Category: News

  • ပုလဲတိုက်ပွဲ တော်လှန်ရေးရဲဘော် ဆယ်ချီ ကျဆုံး၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

    ပုလဲတိုက်ပွဲ တော်လှန်ရေးရဲဘော် ဆယ်ချီ ကျဆုံး၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

    ဗိုလ်နဂါးရဲ့ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းရာက တိုက်ပွဲဖြစ်နေ

    စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့နေရာ ဗုံးပတ်ကြဲကာ အမြတ်ထုတ်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဒီကနေ့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ကြား တိုက်ပွဲတွေ အပြင်းအထတ် ဖြစ်ပွားနေပြီး နှစ်ဖက်ရဲဘော် ၁၀ ဦးကျော် ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဖေဖေါ်ဝါရီ ၁၇ရက် ဒီကနေ့ မနက် ၆နာရီခွဲလောက်က စတင်ကာ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

    တိုက်ပွဲအတွင်း BNRA ရဲဘော် ၁၀ ဦး ကျဆုံးပြီး PDF တပ်ရင်းတွေဘက်က တစ်ဦး ကျဆုံးတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ပြောပါတယ်။

    BNRA ရဲဘော် ၁၀ ဦးခန့် ကျဆုံးကြောင်း ဗိုလ်နဂါးကလည်း လူမူကွန်ယက်မှာ ဖော်ပြပါတယ်။

    “အခု တော်လန်ရေးတာဝန်ကို မိသားစုပစ်ပြီး ထမ်းဆောင်ခဲ့ကြတဲ့ ကျနော်တို့ ရဲဘော် ၁၀ ယောက်လောက် အသက်တွေ ဆုံးရှုံးလိုက်ရတယ်” လို့ ဗိုလ်နဂါးက ဆိုပါတယ်။

    ပုလဲနယ်ထဲတော်လှန်ရေးတပ်တွေ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေတာကြာင့် အနီးဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မနက် ၆နာရီခွဲလောက်က စတင်ကာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် ပုလဲမြို့နယ်အတွင်း၊ ပုလဲနယ် မြောက်ခြမ်း၊ ယင်းမာပင်နယ်စပ်အနီးရှိ ကျေးရွာ ငါးရွာကျော်က ပြည်သူ ၆,၅၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

    “တိုက်ပွဲဝန်းကျင်မို့ လန့်ပြီး ရှောင်ကြရတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    ပုလဲဒေသတွင်း အခြေပြုတဲ့ တော်လှန်ရေးတပ်ဖွဲတစ်ဖွဲ့ဖြစ်တဲ့

    ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ရဲ့ ဂိတ်စခန်းတချို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေက စီးနင်းရာက တိုက်ပွဲ စတင်ဖြစ်ပွားတာလို့ ဆိုပါတယ်။

    “NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီနေ့နံနက် ၇ နာရီခွဲမှစ BNRA ဂိတ်စခန်းများအား လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများဖြင့်ပါ လာရောက်တိုက်ခိုက်နေပြီ ဖြစ်ပါသည်။ အစိုးရ အမည်ခံထားခြင်း၊ စစ်ဒေသ ၁ တွင်လည်း KIA အဖွဲ့အစည်းမှ ဦးဆောင်ခြင်းကြောင့် ထိုသို့ အကျည်းတန်သော လုပ်ရပ်ကို တော်လှန်ဘက် အချင်းချင်း ပြုလုပ်မည်မဟုတ်ဟု လွန်ခဲ့သော နှစ်များအတွင်း ယူဆထားခဲ့ဖူးသော်လည်း ယခုအခါ အံ့သြဖွယ် ဆိုးသွမ်းမှုကို မြင်ရပြီဖြစ်ကြောင်းနှင့် ပြည်သူအများ လတ်တလောအချိန်အတွင်း ဘေးလွတ်ရာ စစ်ရေးသတိပြုနေကြပါရန် အရေးပေါ် အသိပေး နှိုးဆော်အပ်ပါသည်။…။ BNRA ၏ မဟာမိတ် GZA စခန်းတစ်ခုကိုပါ MOD အမှတ် ၁ စစ်ဒေသ၏ ခရိုင်တပ်ရင်းများမှ စီးနင်းတိုက်ခိုက်” လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက လူမူကွန်ယက်မှာ ဖော်ပြပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ လူသတ်မှု ကျူးလွန်ထားတဲ့ တရားခံတွေကို ဖမ်းဆီးတာလို့ NUG လက်အောက်ခံ PDF ရဲဘော်တချို့က လူမူကွန်ယက်မှာ ရေးပါတယ်။

