Category: News

  • လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရ

    လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရ

    စစ်တွေမြို့မှာ လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရတယ်လို့ဆို အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှာ ထင်းရှားပါးပြီး ဈေးမြင့်တက်နေတဲ့အတွက် ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ၁ ပေလောက်အရှည်ရှိတဲ့ ထင်းလေးချောင်းပါ တစ်စည်းကို ငွေကျပ် ၁၅၀၀ အထိ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် အခုလို ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက်ပြီးတော့ ထင်းဆစ် သုံးစွဲနေကြရတာဖြစ်တယ်လို့ စစ်တွေမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ထင်း ၅၀၀၀ ဖိုးနဲ့ တစ်နပ်တောင်ချက်မရဘူး။ အိမ်မှာ မလိုတဲ့ အောက်က အခန်းလေးကို ဖြိုတယ်။ ချက်တယ်။ နောက်ဖေးခန်းကို ဖြိုလိုက်တယ်။ ချက်တယ်။ ထင်းက ဈေးကြီးနေတာကိုး” လို့ ပြောပါတယ်။ ဒါ့အပြင် အိမ်နီးနားချင်း အသက် ၆၀ ကျော်အရွယ်…

  • တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံးကို တော်လှန်ရေးတပ်ဖွဲ့များက ပြင်းအားမြင့်မိုင်း ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု…

  • လူမှုကွန်ရက်၌ လူသိများသည့် သမီးဆိုးကို စစ်တပ်က ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံအမှုဖွင့်

    လူမှုကွန်ရက်၌ လူသိများသည့် သမီးဆိုးကို စစ်တပ်က ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံအမှုဖွင့်

    လူမှုကွန်ရက်မှာ သမီးဆိုးလို့ လူသိများတဲ့ ShweThet အကောင့်ပိုင်ရှင် မသက်ကို ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်က ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံအမှုဖွင့်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှရဲ့ နိုင်ငံခြားခရီးစဥ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဥ်ကို ခိုင်းနှိုင်းရေးထားတဲ့ Post နဲ့ စစ်တပ်အရာရှိတွေကို ဝေဖန် Live လွှင့်ပြောဆိုမှုတွေကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံအမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က “အမေစုက နိုင်ငံခြားခရီးစဥ်သွားရင် စမတ်ကျအောင် ဘယ်လို ဝတ်စားဆင်ယင်တတ်တာ။ ဘယ်အခမ်းအနားမှာ ဘာဝတ်ရမယ်ဆိုတာ ရွေးတတ်တယ်။ ဒေါ်ကြူကြူလှရဲ့ ဝတ်စားဆင်ယင်မှုက တောကျတယ်။ အဲဒီလိုတွေမြင်ရတော့ နိုင်ငံတော် ပုံရိပ်ကျတယ်ဆိုပြီး တင်ထားတဲ့ ပို့စ်ရယ်၊ စစ်တပ်အရာရှိတွေကိုလည်း…

  • Amala (2024)

    Amala (2024)

    တစ်မြို့လုံးကို တုန်လှုပ်စေခဲ့တဲ့ လူသ-တ်မှု သ-တ်ပုံသ-တ်နည်းက ကြ-မ်းတမ်းပြီး မိန်းကလေးတွေကို အဓိကထားသ-တ်တဲ့ စိတ္တဇလူသ-တ်မှုပေါ့ စုံစမ်းရေးသမားတွေကတော့ ဒီနောက်ကွယ်မှာ စိတ္တဇတရားခံရှိတယ်လို့ သံသယဝင်နေပါတယ် ဒါကိုဖော်ထုတ်ဖို့ တာဝန်ပေးခံရတာကတော့ ACP အက်ခ်ဘာပါပဲ စုံစမ်းရသလောက်သိလာရတာတော့ လူမနေတဲ့တောနက်ကြီးထဲမှာ မိန်းကလေး ၂ယောက် နေနေကြပါတယ် ဒီ ၂ယောက်နဲ့ မြို့ထဲကလူသတ်မှုတွေက ဘယ်လိုပတ်သက်နေမလဲ စုံစမ်းထောက်လှမ်းမှုများသည် လူသတ်သမားရဲ့ ငယ်ဘဝဇာတ်ကြောင်းဆီသို့ ဦးတည်သွားပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ ငယ်စဉ်က ခံစားတွေ့ကြုံခဲ့တာတွေပေါ် အစချီပြီး ဇာတ်လမ်းက ဘာဖြစ်သွားမလဲဆိုတာကိုတော့….

  • စစ်ကော်မရှင်က အကြိမ်ကြိမ်အင်အားဖြည့်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို  သိမ်းပိုက်

    စစ်ကော်မရှင်က အကြိမ်ကြိမ်အင်အားဖြည့်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်

    မကွေး၊ ငဖဲမြို့နယ်၊ ပဒါန်းရှိစစ်ကကော်မရှင်၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကုန်းကို AA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်၏ နတ်ရေကန်ဗျူဟာကုန်းကို ကိုးလနီးပါးအကြာ တိုက်ခိုက်ပြီးနောက် ယနေ့ အောက် တိုဘာ ၁၄ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “စခန်းကထွက်ပြေးတဲ့တပ်သားတွေကို ဖမ်းမိထားတာရှိတယ်။ အချို့ကျတော့ လက်နက်ချတာပေါ့။ အသေးစိတ်ကို ထုတ်ပြန်ပါလိမ့်မယ်။ ဒီ‌ညနေမှာ အလုံးစုံသိမ်းလို့ရတာပါ”ဟု သတင်းရင်းမြစ်က ပြောသည်။ နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သည် ဟောင်ဝစ်ဇာအမြောက်များနှင့် စစ်ဖက်သုံးစက်များကိုပါ သယ်ယူထွက်ပြေး ကြပြီးနောက် စခန်းအနီးထိ AA တပ်များ ချဉ်းကပ်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “စစ်ယာဉ်တန်းတွေက နတ်ရေကန်ကိုမတက်နိုင်ရင် ကပစ ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို အဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်။ နတ်ရေကန်ကတော့ ဘယ် လိုမှလှုပ်မရတဲ့အနေအထားနဲ့ ပိတ်ဆို့ထားပြီးသွားပါပြီ။ ဗျူဟာကုန်းထဲခံပစ်နေတဲ့အဖွဲ့တွေ…