📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး

—

by

in

မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန် နီးပါး တိုက်ပွဲပြင်း ထန် ခဲ့ကာ ကရင်နီပူးပေါင်းတော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန် ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲများဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကရင်နီ-ရှမ်းတောင် အစပ်ရှိ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး အတွက် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသောကြောင့် နေ့စဉ် ထိတွေ့မှုများရှိနေခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ဒရုန်း၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကရင်နီ – ရှမ်းတောင် အစပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်၌ တပ်စွဲထားသော စစ်ကောင် စီနှင့် PNO တို့ ပူးပေါင်း စခန်းကုန်းကို KNDF အပါအဝင်တော်လှန်ရေး တပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ လက်နက် ကြီး ငယ်အစုံ ၂၈ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်းကျေးရွာ ကြားသို့ စစ် ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF အပါအဝင် ကရင်နီ တော် လှန်ရေး တပ် ဖွဲ့များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များကို ရဲရင့်စွာတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီ မှ အကြောင်းမဲ့ လေ ကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်မှု ၃၀ ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါ အဝင် စုစုပေါင်းအရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦး၊ ကိုယ် ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်း အထန်တိုက်ခိုက်ခဲ့ မှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၀ နီးပါးနှင့် ဘာသာရေးအဆောက်အအုံးများ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း ၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေ အိမ် ၃၈ လုံး နှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း ၂ ကျောင်း ၊ ဘုန်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ် ၁ ဦး ၊ တပ်သား ၉ ဦး စုစုပေါင်း တပ် ဖွဲ့ဝင် ၁၀ ဦးသည် သေ နတ် ၇ လက်နှင့်အတူ KNDF သို့ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်