    ဗိုလ်နဂါးနဲ့ NUG ခေါင်းဆောင်တွေကြား ယခင်လပိုင်းတွေကတည်းက အငြင်းပွားမှု၊ မကျေလည်မှုတွေ ရှိခဲ့သလို ပုလဲမြို့နယ်အတွင်းမှာလည်း ဗိုလ်နဂါး ဦးဆောင်တဲ့ တော်လှန်ရေးတပ်နဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ အပါအဝင် NUG ဦးဆောင်တဲ့ PDF တွေကြား မကြာခဏ အငြင်းပွားမှု၊ မပြေလည်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပုလဲနယ်ရှိ NUG တပ်ရင်းတွေက BNRA တပ်ဖွဲ့ ဂိတ်စခန်းကို စီးနင်းကာ လက်နက်သိမ်းယူမှု လုပ်ခဲ့သလို ရက်ပိုင်းအကြာမှာ BNRA ကလည်း ပုလဲမြို့နယ် ပသုံးလုံးဂိတ်ကို ပြန်လည် စီးနင်းကာ လက်နက်သိမ်းယူမူ လုပ်ခဲ့ပါတယ်။

    ဖေဖေါ်ဝါရီ ၁၂ရက် ညနေပိုင်းကလည်း ပုလဲမြို့နယ်အတွင်း တစ်နေရာမှာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၄ က ရဲဘော်ကတုံးဆိုသူကို BNRA တပ်ရင်း ၃ ရဲဘော်နှစ်ဦးက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။

    အဲ့ဒီ ရဲဘော်ကတုံး သေဆုံးပြီးနောက် NUG နဲ့ BNRA ကြား နှစ်ဖက်တင်းမာမူ မြင့်တက်ကာ ဒီကနေ့ မနက်ပိုင်း NUG က အထက်ပါအတိုင်း BNRA ဂိတ်စခန်းတွေကို စီးနင်းတာ ဖြစ်ပါတယ်။

    “ဂိတ် ‌တစ်ဂိတ်ကို အောင်မြင်စွာ စီးနင်းပြီး။ အရှည် ၁၀လက်နဲ့ အတို တစ်လက် သိမ်းဆည်း ရမိ။ …။ မိမိတို့ဖက်မှ ရဲဘော်တစ်ယောက် ဒဏ်ရာရရှိ (စိုးရိမ်ရ)။ …။ နောက် တစ်ဂိတ် ထပ်ရ၊ ပေါင်း နှစ်ဂိတ် ရရှိ။ တတိယဂိတ်မှ ၆၀မမ တွေနဲ့ ထောက်ထားတုန်းမို့ ကြိုးစားနေဆဲ” လို့ NUG လက်အောက်ခံ တော်လှန်ရေး ရဲဘော်လို့ ယူဆရသူ Mizutani San ဆိုသူက လူမူကွန်ယက်မှာ ဖော်ပြပါတယ်။

    မနက် ၆နာရီကျော်က စတင်ကာ လက်ရှိ နေ့ခင်းပိုင်းအချိန်အထိ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

    “ဂိတ်ကို ဝင်တိုက်တော့ ရုတ်တရက် လန့်ပြေး ပြေးရတာ၊ နယ်မြေတွင်း ပဋိပက္ခက ကြာလေ ရှုပ်လေပါပဲ။ —(ရွာ)နားဂိတ်ကိုတော့ MOD PDF က သိမ်းလိုက်ပြီ။ အခြားဂိတ်တွေ တိုက်နေတယ်လို့တော့ ကြားတယ်”

    အဲ့ဒီလို တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်နေချိန် အာဏာသိမ်း စစ်အုပ်စုကလည်း ဒီမနက် ၁၁နာရီခွဲဝန်းကျင်အချိန်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ပုလဲနယ် ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “စစ်ပွဲဖြစ်ပြီး မကြာဘူး၊ နမခက ဂျိုင်အိုကော်ပရာ သုံးစီး တက်လာပြီး လာပစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ ဒေသခံတွေ အနေနဲ့ တိုက်ပွဲတွေကြား လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်က ကင်းလွတ်ဖို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

    BNRA ရဲဘော်တွေကို တွေ့ရစဉ်/Photo – BNRA

  • လေးစားထိုက်တဲ့ စံပြသူရဲကောင်း

    လေးစားထိုက်တဲ့ စံပြသူရဲကောင်း

    မိမိအသက်ထက် အများပြည်သူဘေးကင်းရေးကို ဦးစားပေးခဲ့သူ 🫡

    ​ဒီနေ့ ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ လူတိုင်းကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။

