📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရ

စစ်တွေမြို့မှာ လောင်စာထင်းရှားပါးပြီး ဈေးမြင့်တက်နေလို့ ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရတယ်လို့ဆို

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှာ ထင်းရှားပါးပြီး ဈေးမြင့်တက်နေတဲ့အတွက် ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက် ထင်းဆစ်သုံးစွဲနေကြရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

၁ ပေလောက်အရှည်ရှိတဲ့ ထင်းလေးချောင်းပါ တစ်စည်းကို ငွေကျပ် ၁၅၀၀ အထိ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် အခုလို ကိုယ့်နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက်ပြီးတော့ ထင်းဆစ် သုံးစွဲနေကြရတာဖြစ်တယ်လို့ စစ်တွေမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“ထင်း ၅၀၀၀ ဖိုးနဲ့ တစ်နပ်တောင်ချက်မရဘူး။ အိမ်မှာ မလိုတဲ့ အောက်က အခန်းလေးကို ဖြိုတယ်။ ချက်တယ်။ နောက်ဖေးခန်းကို ဖြိုလိုက်တယ်။ ချက်တယ်။ ထင်းက ဈေးကြီးနေတာကိုး” လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်နီးနားချင်း အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း လင်မယားနှစ်ဦးဆိုရင်လည်း နေအိမ်ကို ငွေကျပ် ၂၂ သိန်းနဲ့ ထင်းဆစ်ရောင်းစားသူထံသို့ ရောင်းချပြီးတော့ ဝမ်းရေးအတွက် ဖြေရှင်းလိုက်ရတာကို မြင်တွေ့လိုက်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“အလုပ်အကိုင်က မရှိ။ ကုန်ဈေးနှုန်းက ကြီး။ ထင်းက ရှားဆိုတော့ သူတို့အိမ်ကို ရောင်းပစ်လိုက်ရတာ။ သူတို့ကတော့ သူ့ဆွေမျိုးနေခဲ့တဲ့အခန်းငယ်လေးတစ်ခန်းမှာပဲ ဆက်နေကြတယ်”လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ထင်း ငါးချောင်းပါ ၁ ပေလောက်အရှည်ရှိတဲ့ ထင်းတစ်စည်းကို အရင်က ငွေကျပ် ၈၀၀၊ ၉၀၀၊ ၁၀၀၀ လောက်ပဲ ရှိခဲ့တာပါ။

စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတဲ့ အမျိုးသားတစ်ယောက်ကလည်း လက်ရှိ ထင်းတစ်စည်းကို ၁၃၀၀၊ ၁၅၀၀ အထိ ဈေးမြင့်တက်နေတဲ့အတွက် ချက်ပြုတ်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြရတယ်လို့ ပြောပါတယ်။

“ရပ်ကွက်တွေကို လှည့်ပြီးတော့ သစ်တို၊ သစ်စလေး တစ်ထွာလောက်တွေ့ရင်တောင် ကောက်တယ်။ ချောင်းနားက ရေနဲ့မျောလာတဲ့ အပင်အခက်အလက်တွေကို ယူတယ်။ ဒီရေပင်တွေကို ခုတ်တယ်။ အဲလို သုံးနေကြရတယ်” လို့ ပြောပါတယ်။

နောက်ထပ် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်က “ထမင်းချက်ဖို့ ထင်းရှားနေတာ ဟုတ်တယ်။ ထမင်းစားဖို့ ဈေးဝယ်ရတာတောင် ငွေမလောက်တာ။ အိမ်က အဖီအယပ်တွေဖြိုပြီး ချက်ပစ်လိုက်ပြီးပြီ။ ခြံစည်းရိုးတွေပါ ဖျက်ပြီး ချက်ထားတယ်။ ထင်းဝယ်ဖို့ထက် ဆန်ဝယ်ဖို့ ပိုက်ဆံတောင် ရှာမလွယ်ဘူး” လို့ ဆိုပါတယ်။

ဓာတ်ပုံ – စစ်တွေမြို့နယ်မှ စစ်ရှောင်နေကြသူများ၏နေအိမ်များနှင့် ထင်းစည်းအချို့အားတွေ့ရစဉ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်