Category: News

  • ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ

    ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ

    အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရိုက်နှက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို တိုက်ကြီးမြို့နယ် ဥက္ကံနယ်မြေရဲစခန်းက ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ တိုက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာမှာ တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လေးလေးမြင့်ကို ခင်ပွန်းဖြစ်သူ ကိုကျော်လင်းထွန်းက ရိုက်နှက်ခဲ့ပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်ခြင်း မပြုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတယောက်က “သူ့ယောကျ်ားကို အရပ်ထဲက ဂဏန်းလို့ခေါ်တယ်။ လက်စလက်နရှိတယ်။ သူ့မိန်းမကို ရွေးကောက်ပွဲမဝင်ဖို့ အကြိမ်ကြိမ်သတိပေးတယ်။ မရဘူး၊ နာမည်စာရင်းပါလာတော့ အိမ်မှာ ရိုက်နှက်တယ်။ ရွေးကောက်ပွဲကနေ ထွက်ဖို့ပြောတယ်။ မထွက်ရင် သတ်ပစ်မယ်ပြောလို့ မိန်းမက ရဲစခန်းတိုင်လိုက်တာ အဖမ်းခံရတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၁၇ ရက်က ဇနီးဖြစ်သူရဲ့…

  • ဖူးခတ်ရှိ နာမည်ကျော် ခရီးသွားနေရာအနီးတွင် ဆိုင်ကယ်ပေါ် လိင်ဆက်ဆံခဲ့သည့် ထိုင်းဆယ်ကျော်သက်စုံတွဲကို ဖမ်းဆီး အရေးယူပေးရန် တောင်းဆိုနေကြ

    ဖူးခတ်ရှိ နာမည်ကျော် ခရီးသွားနေရာအနီးတွင် ဆိုင်ကယ်ပေါ် လိင်ဆက်ဆံခဲ့သည့် ထိုင်းဆယ်ကျော်သက်စုံတွဲကို ဖမ်းဆီး အရေးယူပေးရန် တောင်းဆိုနေကြ

    ထိုင်းနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုအများဆုံးဒေသဖြစ်သော ဖူးခတ်ရှိ လူသွားလူလာများသော ခရီးသွားလမ်းမပေါ် ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ ​ထိုင်းဆယ်ကျော်သက် စုံတွဲတစ်တွဲက မဖွယ်မရာ လိင်ဆက်ဆံမှု ပြုမူနေသည်ကို ရိုက်ကူးထုတ်လွှင့်ခံရပြီးနောက် ဒေသခံလူအများကြား ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ​အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်အပေါ် လမ်းသွားလမ်းလာတစ်ဦးက ဆယ်ကျော်သက်စုံတွဲသည် ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ အချစ်ဇာတ်လမ်းဆင်နေသည်ကို မှတ်တမ်းတင်ပြီးနောက် မျှဝေခဲ့ရာ လျင်မြန်စွာပင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ ​နောက်ပိုင်းတွင် အွန်လိုင်း၌ မျှဝေခဲ့သော ထိုဗီဒီယိုဖိုင်အတွင်း ကောင်မလေးသည် ဆိုင်ကယ်ပေါ်၌ ပက်လက်လှန် လဲလျောင်းနေပြီး ကောင်လေးက သူမကို ခွလျက်သား နေရာယူထားပြီး လိင်ဆက်ဆံနေသည်ကို တွေ့ခဲ့ရရာ ထိုအပြုအမူမှာလမ်းသွားလမ်းလာများ သို့မဟုတ် လူအများရှေ့ အရှက်မဲ့သော၊ ဣန္ဒြေသိက္ခာကို ဂရုမစိုက်သောပုံ ပေါ်လွင်နေခဲ့သည်။ ​ဗီဒီယိုဖိုင်နှင့်အတူ…

  • ကျောက်ကပ်ရောဂါအပါအဝင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားနေရတဲ့ အမျိုးသမီး ကြီးကို ဆေးစာအုပ်တွေ၊ သောက်သုံးဆဲ ဆေးဝါးတွေနဲ့ အတူ တံတားအောက်မှာ စွန့်ပစ်ခဲ့ကြ

    ကျောက်ကပ်ရောဂါအပါအဝင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားနေရတဲ့ အမျိုးသမီး ကြီးကို ဆေးစာအုပ်တွေ၊ သောက်သုံးဆဲ ဆေးဝါးတွေနဲ့ အတူ တံတားအောက်မှာ စွန့်ပစ်ခဲ့ကြ