    ဓာတ်ဆီဆိုင်မှာ ဆီဖြည့်နေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားပြီး ဓာတ်ဆီကား တစ်စီးလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့ပါတယ်။

    ​အဲဒီအချိန်မှာ လူအများက ကြောက်လန့်တကြား ထွက်ပြေးနေကြပေမယ့် ကားဆရာ ကတော့ မကြောက်မရွံ့ဘဲ…

    💥 မီးလောင်နေတဲ့ ဓာတ်ဆီကားကြီးကို ဆိုင်နဲ့ မြို့ရွာတွေဆီ မီးမကူးစက်အောင်၊

    💥 အများပြည်သူတွေ အန္တရာယ်မဖြစ်အောင်၊

    မီးစွဲနေတဲ့ ကားကြီးပေါ်တက်ပြီး မြို့ပြင်က လယ်ကွင်းပြင်ဆီ အမြန်ဆုံး မောင်းထုတ်သွားခဲ့ပါတယ်။

    ​ကားကြီးဟာ မြို့ပြင်ရောက်မှ ထပ်မံပေါက်ကွဲသွားခဲ့ပေမယ့် ကားဆရာရဲ့ အချိန်မီ ဆုံးဖြတ်ချက်နဲ့ သတ္တိကြောင့် ဓာတ်ဆီဆိုင်နဲ့ မြို့ရွာနေအိမ်များစွာ မီးဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။

    ​မိမိအသက်ကို ငဲ့ကွက်ခြင်းမရှိဘဲ သူတစ်ပါးအတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့ ကားဆရာရဲ့ လုပ်ရပ်ကို အစဉ်ထာဝရ လေးစားဂုဏ်ပြုနေမှာပါ။ 🙏🙏🙏

  • ဖားကန့်မြို့နယ်အတွင်း ကလေးများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

    ဖားကန့်မြို့နယ်အတွင်း ကလေးများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုရွာမှာ ကလေးများ ဆော့ကစားနေစဉ်အတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်ထံက သိရပါတယ်။

    ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ် တောင်ပြိုရွာမှာ မြေမြုပ်မိုင်းတွေကို ကလေးငယ်များက ကျောက်ခဲနဲ့ ပစ်ခတ်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

    ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်အတွင်းမှာ လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး မော်ဝမ်းနှစ်ခြင်းအသင်းတော်မှ သင်းထောက်ဆရာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

    Video-Lung Jung LA N

  • ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်စစ်မျက်နှာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေ  (ရုပ်သံ)

    ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်စစ်မျက်နှာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေ (ရုပ်သံ)

    တနှစ်ကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ဗန်းမော်စစ်မျက်နှာအပါအဝင် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းမြေ ဖားကန့် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဆီက သိရပါတယ်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ နိုင်ငံရေးဂုဏ်သိက္ခာတိုက်ပွဲဖြစ်ပြီး အရင်းအနှီးကြီးမှာသိပေမယ့် နိုင်အောင်တိုက်မယ်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

    ၂၀၂၄ ခုနှစ် မတ်လဆန်းက စခဲ့တဲ့ ကချင်ပြည်နယ် ထိုးစစ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရာနဲ့ချီတဲ့ တပ်စခန်းတွေနဲ့ မြို့ပေါင်း ၁၅ မြို့ ၊ ရှမ်းမြောက်က မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နဲ့ နမ့်ဖတ်ကာရွာကြီးတို့ ကို KIA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။KIA သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲမှာ တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ ပန်ဝါ၊ကန်ပိုက်တီ၊လွယ်ဂျယ်မြို့တွေလဲ ပါဝင်ပါတယ်။

  • အကျဉ်းကျသတင်းထောက် မြင်တွေ့ခဲ့ရတဲ့ ဦးကိုနီလုပ်ကြံမှုတရားခံ ကြည်လင်းရဲ့ ထောင်တွင်းအခြေအနေ  (ရုပ်သံ)

    အကျဉ်းကျသတင်းထောက် မြင်တွေ့ခဲ့ရတဲ့ ဦးကိုနီလုပ်ကြံမှုတရားခံ ကြည်လင်းရဲ့ ထောင်တွင်းအခြေအနေ (ရုပ်သံ)

    စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ထဲမှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

