ပျောက်ဆုံးနေသည်ဟုဆိုကာ ကျန်ရစ်သူ မိသားစုကို လစာနှင့်ခံစားခွင့်များ ထုတ်ယူခွင့်မပေးခဲ့ ရခိုင်တွင် ပျောက်ဆုံးနေသော ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာရှိပြီး ကျန်ရစ်သူမိသားစုများကို စစ်ကောင်စီက လျစ်လျူရှုထား ရခိုင်တိုက်ပွဲများတွင် သေဆုံးခဲ့သော ဒုရဲမှူး ဝင်းဌေး ကျဆုံးမှုကို စစ်တပ်က ၉ လကျော်အကြာမှ ကျန်ရစ်သူမိသားစုကို စစ် တပ်က အသိပေး အကြောင်းကြားကြောင်း ကျန်ရစ်သူ မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်မြို့၊ ယခင် ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲစုမှူး ဖြစ်သူ ဒုရဲမှူး ဝင်းဌေးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခံရပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း အတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးမှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ တွင်မှ မိသားစုထံသို့…
တိုင်းရင်းသားအဖွဲ့အစည်းများ အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိသည့်အပြင် သစ္စာဖောက်ဖျက်နေဟု မင်းအောင်လှိုင်ပြော မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ် အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှု မရှိသည့်အပြင် သစ္စစာဖောက်ဖျက်နေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ကယားပြည်နယ်တွင် KNDF နှင့် PDF များ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်များက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေး စိတ်ဓာတ် ကင်းမဲ့ပြီး လွဲမှားသည့်…
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ UG ရဲဘော်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့်…
လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup…
NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော အမျိုးသားညီညွတ်ရေးအစိုးရ-NUG အဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းမည်ဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်များနှင့် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင် တော်လှန်ရေးတွင် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်သကဲ့သို့ NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ် အင်အားစုများထံမှ ဦးဆောင်နိုင်သော ထက်မြက်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ တိုင်းရင်းသားမဟာမိတ်…