Category: News

  • ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့လေထုညစ်ညမ်းမှုက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ world-air-quality index (AQI) ရဲ့ ဖေ ဖော်ဝါရီ ၂၃ ရက် ည ၈ နာရီအချိန် တိုင်းတာချက်အရ သိရပါတယ်။

    AQI ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းက ၁၇၉ မှာ ရှိနေတယ်လို့ သိရပါတယ်။

    642722956 1232668765711004 4519718222768089432 N

    ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီက အဆင့် ၃ နေရာမှာ ရှိခဲ့ရာက နေ ည ၈ နာရီအချိန်မှာတော့ အနီရောင်အဆင့်ဖြစ်တဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။

    လေထုအရည်အသွေးအညွှန်းကိန်း ၀ ကနေ ၅၀ အတွင်းဆိုရင် လေထုသန့်ရှင်းတယ်လို့ သတ်မှတ်ပြီး ၅၀ ကနေ ၁၀၀ အတွင်းဆိုရင် လေထုအသင့်အတင့် သန့်ရှင်းမှုရှိတယ်လို့ သတ်မှတ်ကာ၊ ၁၀၁ ကနေ ၁၅၀ အတွင်းဆိုရင် တော့ လေထုအသင့်အတင့် ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

    642708631 1232668889044325 6164850465409326505 N

    ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့၏ လေထုမှာ မြူဆိုင်းသည့်သဖွယ် မြင်ကွင်းမျိုးဖြစ်နေခြင်း ဖြစ်ပြီး IQAir ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်အရ ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) တွင် 161 US AQI⁺ ရှိကာ ယင်းပမာဏမှာ ကျန်းမာရေးအတွက် မသင့်လျော်သောအဆင့်ဟု သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။

    လေထုညစ်ညမ်းမှုမှာ လေထုထဲတွင် မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်၊ ရေခိုးရေငွေ့များမှာ ရှိသင့်တဲ့ပမာဏထက် ပိုပြီးများပြားစွာရှိနေခြင်းကြောင့် လေထုအရည်အသွေး ကျဆင်းခြင်းဖြစ်ပါတယ်။

    641687061 1232668725711008 5410364098234092481 N

    လေထုအရည်အသွေးညွှန်းကိန်း (AQI) သုညမှ ၅၀ အတွင်းရှိပါက ကောင်းမွန်ပြီး ၅၀ မှ ၁၀၀ အကြားရှိပါက အလယ်အလတ်အဆင့်ရှိကာ ၁၀၁ မှ ၁၅၀ အကြားရှိပါက ထိခိုက်လွယ်သူများအတွက်လေထုမှာ ကောင်းမွန်မှုမရှိကြောင်းသိရပါတယ်။

    အလားတူ ၁၅၁ ကနေ ၂၀၀ အတွင်းဆိုရင် လေထုက ဆိုးဆိုးဝါးဝါး ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပြီး ၂၀၁ ကနေ ၃၀၀ ဆိုရင် လေထုက ကျန်းမာရေးထိခိုက်အောင် ညစ်ညမ်းမှုရှိကာ၊ ၃၀၁ အထက်ဆိုရင်တော့ လေထုက အရေးပေါ် အခြေအနေအထိ ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပါတယ်။

    641687060 1232668839044330 4388711556047332049 N

    လေထုညစ်ညမ်းမှုကြောင့် အပြင်သွားလာရင် အသက်ရှုရခက်ခဲပြီး ရင်ဘတ်အောင့်လာရင်၊ ချောင်းခြောက်တအား ဆိုးလာရင် ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်လာရင် ၊ နှာခေါင်းထဲမှာ ရှတတခံစားချက်မျိုး ဆိုးဝါးစွာရလာရင် နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ချက်ခြင်းကုသမှုခံယူဖို့ U- Report Myanmar က အသိပေး ထုတ်ပြန်ထားပါတယ်။

    အထူးသဖြင့် အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်ကြပ်ရောဂါရှိသူတွေ ပိုပြီး သတိထားဖို့လိုအပ်တယ်လို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။

    641644624 1232668635711017 7192464516967411241 N

    ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကလည်း ရန်ကုန်မြို့၏ လေထုအရည်အသွေးမှာ အနီရောင်အဆင့်တွင် ရှိခဲ့သည်။

