Category: News

  • မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ

    မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ

    မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ် မီးဘေး လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။

    642373155 1283914203836183 1523804273811587029 N

    ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာရှိ စတားလင့် အင်တာနက် အသုံးပြုနေသော နေရာနှင့် ဆီကျိတ်စက်ပေါ်ကို အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရွှေကျောင်းကန်ရွာတွင် နေထိုင်သော ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

    641550060 1283914150502855 7762584342770348939 N

    “မနေ့က ၂၃ ရက်နေ့က ညပိုင်း ၇ နာရီခန့်မှာ မုံရွာ နမခကနေ စစ်တပ်လေထီး ၂ စီးနဲ့ စစ်ခွေးတွေက ဗုံးလာကျဲသွားတာပါ။ စတားလင့် အင်တာနက်ဆိုင်နဲ့ ပဲခွဲစက် ဆီကျိတ်စက် ပေါ်ကိုကျသွားတာပါ။ ပြည်သူ ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာက ၅ ဦးပါ။ နေအိမ်ပျက်စီးတာတော့ အတိကျမသိရသေးဘူး။ သေဆုံးသူတွေထဲမှာ လူကြီး ၇ ဦးနဲ့ ကလေး ၂ ဦးပါတယ်” ဟု မြင်းမူမြို့နယ် မီးဘေး လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။

  • AA နှင့် အပစ်ရပ်ဆွေးနွေးရန် စစ်ကောင်စီက တရုတ်နိုင်ငံကို အကူအညီတောင်း

    AA နှင့် အပစ်ရပ်ဆွေးနွေးရန် စစ်ကောင်စီက တရုတ်နိုင်ငံကို အကူအညီတောင်း

    အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်နဲ့ နယ်မြေသိမ်းပိုက်ထားမှုတွေက စစ်ကောင်စီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေပြီး အပစ်ရပ်နိုင်ရေးအတွက် ကူညီပေးဖို့ တရုတ်နိုင်ငံကို အကူအညီ တောင်းထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကနေ သိရပါတယ်။

    ပြည်ထောင်စုထဲက ခွဲထွက်လာမဲ့အရေးကို တွေးပူနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ ရွေးကောက်ပွဲအလွန် တက်လာမဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရသစ် လက်ထက်မှာ AA နဲ့ အပစ်ရပ်ဆွေးနွေးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ကမကထလုပ်ပေးဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က အကူအညီတောင်းတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။

    MAL Mm News.xyz 2026 02 24 1549067

    “ရခိုင်မှာ စစ်တပ်က ကျီးလန့်စာစားဖြစ်နေတော့ AA နဲ့ အပစ်ရပ်ဆွေးနွေးဖို့က စစ်တပ်ရဲ့ အန္တိမရည်မှန်းချက်ပဲ။ ဒီလိုဆွေးနွေးဖို့ဆိုတာ တရုတ်အကူအညီမပါဘဲ မရဘူး။ တရုတ်ကပဲ ကြားဝင်ပေးမှ ရမှာ။ NSPNC အဖွဲ့တွေက တရုတ်ကို အကူအညီတောင်းထားတယ်။ တရုတ်နှစ်ကူးပွဲမှာ သံအမတ်ကြီးနဲ့တွေ့တော့ ဒုချုပ်ကိုယ်တိုင် နောက်လုပ်မဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေမှာ အကူအညီပေးဖို့ သံအမတ်ကြီးကို တောင်းဆိုထားတာရှိတယ်။”

    စစ်ကောင်စီဘက်က တဖက်မှာ အပစ်ရပ်ဆွေးနွေးမယ်လို့ ပြောဆိုနေပေမဲ့ တခြားတဖက်မှာတော့ ၂၀၂၆ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့ ကျောက်တော်၊ ပုဏ္ဏာန်းကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာဟာ စစ်ရေးပဋိပက္ခကို ပိုမိုကြီးထွားစေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ တစ်ယောက်က ပြောပါတယ်။

    MAL Mm News.xyz 2026 02 24 154906

    “စစ်တပ်ဘက်က အပစ်ရပ်ဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ တဖွဲ့ပြီးတဖွဲ့ တွေ့မယ်လို့ ပြောနေပေမဲ့ မြေပြင်မှာ AA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းထိုးဖို့လုပ်နေတော့ ယုံကြည်မှု ဘယ်လို တည်ဆောက်မလဲ။ ဒီလုပ်ရပ်တွေက စစ်ရေးပဋိပက္ခကို ပိုမိုကြီးထွားလာစေတယ်။ တရုတ် ဝင်ကူညီရင်တောင် AA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှ အပစ်ရပ်မယ်လို့ မြင်တယ်။”

