မိမိအသက်ထက် အများပြည်သူဘေးကင်းရေးကို ဦးစားပေးခဲ့သူ 🫡
ဒီနေ့ ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ လူတိုင်းကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။

ဓာတ်ဆီဆိုင်မှာ ဆီဖြည့်နေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားပြီး ဓာတ်ဆီကား တစ်စီးလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့ပါတယ်။
အဲဒီအချိန်မှာ လူအများက ကြောက်လန့်တကြား ထွက်ပြေးနေကြပေမယ့် ကားဆရာ ကတော့ မကြောက်မရွံ့ဘဲ…
💥 မီးလောင်နေတဲ့ ဓာတ်ဆီကားကြီးကို ဆိုင်နဲ့ မြို့ရွာတွေဆီ မီးမကူးစက်အောင်၊

💥 အများပြည်သူတွေ အန္တရာယ်မဖြစ်အောင်၊
မီးစွဲနေတဲ့ ကားကြီးပေါ်တက်ပြီး မြို့ပြင်က လယ်ကွင်းပြင်ဆီ အမြန်ဆုံး မောင်းထုတ်သွားခဲ့ပါတယ်။
ကားကြီးဟာ မြို့ပြင်ရောက်မှ ထပ်မံပေါက်ကွဲသွားခဲ့ပေမယ့် ကားဆရာရဲ့ အချိန်မီ ဆုံးဖြတ်ချက်နဲ့ သတ္တိကြောင့် ဓာတ်ဆီဆိုင်နဲ့ မြို့ရွာနေအိမ်များစွာ မီးဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။
မိမိအသက်ကို ငဲ့ကွက်ခြင်းမရှိဘဲ သူတစ်ပါးအတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့ ကားဆရာရဲ့ လုပ်ရပ်ကို အစဉ်ထာဝရ လေးစားဂုဏ်ပြုနေမှာပါ။ 🙏🙏🙏


Leave a Reply