    ကျောက်ကပ်ရောဂါအပါအဝင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားနေရတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ဆေးစာအုပ်တွေ သောက်သုံးဆဲ ဆေးဝါး‌တွေနဲ့အတူ စွန့်ပစ်တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ တံတားအောက်မှာဖြစ်ပွားခဲ့‌တယ်လို့ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။ အဆိုပါ အမျိုးသမီးကြီးဟာ အိမ်ခြေယာမဲ့ပုံစံမျိုးထဲက မဟုတ်ဘဲ ‌‌သင့်တင့်တဲ့ အသုံးအဆောင်ပစ္စည်းတချို့နဲ့အတူ မွတ်စလင်မ်ကုသိုလ်ဖြစ် ကျောက်ကပ်ဆေးတဲ့‌ ဆေးရုံအနားမှာ လာစွန့်ပစ်တာမို့ ဆက်လက် ဆေးကုသပြုစုဖို့ အဆင်မပြေတော့တဲ့အတွက် အခုလို လာပစ်တယ်လို့ ယူဆကြောင်း ရှင်သန်ခြင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။ အဆိုပါ နာမကျန်းတဲ့ အမျိုးသမီးကြီးက အမောဖောက်နေပြီး စကားလည်းမ‌ပြောနိုင်တဲ့အတွက် လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆွေမျိုးသားချင်းတွေကို ဝိုင်းဝန်းရှာဖွေပေးခဲ့ပြီး ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့…

  • သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း

    သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း

    သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း အစ္စရေးစစ်သားရှောင်ဂလပ်စ်က သမီးငယ်လေးဟင်းန်ရာဂျဘ်ကို ကျည် ၃၅၅ တောင့်ဖြင့် ပစ်ခတ်ရာတွင် အမိန့်ပေးခဲ့သူဖြစ်တယ်။ 2024 ခုနှစ် ဇန်နဝါရီလတွင် 5 နှစ်အရွ ယ် ပါလက်စတိုင်းမိန်းကလေး ဟင်န်ရာဂျဘ်ကို ကျည်ဆံပေါင်း 355 ကျော်ဖြင့် သတ်ဖြတ်ခဲ့သော အစ္စရေးစစ်သားများ၏ အထောက်အထားများကို ဖော်ပြသည့် သီးသန့်စာရွက်စာတမ်းများကို အလ်ဂျားဇီးယားကရရှိထားတယ်။ Al-Jazeera ၏ အဆိုအရ သံချပ်ကာတပ်မဟာ 52 အစ္စရေးစစ်သားရှောင်ဂလပ်စ်နှင့် အီတေရူကရီကော့ဗ်တို့ဟာ ကားနဲ့သွားနေတဲ့ ဟင်းန်ရာဂျဘ် ၊ သူမ၏ မိ သားစုနှင့် အခင်းဖြစ်ပွားရာသို့ အပြေး အလွှားရောက်ရှိလာသော ဆေးမှူးများကို သတ်ဖြတ်ခဲ့တယ်။ ဟင်းရာဂျဘ်ဖောင်ဒေးရှင်းက ဟင်းန်ရာဂျဘ်နှင့်…

  • မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

    မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

    ရန်ကုန်တိုင်း၊ တာ‌မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၌ လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ ၂၃ ရက် နံနက် ၃ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မေတ္တာညွန့်လူမှုကူညီရေးအသင်းထံမှသိရသည်။ သေဆုံးသူမှာအသက် (၂၂)နှစ် အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ကွမ်းခြံကုန်းဇာတိဖြစ်ကြောင်း၊ လက်ရှိတွင် မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ အဆောင်တွင်နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ “သူတို့တွေက ကုမ္ပဏီဝန်ထမ်းလေးတွေဆိုတော့ အတူနေတဲ့ဝန်ထမ်းတစ်ယောက်က အပေါ့ထသွားရင်းတွေ့တာ။ သူကမြေညီထပ်အပြင်မှာပါပဲ။ ရဲကတော့သူ့ဖုန်းကိုယူသွားတယ်။ ဘာမှတ်ချက်မှတော့ထွက်မလာသေးဘူး” ဟု ၎င်းက ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာညွန့်လူမှုကူညီရေးအသင်းမှ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်တွင်လည်း မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်း၌ အသက် (၇၄) နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် နေအိမ်ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မေတ္တာမျှဝေပရဟိတအဖွဲ့ထံမှသိရသည်။ သတင်း – အင်ကြင်း ဓာတ်ပုံ – မေတ္တာညွန့်လူမှုကူညီရေးအသင်း