    ၁၀၂၇ စစ်ဆင်ရေးကစလို့ AA ဟာ ရခိုင်ပြည်နယ်ထဲက အမ်း၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ် ၁၄ မြို့ကို သိမ်းယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

    MAL Mm News.xyz 2026 02 24 154906mm News.xyz 2026 02 24 155021

    ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်နဲ့ မြို့ပေါင်း ၂၆ မြို့ရှိတဲ့အထဲမှာ စစ်ကောင်စီတပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကိုသာ အုပ်ချုပ်နိုင်ပြီး အာရက္ခတပ်တော် (AA) က မြို့ ၁၄ မြို့နဲ့မြို့ ပေါင်း ၂၆ မြို့ကို ထိန်းချုပ်ထားပါတယ်။

  • ‎ရေကြည် အမြောက်တပ် ၃၄၄အနီးတိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ သေဆုံး စစ်ကော်မရှင်တပ်သားများကို ကားနှင့်သယ်ထုတ်

    ‎ရေကြည် အမြောက်တပ် ၃၄၄အနီးတိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ သေဆုံး စစ်ကော်မရှင်တပ်သားများကို ကားနှင့်သယ်ထုတ်

    ‎‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ- ငသိုင်းချောင်းလမ်း၊ မြောက်စမ်းရွာရှိ အမြောက်တပ် အမတ ၃၄၄ အနီး စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ‎အမြောက်တပ် ၃၄၄အတွင်း ကျုံပျော် ခလရ ၃၆မှ အင်အားအချို့ကို စစ်ကူပို့ထားရပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားများဖြင့် သယ်ထုတ်နေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”အမြောက်တပ်ထဲ လက်နက်ကြီးနဲ့အပစ်ခံထိတယ်ပြောတယ်။ စစ်သားတွေကို ကားနဲ့သယ်ထုတ်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎တိုက်ပွဲဖြစ်ပွားနေသည့် အမြောက်တပ်အနီးတဝိုက်ကို စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းနှင့် ပါရာမော်တာများသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ‎အမြောက်တပ်နှင့် နယ်မြေဆက်နေသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ်စသည့်ကျေးရွာများတွင်လည်း ပစ်ခတ်သံများကြရသည်ဟု ဒေသခံများထံမှ သိရသည်။

    ‎သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်များ၏ ခြေကုတ်စခန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကော်မရှင်စစ်ကြောင်းမှာ တိုက်စစ်အသွင်ဆောင်သည့် ခံစစ်အနေအထားပြန်လည်ရောက်ရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

    ‎ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှစကာ အမြောက်တပ်အနီးတိုက်ပွဲများ ပြင်းထန်လာပြီး ရေကြည်၊ လေးမျက်နှာအစပ်ရှိ ချင်းလယ်ရွာအနီး တော်လှန်ရေး စခန်းငယ်တစ်ခုကို ခလရ ၁၄၏ စစ်ကြောင်းများ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

  • မရိုးနိုင်တဲ့ ပန်းကန်ဆေးရာမှာသုံးသည့် စတီးလ်ဖတ်

    မရိုးနိုင်တဲ့ ပန်းကန်ဆေးရာမှာသုံးသည့် စတီးလ်ဖတ်

    မီးဖိုချောင် ပန်းကန်ဆေးသည့် နေရာက အသံတိတ်လူသတ်သမား

    ပန်းကန်ဆေးရာမှာ စတီးဖတ်သုံးတဲ့အိမ်ရှင်မတွေ သတိထားကြပါ။ အူပုပ်ပြီးသေသွားလို့ပါ။

    Steel Wool အကြောင်းသိကောင်းစရာ…

    လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတယောက်နဲ့ ဆုံဖြစ်ပါတယ်။ အိပ်ယာထဲကမထနိုင်သလို အစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ။

    သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ ချက်နားကစူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ်။

    ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲ ပေးသတဲ့။

    ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်..

    အစာအိမ်မှာအနာရှိသလား၊ အူခေါက်သလား၊ အူကင်ဆာလားပေါ့။

    စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။

    ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကို ခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ ပြောပါတယ်။ ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး။ ဆရာဝန်တွေခေါင်းစားရတဲ့ပြဿနာပါ။

    Operation လုပ်ဖို့ကလဲ ရောဂါအတိအကျ မသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။ အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ်။

    ရင်ခွဲပြီးစစ်ဆေးတဲ့အခါ ရလာတဲ့Result က အူမကြီးတခုလုံးပုပ်နေပါပြီ။ အူမကြီးကို အသေအချာ စစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကိုတွေ့ရပါတယ်။

    အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့ Steel Wool အစလေးပါ။ အခန့်မသင့်ရင် အသက်တချောင်းဆုံးရှူံးတတ်တာကြောင့် Steel Wool ကို မသုံးစေချင်ပါဘူး။

