Category: News

  • ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့ ၊ KIO အမှုထမ်းများ၊ အပြစ်မဲ့ပြည်သူ စုစုပေါင်းသေဆုံးသူ ၆၉ ဦး သေဆုံးခဲ့ကာ အဆိုးရွားဆုံးလူသတ်မှုကို စစ်တပ်က ပြောင် ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အနန့်ပါ အရပ်သားသေဆုံးမှုဖြစ်စဉ်ဟာ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးနှစ်ပြည့်ခဲ့ပြီး ဒီအဖြစ်အပျက်ကြီးကို အခုချိန်အထိ ဝမ်းနည်းပူဆွေးအမှတ်ရနေရဆဲဖြစ်တယ်လို့ ကချင်အနုပညာရှင်တစ်ဦးက သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပြောဆိုပါတယ်။ “ဒီဖြစ်စဉ်ထဲမှာ အနုပညာရှင်တွေနဲ့ ပတ်သက်နီးစပ်သူက ၃ ယောက်ပါတယ်။ အားလုံးသိတဲ့…

  • KK Park ကို နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ

    KK Park ကို နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ

    ထိုင်း – မြန်မာ နယ်ခြားစောင့်တပ် BGF က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) နဲ့ နာမည်ကြီးနေတဲ့ KK Park ကို အောက်တိုဘာ ၂၃ ညနေ့ ၆ နာရီလောက်မှာ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။ အဆောက်အအုံတချို့ အပြင်းအထန် မီးခိုးထွက်နေပြီး မဲဆောက်ခရိုင်ထဲက သတင်းထောက်တချို့ထံမေးမြန်းရာ နယ်ခြားစောင့်တပ် BGF က KK Park ရှိ နေရာ ၃ ခုကို ဗုံးကြဲချတာလို့ ကနဦးသတင်းရကြောင်း Nareswan Army ရဲမှူးက ပြောကြားပါတယ်။ အသေးစိတ်အချက်အလက်ကို စုံစမ်းနေဆဲလို့လည်း ဆိုပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက်ဖြန် မြန်မာစစ်အုပ်စုက တရုတ်ကိုယ်စားလှယ်တချို့နဲ့အတူ KK Park မှာ ဝင်ရောက်စစ်ဆေးဖို့ရှိနေတာကြောင့် BGF…

  • KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ (ရုပ်သံ)

    KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ (ရုပ်သံ)

    မြဝတီမြို့အနီး မြင်တွေ့ရသည့် KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများ(ကျားဖြန့်)ပြုလုပ်နေတဲ့ KK Park စင်တာမှ ထွက်ပြေးလာကြသူများအနက် အယောက် ၅၀၀နဲ့ အထက်ဟာ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိလာတယ်လို့ ထိုင်းသတင်းမီဒီယာများထံမှ သိရပါတယ်။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေတဲ့ KK Park ကို မြန်မာစစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းများကြောင့် ကျားဖြန့်စင်တာမှာ အလုပ်လုပ်ကိုင်သူများဟာ ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့တွေမှာ မြဝတီနဲ့ မဲဆောက်ဘက်သို့ ဒေသအနှံ့အပြား ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်ပါတယ်။ ရုပ်သံ – Moe Htet

  • နေပြည်တော်ဝင်ပေါက်ရှိ ရေတာရှည်တွင် စစ်စခန်းများ သိမ်းခံရပြီးနောက် လေကြောင်း တိုက်ခိုက်မှုများ တရစပ်လုပ်

    နေပြည်တော်ဝင်ပေါက်ရှိ ရေတာရှည်တွင် စစ်စခန်းများ သိမ်းခံရပြီးနောက် လေကြောင်း တိုက်ခိုက်မှုများ တရစပ်လုပ်

    ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ရွာသစ်ကျေးရွာမှ စစ်ကော်မရှင်တပ်စခန်းများကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဗျူဟာစစ်ကြောင်းက အောက် တိုဘာ ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြင့် စစ်အုပ်စုက တုံ့ပြန်နေကြောင်း နေပြည်တော်တိုင်းစစ်ဌာန PDF ထံမှ သိရသည်။ အောက်တိုဘာ ၂၀ ရက်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာအထိုင်စခန်းနှင့် ကျေးရွာတွင်းကင်းစခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်) အပါအဝင် ၁၅ ဦး ကျဆုံးခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော် PDF က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “ဒီနေ့အထိလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတွေကတော့ ကြိုကြားပစ်နေတုန်းပဲ။ဒီနေ့ပဲ ပါရာမော်တာနှစ်စီး…

  • Love of Siam

    Love of Siam (2007) ချစ်ခြင်းတရားတိုင်းဟာလှပပါတယ်။ မိဘကသားသမီးအပေါ်ထားတဲ့အချစ် လူငယ်ကျောင်းသားဘဝမှာဖြစ်ခဲ့တဲ့အချစ် ဒါမှမဟုတ် မဖြစ်နိုင်တဲ့ချစ်ခြင်းတွေပေါ့…….. ဒီဇာတ်ကားလေးဟာ ထိုင်း BL ရုပ်ရှင်‌လောကရဲ့အစလို့ပြောလို့ရပါတယ်။ ကျ​ေနာ်တို့ရဲ့ first love ဇာတ်ကားက Mario Maurer ရဲ့ BL ဇာတ်ကားဆိုလည်းမမှားပါဘူး။ တုန့်(Mario Maurer) နဲ့ မြူ တို့ဟာ ငယ်ငယ်တုန်းက အိမ်နီးနားချင်းသူငယ်ချင်းတွေပါ။ တနေ့မှာ မြူရဲ့အစ်မ တေန် ချင်းမိုင်မှာပျောက်ပြီး ပြန်မလာတဲ့အခါ ပျော်ရွှင်နေတဲ့မိသားစုလေးပျက်စီးပြီး အခြားမြို့ကိုပြောင်းသွားခဲ့တယ်။ အချိန်တွေကြာတဲ့အခါ မြူဟာ ဩဂတ်တီးဝိုင်းရဲ့တေးရေးဆရာ အဆိုတော်ဖြစ်နေပြီး တုန့်ကတော့ ခပ်ဆိုးဆိုးကျောင်းသားလေးဖြစ်နေတာပေါ့။ အချိန်ကြာမှပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်နဲ့သူငယ်ချင်းမေတ္တာကနေ ချစ်ခြင်းမေတ္တာကိုပြောင်းလဲသွားပုံကိုကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲမှာမြူက သူ့ရဲ့ခံစားချက်ကို သီချင်းလေးတစ်ပုဒ်နဲ့ဖွင့်ဟခဲ့ပါတယ်။ ချစ်ခြင်းရဲ့အဓိပ္ပာယ်များစွာကိုခံစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ……..