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ဒီရက်ပိုင်း ရန်ကုန်မှာ နေရောင်ကောင်းကောင်းမမြင်ရဘဲ မိုးအုံ့သလိုလို ဖြစ်နေတာ သတိထားမိကြမှာပါ။ ဒါဟာ ရာသီဥတုကြောင့်မဟုတ်ဘဲ လေထုညစ်ညမ်းမှု (Air Pollution) မြင့်တက်နေတာကြောင့်ဖြစ်ပြီး AQI (Air Quality Index) 150 ကျော်အထိ ရှိနေပါတယ်။

    641534825 1232668675711013 266816453731003583 N

    ဒီလိုအချိန်မှာ ကျန်းမာရေးထိခိုက်မှုမရှိရလေအောင် ဒေါက်တာရတနာ မှ မျှဝေထားတဲ့ လိုက်နာသင့်သည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ✅ လုပ်ဆောင်သင့်သည့် အချက်များ (Do’s)

    🏠 အိမ်ထဲမှာပဲ နေပါ – အပြင်ထွက်ချိန်ကို တတ်နိုင်သမျှ လျှော့ချပါ။

    😷 Mask တပ်ပါ – မဖြစ်မနေ အပြင်ထွက်ရရင် Mask (N95 ဆို ပိုကောင်း) တပ်ဆင်ပါ။

    💧 ရေများများသောက်ပါ – ရေနွေး (သို့) အပူသောက်စရာလေးတွေက လည်ချောင်းကို သက်သာစေပြီး ခန္ဓာကိုယ်ကို အထောက်အကူပြုပါတယ်။

    🚪 လေလုံအောင်ထားပါ – အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ Air Purifier ရှိရင် ဖွင့်ထားပါ။ အိမ်မှာ ဖုန်မထအောင် သန့်ရှင်းရေးလုပ်ပါ။

    ❌ မလုပ်သင့်သောအရာများ (Don’ts)

    🏃‍♂️ Outdoor Exercise မလုပ်ပါနဲ့ – အပြင်ထွက် ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာမျိုး ခဏရပ်ထားပါ။

    🪟 ပြတင်းပေါက် မဖွင့်ပါနဲ့ – အပြင်က မီးခိုးငွေ့နဲ့ လေညစ်တွေ အိမ်ထဲဝင်လာနိုင်လို့ပါ။

    🚬 အိမ်တွင်း မီးခိုးထွက်တာ ရှောင်ပါ – ဆေးလိပ်သောက်တာ၊ အမွှေးတိုင်ထွန်းတာ၊ မီးသွေးမီးဖို သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။

    ⚠️ အထူးဂရုစိုက်ရမည့်သူများ

    ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နှလုံး/အဆုတ် ရောဂါအခံရှိသူများ ပိုမိုသတိထားပါ။

    အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးမရပ်ခြင်းနှင့် မျက်စိယားယံခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသဆွေးနွေးပါ။

    ဒေါက်တာရတနာ (M.B.,B.S – YGN, Diploma in Family Medicine)

    Mm News.xyz 2026 02 24 004837

    Mm News.xyz 2026 02 24 004951

    Mm News.xyz 2026 02 24 005002

    Mm News.xyz 2026 02 24 005011

    Mm News.xyz 2026 02 24 005020

    Mm News.xyz 2026 02 24 005032

  • ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂၀ ကျော် သေဆုံးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ စစ်ရေးနီးစပ်သူက ပြောပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက် မနက်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို AA က အသင့်စောင့်တိုက်လိုက်တဲ့အတွက် တိုက်ပွဲအတွင်း အခုလိုသေဆုံးခဲ့ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “မနက်ပိုင်း သိုင်းချောင်းပတ်ဝန်းကျင်ကို ထိုးစစ်ဆင် ဝင်လာတာပါ။ အဲဒါကို AA က အသင့်စောင့်တိုက်ခိုက်တာ ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရတယ်။”

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ လက်နက်ခဲယမ်းကို AA က သိမ်းဆည်းရမိပြီး ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ နောက်ဆုတ်ထွက်ပြေးသွားတယ်လို့ သူက ဆိုပါတယ်။

    “နှစ်ဖက်တိုက်ပွဲတော့ ပြင်းထန်ခဲ့တယ်။ စစ်ကောင်စီက နောက်ထပ် စစ်ကူစစ်ကြောင်း တက်ရတယ်။ ဒရုန်း၊ လက်နက်ကြီးပါ အကူပေးရတယ်။”

