးဗြဲတိုက်ပွဲတနေရာမှာ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

  • ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ  အရာရှိ နှင့်စစ်သည်  ၃၄ ဦး ထွက်ပြေး

    ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ တပ်ရင်း ၊ အမတ ၃၄၄ တပ်ရင်း နှင့် လေ့ကျင့်ရေး ၆ မှ အရာရှိ အပါအဝင် တပ်သား ၃၁ ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်များကပြောဆိုသည်။

    ဇန်နဝါရီလ ၃၁ ရက်နေ့ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၁၁) မှ အရာရှိ အပါအဝင် တပ်သား ၁၄ ဦးနှင့် ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှ တပ်ကြပ် အပါအဝင် တပ်သား ၁၂ ဦးသည် လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

    အဆိုပါ စစ်ကောင်စီ တပ်သားများသည် ရွှေသောင်ယံမြို့ ဝက်သေဘက် နှင့် ရေကြည်မြို့နယ် မယ်ဇလီကုန်း၊ ကုန်းကြီးဘက်ရှိ ရှေ့တန်းစခန်းများမှ ထွက်ပြေးသွားခြင်းဖြစ်ပြီး ၎င်းတို့ကို ကျန်ရှိသော စစ်ကောင်စီ တပ်သားများ လိုက်လံရှာဖွေရဲခြင်းမရှိဘဲ မြို့အထွက်ဂိတ်များကိုသာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

    “ခလရ ၁၁ က အရာရှိအပါအဝင် ၁၄ ဦးနဲ့ အမတ ၃၄၄ က တပ်ကြပ် အပါအဝင် ၁၂ ဦး ထွက်ပြေးတာလို့ သိရတယ်။ သူတို့က ရွှေသောင်ယံမြို့က ဝက်သေဘက်နှင့် ရေကြည်မြို့နယ် မယ်ဇလီကုန်း ၊ကုန်းကြီးဘက်မှာရှိတဲ့ ရှေ့တန်း စခန်းတွေကနေ ပြေးတာလို့ သိရတယ်။ လက်နက်တွေလည်း ပါသွားတယ်။ ရှေ့တန်းမှာ ထွက်ပြေးကြတာဖြစ်တဲ့ အတွက် နောက်က လိုက်မရှာရဲဘူးလို့လည်း သိရတယ်။ ချောင်းသာဘက် ပြေးတယ်လို့ သတင်းရလို့ ဆိုပြီး မြို့အထွက်ကို စစ်ဆေးတာတွေလုပ်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း ပုသိမ်မြို့ရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်သား သစ် ၅ ဦး ထွက်ပြေးသွားကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များဖြင့် ဇင်ပြွန်ကုန်း‌ကျေးရွာထိ လိုက်လံရှာဖွေသော်လည်း လက်ရှိချိန်ထိ ပြန်တွေ့ခြင်းမရှိသေးကြောင်း သိရသည်။

    ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်လည်း အကြမ်းဖက် စစ်သား ၃ ဦးထွက်ပြေးသွားသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပဲခူးရိုးမ အတွင်း တောနင်းရှာဖွေနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းလှမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သား ၃ ဦးသည် ထွက်ပြေးသွားကြောင့် စစ်ကောင်စီ တပ်သားများက ပဲခူးရိုးမအတွင်းတောနင်းရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

    “ဘယ်စခန်းက ထွက်ပြေးလာတာလဲတော့ မသိဘူး။ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမ အစပ်မှာ စစ်ခွေးတွေရှာနေတာပဲ အခုထိတော့ မတွေ့သေးဘူးလို့ သိရတယ်။ လက်နက်တွေ ပါ မပါဆိုတာလည်း မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ မှ တပ်သားများ။

  • ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး

    ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး

    မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ

    ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန် နီးပါး တိုက်ပွဲပြင်း ထန် ခဲ့ကာ ကရင်နီပူးပေါင်းတော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန် ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲများဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီတပ်က ကရင်နီ-ရှမ်းတောင် အစပ်ရှိ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး အတွက် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသောကြောင့် နေ့စဉ် ထိတွေ့မှုများရှိနေခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ဒရုန်း၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

    ထို့အတူ ကရင်နီ – ရှမ်းတောင် အစပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်၌ တပ်စွဲထားသော စစ်ကောင် စီနှင့် PNO တို့ ပူးပေါင်း စခန်းကုန်းကို KNDF အပါအဝင်တော်လှန်ရေး တပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ လက်နက် ကြီး ငယ်အစုံ ၂၈ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်းကျေးရွာ ကြားသို့ စစ် ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF အပါအဝင် ကရင်နီ တော် လှန်ရေး တပ် ဖွဲ့များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီလ ၁ လတာအတွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များကို ရဲရင့်စွာတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

    ဇန်နဝါရီလ ၁ လတာအတွင်း ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီ မှ အကြောင်းမဲ့ လေ ကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်မှု ၃၀ ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    ထိုသို့ အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါ အဝင် စုစုပေါင်းအရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦး၊ ကိုယ် ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

    မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်း အထန်တိုက်ခိုက်ခဲ့ မှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၀ နီးပါးနှင့် ဘာသာရေးအဆောက်အအုံးများ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း ၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေ အိမ် ၃၈ လုံး နှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း ၂ ကျောင်း ၊ ဘုန်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီလ ၁ လတာအတွင်း စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ် ၁ ဦး ၊ တပ်သား ၉ ဦး စုစုပေါင်း တပ် ဖွဲ့ဝင် ၁၀ ဦးသည် သေ နတ် ၇ လက်နှင့်အတူ KNDF သို့ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။