📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး

—

by

in

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ တပ်ရင်း ၊ အမတ ၃၄၄ တပ်ရင်း နှင့် လေ့ကျင့်ရေး ၆ မှ အရာရှိ အပါအဝင် တပ်သား ၃၁ ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်များကပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၁၁) မှ အရာရှိ အပါအဝင် တပ်သား ၁၄ ဦးနှင့် ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှ တပ်ကြပ် အပါအဝင် တပ်သား ၁၂ ဦးသည် လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများသည် ရွှေသောင်ယံမြို့ ဝက်သေဘက် နှင့် ရေကြည်မြို့နယ် မယ်ဇလီကုန်း၊ ကုန်းကြီးဘက်ရှိ ရှေ့တန်းစခန်းများမှ ထွက်ပြေးသွားခြင်းဖြစ်ပြီး ၎င်းတို့ကို ကျန်ရှိသော စစ်ကောင်စီ တပ်သားများ လိုက်လံရှာဖွေရဲခြင်းမရှိဘဲ မြို့အထွက်ဂိတ်များကိုသာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

“ခလရ ၁၁ က အရာရှိအပါအဝင် ၁၄ ဦးနဲ့ အမတ ၃၄၄ က တပ်ကြပ် အပါအဝင် ၁၂ ဦး ထွက်ပြေးတာလို့ သိရတယ်။ သူတို့က ရွှေသောင်ယံမြို့က ဝက်သေဘက်နှင့် ရေကြည်မြို့နယ် မယ်ဇလီကုန်း ၊ကုန်းကြီးဘက်မှာရှိတဲ့ ရှေ့တန်း စခန်းတွေကနေ ပြေးတာလို့ သိရတယ်။ လက်နက်တွေလည်း ပါသွားတယ်။ ရှေ့တန်းမှာ ထွက်ပြေးကြတာဖြစ်တဲ့ အတွက် နောက်က လိုက်မရှာရဲဘူးလို့လည်း သိရတယ်။ ချောင်းသာဘက် ပြေးတယ်လို့ သတင်းရလို့ ဆိုပြီး မြို့အထွက်ကို စစ်ဆေးတာတွေလုပ်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း ပုသိမ်မြို့ရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်သား သစ် ၅ ဦး ထွက်ပြေးသွားကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များဖြင့် ဇင်ပြွန်ကုန်း‌ကျေးရွာထိ လိုက်လံရှာဖွေသော်လည်း လက်ရှိချိန်ထိ ပြန်တွေ့ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်လည်း အကြမ်းဖက် စစ်သား ၃ ဦးထွက်ပြေးသွားသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပဲခူးရိုးမ အတွင်း တောနင်းရှာဖွေနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းလှမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သား ၃ ဦးသည် ထွက်ပြေးသွားကြောင့် စစ်ကောင်စီ တပ်သားများက ပဲခူးရိုးမအတွင်းတောနင်းရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

“ဘယ်စခန်းက ထွက်ပြေးလာတာလဲတော့ မသိဘူး။ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမ အစပ်မှာ စစ်ခွေးတွေရှာနေတာပဲ အခုထိတော့ မတွေ့သေးဘူးလို့ သိရတယ်။ လက်နက်တွေ ပါ မပါဆိုတာလည်း မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ မှ တပ်သားများ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်