    မြန်မာ့ရိုးရာသပွတ်အူသာသုံးကြပါ။

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။

  • စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကွင်းဆက်တွေကို ထပ်တိုးဒဏ်ခတ်ဖို့ JFM တောင်းဆို

    စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကွင်းဆက်တွေကို ထပ်တိုးဒဏ်ခတ်ဖို့ JFM တောင်းဆို

    ပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှု‌တွေ ထပ်တိုးလုပ်ဖို့ နိုင်ငံတကာအစိုးရတွေကို Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။

    အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့‌နေတဲ့ ကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီ‌တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ဖို့ JFMက တောင်းဆိုထားတာပါ။

    “စစ်အုပ်စုရဲ့ အဆက်မပြတ် သတ်ဖြတ်တာတွေကို ပံ့ပိုးပြီး၊ အကျိုးအမြတ် ရရှိနေတဲ့ ဒီသင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မှုတွေ အဆောတလျင် လုပ်ဆောင်နိုင်မှုအပေါ် မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်က မှီခိုနေတာ ဖြစ်ပါတယ်”လို့ JFMပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

    လက်ရှိ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတာက ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်ဖြစ်ပြီး ဒီလိုထောက်ပံ့နေတာက မြန်မာပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက်မှုတွေကို အားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဗီယက်နမ် ပါဝင်ပတ်သက်နေမှုကလည်း အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်။ အာဆီယံရဲ့ ပျက်ကွက်မှုက မြန်မာအကျပ်အတည်းအပေါ် ထိရောက်တဲ့ နိုင်ငံတကာတုန့်ပြန်ဆောင်ရွက်မှုကို ဆက်လက်ဟန့်တားနေပြီး၊ တချိန်ထဲမှာပဲ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ အကျိုးအမြတ်တွေ ရယူ‌နေကြပါတယ်”လို့ မရတနာမောင်က ပြောပါတယ်။

    ဒါကြောင့် ဒီဖြစ်စဉ်မှာ ပါဝင်နေတဲ့ သင်္ဘောတွေ၊ ပိုင်ရှင်‌တွေ၊ မန်နေဂျာတွေနဲ့ အခြားအဖွဲ့အစည်းတွေကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံ‌တွေမှာ ပိတ်ဆို့အရေးယူမှုတွေ မဖြစ်မနေလုပ်ဆောင်ဖို့ မရတနာမောင်က တိုက်တွန်းထားပါတယ်။

    လက်ရှိအချိန်အထိ နိုင်ငံတကာအစိုးရတွေထဲမှာ ကနေဒါနိုင်ငံတစ်ခုပဲ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချ ပံ့ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းတွေကို ပိတ်ပင်ထားပြီး လေယာဉ်ဆီသယ်ယူပို့ဆောင်မှုအတွက် ရေကြောင်းအာမခံဝန်ဆောင်မှုပေးခြင်းကိုပါ ပိတ်ပင်ဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ကနေဒါနိုင်ငံလို လုပ်ဆောင်ပြီး သွေးစွန်းနေတဲ့ ကုန်သွယ်မှုကို ရပ်တန့်ဖို့ မရတနာမောင်က တောင်းဆိုထားပါတယ်။

    စစ်ကောင်စီက သူတို့ရဲ့ရွေးကောက်ပွဲလုပ်ဆောင်ဖို့ ပြင်ဆင်နေချိန် ၂၀၂၅ မှာ လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားလုပ်ဆောင်ခဲ့ပြီး ပြည်သူအများအပြား အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

    စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ တစ်နှစ်တာအတွင်း လေယာဉ်ဆီတင်သွင်းမှုက ၂၀၂၄ ထက် နှစ်ဆနီးပါးတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

    အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ ရိုက်တာသတင်းဌာန Reuters တို့ မကြာသေးမီက ထုတ်ပြန်ထားတဲ့ သက်သေအထောက်အထားအသစ်တွေအရ လေယာဉ်ဆီတင်သွင်းမှုတွေက အီရန်ဆက်နွှယ် “မှောင်ခိုသင်္ဘောအုပ်စု” တွေကနေ လေယာဉ်ဆီ ပံ့ပိုးပေးမှုများကြောင့် လုပ်ဆောင်နေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ သင်္ဘော‌တွေ ၊ သင်္ဘောပိုင်ရှင်တွေ ၊ စီးပွားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှု (ISM) မန်နေဂျာအဖွဲ့၊ လေယာဉ်ဆီသိုလှောင်ဆိပ်ကမ်းနဲ့ စစ်အုပ်စုတရားမဝင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရေးတကြီး တိုးချဲ့ချမှတ်ရေး ချက်ချင်းလုပ်ဆောင်ဖို့ JFMက တောင်းဆိုထားပါတယ်။

    ဓာတ်ပုံ – JFM