    စစ်ကောင်စီက သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ပတ်ဝန်းကျင်၊ ဒိုးမတောင်ပတ်ဝန်းကျင်၊ သိုင်းချောင်းပတ်ဝန်းကျင်၊ မင်းပြင်ပတ်ဝန်းကျင်တို့ကို အဓိက တပ်နေရာ ယာယီစခန်းနဲ့ စစ်ကြောင်းတို့ နေရာယူထားပြီး အဲဒီစခန်းတွေကတဆင့် AA ထိန်းချုပ်နေရာတွေကို စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့တိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို နေ့စဉ် ပြုလုပ်နေပါတယ်။

    အခုလို စစ်ကောင်စီက ယာယီ စစ်ရှောင်ဒေသခံတွေနေတဲ့ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့အတွက် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ငအုပ်ကျေးရွာပတ်ဝန်းကျင်ရှိ ယာယီစစ်ရှောင်စခန်းက သက်ကြီးပိုင်း အမျိုးသား ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ကျောက်ဖြူမှာ အာရက္ခတပ်တော် (AA) ဘက်က ထိုးစစ်ရပ်နားထားပေမဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်လှုပ်ရှားမှု ရှိနေတဲ့အတွက် တိုက်ပွဲ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • ခင်ဦးမြို့တ်ိုက်ပွဲ စစ်ကော်မရှင်တပ်အရာရှိ သေဆုံး

    ခင်ဦးမြို့တ်ိုက်ပွဲ စစ်ကော်မရှင်တပ်အရာရှိ သေဆုံး

    စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့အထွက် ခင်ဦး-ရေဦး ကားလမ်းတလျှောက်ရှိ နေအိမ်များကို မီးရှို့နေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူတဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ယမန်နေ့(ဖေဖော်ဝါရီ ၂၄ ရက်) ညနေ ၆ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တနာရီခန့် ရှိခဲ့ကြောင်း သိရသည်။

    “စစ်ကြောင်းက သံပြားကာ ကားတွေကို အကာအကွယ်ယူပြီး ထွက်လာတာပါ။ မြို့အပြင်ရောက်တာနဲ့ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ နာရီပိုင်းအကြာ ပစ်ခတ်ပြီး စစ်ကြောင်း မြို့ထဲပြန်ဝင်သွားတယ်။ မီးရှို့တဲ့နေရာမှာ နာမည်ကြီးတဲ့ ဗိုလ်ကတော့ သေဆုံးသွားတယ်” ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့(ဖေဖေါ်ဝါရီ ၂၅ ရက်)တွင် ပြောသည်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်အဆင့်ရှိသူ ကျော်ကိုကိုဦး သေဆုံးခဲ့ကာ MA1 သေနတ် တလက် သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

    Mm News.xyz 2026 02 25 140029

    “ဗိုလ်ဖြစ်သူ ကျော်ကိုကိုက မီးရှို့တဲ့နေရာ နာမည်ကြီးတယ်။ သူ့ကိုယ်သူလည်း မီးရှို့ကိုကို လို့ ကြွေးကြော်ပြီး စျေးဆိုင်တွေ၊ ဆန်စက်တွေ မီးရှို့တယ်။ မနေ့ကတိုက်ပွဲမှာ သေတယ်။ ဒီနေ့မှာ မြို့တောင်သုသာန်မှာ မီးရှို့သင်္ဂြိုဟ်တယ်” ဟု ခင်ဦးမြို့ခံ အမျိုးသမီးတဦးထံက သိရသည်။

    အဆိုပါ ဖြစ်စဉ်အတွင်း သံပြားကာ ကားများကို အကာအကွယ်ယူ၍ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ခင်ဦးမြို့နယ် ပကဖ ၊ တိုက်နယ် ပကဖ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “နာမည်တွင်တာက သေဆုံးတဲ့ စကမ ဗိုလ် ကိုယ်တိုင်က မီးရှို့မယ်ချည်းအမြဲ ခြိမ်းခြောက် ပြီး သူ့ကိုယ်သူ မီးရှို့ကိုကိုဆိုပြီး ပြောဆိုခဲ့မှုကြောင့်ပါ”လို့ ခင်ဦးပကဖအဖွဲ့ တာဝန်ရှိသူက ရှင်းပြပါသည်။

    သေဆုံးသူ ဗိုလ်ကျော်ကိုကိုဦး (ခ) မီးရှို့ကိုကိုဟာ ရန်ကုန် တမဟ-၄ မှဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘိုနယ်စပ်တိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်ကြီးမင်းထက်နေရာမှာ အစားထိုးဝင်ရောက်လာသူဖြစ်ကြောင်း ခင်ဦးပကဖက ပြောသည်။