    ကိုဖိုးသားအနေနဲ့ ထောင်တွင်းဖြတ်သန်းမှုအတွင်း နိုင်ငံရေးအကျဉ်းသားတွေသာမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံမှုက တရားခံ ကြည်လင်းအပါအဝင် နာမည်ကျော် ရာဇဝတ်မှု တရားခံတွေနဲ့ပါ ဆုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အင်းစိန်ထောင်ထဲမှာ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ထောင်တွင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရလဲ။

    ဦးကိုနီလုပ်ကြံမှုတရားခံ ကြည်လင်း ရဲ့ လက်ရှိအခြေအနေတွေကရော ဘယ်လိုရှိနေလဲဆိုတာ ကို ကိုဇော်လင်းထွဋ် (ခ) ဖိုးသားကို Myanmar Now သတင်းထောက် မသဇင်လှိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

    ဦးကိုနီ လုပ်ကြံခံရမှုအတွက် အမှန်တရားဖော်ထုတ်ရန် နိုင်ငံရေးနယ်ပယ်က တိုက်တွန်း

    ရန်ကုန် – ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည့် ကွင်းဆက်တရားခံအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ မခြွင်းမချန် ထုတ်ဖော်သွားရန် လိုအပ်ကြောင်း နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများက ပြောလိုက်သည်။

    တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အာဏာပိုင်တို့သည် ဥပဒေအထက်တွင် မည်သူမှ မရှိစေရဟူသော စကားအတိုင်း အမှုဆုံးခန်းတိုင်အောင် အမှန်တရားဖော်ထုတ်သွားမည်ဟု ယုံကြည်ကြောင်း ပြောသည်။

    “ဒီကိစ္စမှာ သိကြားမင်းပါရင်လည်း သိကြားမင်းကို တရားခံထဲ ထည့်ရမှာပါပဲ။ သူတို့အနေနဲ့ ခွဲခြားမှာ မဟုတ်ပါဘူး။ အမှုနဲ့သက်ဆိုင်သူအားလုံး ဖမ်းဆီးပြီး ရုံးတင်နိုင်ရေးကို ကျွန်တော်တို့အနေနဲ့ တောင်းဆိုသွားမှာပါ။ ဒါဟာ လူမဆန်တဲ့ကိစ္စပါပဲ” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

    ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမြအေးက ဤဖြစ်ရပ်သည် ရာဇဝတ်မှု၊ နိုင်ငံရေးလုပ်ကြံမှုဖြစ်ခြင်းကြောင့် ကျူးလွန်သူများ မည်သည့်အတန်းအစား၊ မည်သည့်အဆင့်အတန်းတွင် ပါဝင်စေကာမူ ဖော်ထုတ်၍ တရားဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း ပြောသည်။

    “(အာဏာပိုင်တွေက) အမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ချပြဖို့ လိုအပ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တစ်တိုင်းတစ်ပြည်လုံးကလည်း စိတ်ဝင်စားပါတယ်။ ကျွန်တော် အသက် ၅ဝ ကျော်ပါပြီ၊ ကျွန်တော့် တစ်သက်မှာ ဒီလို ဖြစ်ရပ်မျိုးဆိုတာကလည်း ကျွန်တော် တစ်ခါမှ မကြုံဖူးပါဘူး။ ဒီဖြစ်ရပ်က သိပ်ကို ကြီးကျယ်ပါတယ်။ အဖြစ်မှန်ကို အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ အဖြစ်မှန်ကို ဖော်ထုတ်စေချင်ပါတယ်” ဟု ဦးမြအေးက ပြောသည်။

    “နောက်ကွယ်က ကြိုးကိုင်ထားတဲ့သူတွေ ရှိမယ်ဆိုရင်လည်း ဇာစ်မြစ်အထိ ဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်တာမျိုးကို ဖြစ်စေချင်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါ တယ်”

    အမျိုးသားလွှတ်တော်မှ အမတ်တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်(ခ)ဦးချိုကလည်း အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းသင့်သည်ဟု ပြောသည်။

    အမှုဖော်ထုတ်စဉ်ကာလအတွင်း မပွင့်မလင်းသည့် အခြေအနေများ ဖြစ်ပေါ်လာပါက အမှုမှန်ပေါ်ပေါက်စေရန်အတွက် လွှတ်တော်လမ်းကြောင်းမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် (၉) ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။

    “ပွင့်လင်းမြင်သာတဲ့ခေတ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ လုပ်ရမှာပေါ့။ အကောင်ကြီးသည်ဖြစ်စေ၊ အကောင်သေးသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် အမှုမှန်ပေါ်ဖို့ပဲ။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ် ရေ၊ မြေ အဆုံးထိတော့ လိုက်လုပ်ရမှာပါ” ဟု ဦးခင်မောင်မြင့်က ပြောသည်။

