Category: News
-

နေ့ပြန်တိုးမပေးနိုင်သဖြင့် နေပြည်တော်တွင် အဘွားအို ၁ ဦး ရေထဲခုန်ချ သတ်သေ
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာ အောက်တိုဘာ ၂ ရက်က အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ နေ့ပြန်တိုးမပေးနိုင်လို့ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မြို့ခံတွေဆီက သိရပါ တယ်။ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက် ဓမ္မရိပ်သာနားမှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်ဌေး ဟာ ယူထားတဲ့ နေ့ပြန်တိုးတွေတက်ပြီး ၁၅ သိန်းလောက်ဖြစ်သွားတာကြောင့် ပြန်မဆပ်နိုင်တဲ့အဆုံး စာတစောင်ရေးပြီး သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ယူထားတာက ၆ သိန်း၊ ၇ သိန်း တလုံးတည်း ယူတာမဟုတ်ဘူး။ နည်းနည်းချင်းယူတာ။ အဲဒါကို နေ့ပြန်တိုးနဲ့တွက်လိုက်တာ ၁၅ သိန်းလောက် ဖြစ်သွားတယ်။ မိသားစုလည်း မရှိတော့ သူ့အတွက် ဖိအားအရမ်းများပြီး အကြွေးသမားကလည်း ဖိနင်းကန်တောင်းနေတော့ မလုပ်သင့်တာကို လုပ်သွားတာ။…
-

ရွေးကော်ကို ဒဲ့ဖြုတ်လိုက်တဲ့ ဘူးလက် (ရုပ်သံ)
အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မိသားစုတို့ မဲစာရင်းမပါတဲ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ ဘူးလက်လှဆွေပြော ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘူးလက်လှဆွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုလာပါတယ်။ ရုပ်သံ- ဘူးလက်လှဆွေ
-

တနင်္သာရီမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် အရပ်သား ၁, ၃၀၀ ကျော်ထွက်ပြေး
တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသား ၁,၃၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၃ ရက် မနက်ပိုင်းလောက်မှာ အနောက်မော်တုံးရွာရဲ့ တဘက်ကမ်းရှိ ကမ်းတိုရွာနဲ့ ညောင်ပင်ကုန်းရွာက စစ်ကောင်စီတပ်သားတွေ လှေနဲ့ကူးပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံတယောက်က ပြောပါတယ်။ “မနက် ၉ နာရီလောက်မှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှန်း သိတယ်။ အင်အားကတော့ အတိအကျ မသိရဘူး။ အခု အဝတ်တထည်ကိုယ်တခုနဲ့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်။” စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် မနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။ ဒေသခံတယောက်က “နှစ်ဖက်ထိခိုက်မှုတော့ရှိတယ်။ စစ်တပ်ကလည်း ချောင်းကူးပြီး တိုးလာတယ်ဆိုတော့ ပြန်ဆုတ်မယ့်အနေအထားမရှိဘူး။ တိုက်ပွဲငြိမ်တော့ စကစဘက်က လက်နက်ကြီးတွေနဲ့…
-

ချောက်မြို့နယ်တွင် ထွေအုပ်စာရေး ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ Non-CDM ထွေအုပ်စာရေးတယောက် သေနတ်သမားတွေက ဖမ်းခေါ်သွားပြီး ပစ်သတ်ခံရတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ ပစ်သတ်ခံရသူဟာ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ထွေအုပ်စာရေး ကိုနေမျိုးထွဋ်ဖြစ်ပြီး အောက်တိုဘာ ၃ ရက် ညနေပိုင်းမှာ အမည်မသိ သေနတ်သမားတွေက နေအိမ်အထိလာဖမ်းခေါ်ပြီးနောက် သွေးနက်ကျေးရွာနဲ့ ကြီးနီကျေးရွာ လမ်းဆုံမှာ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သေနတ်သမားတွေက လာဖမ်းခေါ်ပြီး ရွာထိပ်မှာ ပစ်သတ်သွားတာ။ ပစ်သတ်ခံရတဲ့သူက ထွေအုပ်ရပ်ကျေးစာရေးပါ။ တခါတည်း သေနတ်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးဆုံးသွားတာ” လို့ ပြောပါတယ်။ သေနတ်သမား ၅ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ကိုနေမျိုးထွဋ် အိမ်ကို ရောက်လာပြီး ဖမ်းခေါ်သွားတာလို့ သိရပါတယ်။ ဒေသခံတယောက်က “ရုပ်အလောင်းကို…
-

ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း တိုက်ပွဲများအတွင်း အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်…