    အဆိုပါ စစ်ကော်မရှင်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦး-ရေဦးကားလမ်း တလျှောက် မြို့အပြင်ဘက်ရှိ ဒေသခံပြည်သူ့နေအိမ် ငါးလုံး၊ ဆိုင်ခန်းဖွင့်လှစ်ထားသည့် နေအိမ် နှစ်လုံး ၊ ဆန်စက် အကြီး နှစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်အသိပေးထားသည်။

    ယခင် စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ခင်ဦး- ရွှေဘို တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ဒုဗိုလ်မှူးကြီး ၊ ဗိုလ်ကြီးအဆင့်နှင့် တပ်ကြပ်များအပါ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ခင်ဦး-ရေဦးကားလမ်းဘေးရှိ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

  • ဆိပ်ဖြူ၌ ဆီပြောင်းထည့်ရာမှ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွား

    ဆိပ်ဖြူ၌ ဆီပြောင်းထည့်ရာမှ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွား

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောသွား ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီအချိန်လောက်က ဆီဘောက်ဆာထဲက စက်သုံးဆီတွေကို အခြားကုန်တင် ယာဉ်ပေါ်ကို ပြောင်းလဲထည့်ရာကနေ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွားပြီး လူ(၁)ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

    စက်သုံးဆီအရောင်းဆိုင်မှာ ဆီဘောက်ဆာယာဉ်ထဲက စက်သုံးဆီတွေကို ခြောက်ဘီးကုန်တင်ယာဉ်ပေါ်ရှိ ပလတ် စတစ်ပီပါတွေအတွင်း ပြောင်းလဲထည့်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

    အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို ဆိပ်ဖြူနဲ့ ချောက်မြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ ခွဲအချိန်လောက်မှာ မီးငြိမ်းသွားပါတယ်။

    မီးလောင်မှုကြောင့် ဆီသယ် ယာဉ် (၄)စီး၊ ကုန်တင်ယာဉ်(၁)စီး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်းပေါင်း (၁၂၁၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဆိုင်အဆောက်အဦနဲ့ ဆီသိုလှောင်ကန်တွေကိုတော့ မီးကူးစက်တာ မရှိခဲ့ပါဘူး။

    အလုပ်သမားတစ်ယောက်က တော့ ကုန်တင်ယာဉ်ပေါ်ကနေ မီးဘေးလွတ်ရာကို ခုန်ချလိုက်ရာ ခြေသလုံးနဲ့ လက်ဆစ်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ သင်္ဂဟ လူမှုကူညီရေးယာဉ်နဲ့ ဆိပ်ဖြူ ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့ပါတယ်။

    မီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာကို ဆိပ်ဖြူ မြို့မရဲစခန်းမှာ အရေးယူ ဆောင်ရွက် ထားရှိတယ်လို့ သိရပါတယ်။

    642261016 935675542188502 2021059979414844704 N

    642400064 935675568855166 9190564424361164405 N

    642442075 935675538855169 6611564715728999617 N

    642532421 935675572188499 8097127981627120476 N

    642740464 935675575521832 4559481786880015420 N

    642865957 935675562188500 5307509057717065410 N

    643346657 935675565521833 4113342033179575665 N

    643413957 935675545521835 6697968460884701705 N

    643450590 935675558855167 164478088280381854 N

  • ⁨ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု လူ  ၆ ဦးသေဆုံး

    ⁨ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု လူ ၆ ဦးသေဆုံး

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ⁨ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လေးကေ့ကော်မြို့ ရသေ့ဂူရွာအနီးတွင် ကျောက်ခက်ဘက်မှ မြဝတီမြို့ကို ဈေးဝယ်ရန် ထွက်လာသည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    641332416 1284869700407300 6232373491919385369 N

    “ရသေ့ဂူရွာအနီးမှာ ကျောက်ခက်ကနေ မြဝတီကို စျေးလာဝယ်တဲ့ ကားကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ဗုံးက ကားပေါ်ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေလည်း လုပ်သွားတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများတွင် DKBA အဖွဲ့ဝင်တချို့ ပါသည်ဟု သတင်းများရရှိထားသော်လည်း သက်ဆိုင်ရာ DKBA အဖွဲ့ထံမှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။