    “လူထုအခြေပြုတဲ့ လူထုခေတ်ကြီးမှာ လူထုတွေပါဝင်ပြီးတော့ လုပ်တာပဲလေ။ အခုဖမ်းတော့လည်း လူထုကပဲ ဖမ်းပေးတာပဲလေ၊ ရဲတွေက နောက်မှရောက်လာတာလေ။ သူတို့က အဆုံးထိ မလုပ်ရင်လည်း လုပ်အောင် ကျွန်တော်တို့က ဘေးက ဝန်းရံမှာပါ”

    လူ့အခွင့်အရေးပညာပေးအဖွဲ့ဖြစ်သော Equality Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကလည်း ရန်ကုန်လေဆိပ်လုပ်ကြံမှုကြီးကို တရားဥပဒေအရ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်မှုပေးရမည်ဖြစ်သည်ဟု မှတ်ချက်ချသည်။

    “ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ အရေးယူမှုတွေမရဘူးဆိုရင်တော့ ကျွန်တော်တို့ဘယ်လိုမျိုးတရားဥပဒေကို ယုံကြည်ရမှာလဲ။ တရားဥပဒေကို ယုံကြည်မှုမရှိဘူးဆိုရင်တော့ တိုင်းပြည်ပျက်တာပါဘဲ။ ဒီဖြစ်စဉ်က ဦးကိုနီကို မုန်းတီးတဲ့သူတစ်ယောက်က သတ်ဖြတ်တာမဟုတ်ဘဲနဲ့ တကယ်လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အားလုံးကို ဒီလိုမျိုး လုပ်လို့ရတယ်ဆိုတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ သူတစ်ယောက် သေဆုံးသွားပေမဲ့ သူလိုမျိုးလိုက်လုပ်မဲ့သူတွေအပေါ်မှာ စိုးရိမ်မှုတွေ ဖြစ်လာတယ်။ စိုးရိမ်မှုတွေ စောင့်ထိန်းပေးနိုင်ဖို့က တရားမျှတမှုနဲ့ တရားအတိုင်း စီရင်နိုင်ဖို့ဆိုတဲ့ အကြောင်းအရာနဲ့ ပြန်လည်ကုစားမှသာ ရပါလိမ့်မယ်။” ဟု သူက ဆိုသည်။

    တရားလွှတ်တော်ရှေ့နေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအကြံပေး ဦးကိုနီသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရသဖြင့် သေဆုံးခဲ့သည်။ သေနတ်သမားကို လိုက်လံဖမ်းဆီးသူများထဲမှ အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးနေဝင်းလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

    အမှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသည့် ဦးအောင်ဝင်းဇော်ကိုလည်း လုပ်ကြံမှုအပြီး ၁၂ နာရီအတွင်း ကရင်ပြည်နယ်တွင် ဖမ်းဆီးမိပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    လုပ်ကြံမှုမတိုင်ခင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် တစ်လခန့် တည်းခိုနေထိုင်ခဲ့သူ သေနတ်သမား ဦးကြည်လင်းကို လေဆိပ်တွင် ဖမ်းဆီးရမိပြီး စစ်ဆေးချက်များ၊ တွေ့ရှိချက်များအရ ဦးအောင်ဝင်းဇော်ကို ခြေရာခံနိုင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ပြည်သူများအနေဖြင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတို့ကို အထူးသတိပြုကြရန်၊ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်သည်များကို တွေ့ရှိပါက အာဏာပိုင်တို့ထံ အကြောင်းကြားရန်လည်း ထုတ်ပြန်ချက်ထဲတွင် မေတ္တာရပ်ခံထားသည်။

    ရန်ကုန်မှ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဤလုပ်ကြံမှုသည် ကြိုတင်ကြံရွယ်ချက်ဖြစ်သည့် လူသတ်မှုဖြစ်ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂ ပုဒ်မခွဲ(၁) ပုဒ်မခွဲ (ခ) အရ သေဒဏ်စီရင်ချက် ချနိုင်သည့်အမှုဖြစ်သည်ဟု ပြောသည်။

    ပြစ်မှုကျူးလွန်သည့် နေရာသည် လေဆိပ်တွင်ဖြစ်ခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံ ဥပဒေပေါင်းချုပ် ဒုတိယအတွဲ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု အက်ဥပဒေ) ပုဒ်မ ၂ (၁ – က) အရလည်းကောင်း သေဒဏ်အထိ အပြစ်ပေးနိုင်သော အမှုဖြစ်သည်ဟု သူက ဆက်ပြောသည်။