Category: News

  • စစ်သားသစ်စုဆောင်းမှုနောက်ကွယ်မှ ပြန်ပေးဂိုဏ်းများ

    မြို့ပေါ်မှလူမိုက်ဂိုဏ်းများသည် လူငယ်တို့ကိုပြန်ပေးဆွဲပြီးနောက် မိသားစုဝင်များထံ ငွေညှစ်ကြသည်။ ငွေပေးနိုင်သူများပြန်လွတ်သော်လည်း မပေးနိုင်သူများကို စစ်တပ်ထံတပ်သားသစ်အဖြစ်အပ်နှံခဲ့သည်။

    ဇန်နဝါရီလလယ် နံနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့စွန် ရွှေပေါက်ကံမြို့သစ်အဝင်လမ်းပေါ်ရှိ မော်ကျွန်းကျောင်းမှ သံဃာတော်များ တန်းဆွမ်းခံထွက်လာရာ ဘုန်းကြီးကျောင်းသားနှစ်ယောက် ‘ဘွန္တော’ အော်၊ ကြေးစည်ထုရင်း ရှေ့မှ ကြိုထွက်သွားကြသည်။

    တန်းဆွမ်းခံထွက်လာသည့်သံဃာများ မိနစ်ပိုင်းအတွင်း ရောက်လာတော့မည့်ဖြစ်ကြောင်း ထိုသို့ အချက်ပြရသည့် အသက် ၁၇ နှစ်ဝန်းကျင် လူငယ်နှစ်ဦးမှာ ရွှေပေါက်ကံ စက်မှုဇုန်ထဲ အရောက်တွင် ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။

    ထိုသို့ ပျောက်ဆုံးကြောင်း သံဃာများ သတိထားမိပြီး မိနစ်ပိုင်းအကြာတွင် သူတို့ကိုင်ဆောင်ခဲ့သည့် ကြေးစည်နှင့် ကြေးစည်ရိုက်တံကို ရွှေပေါက်ကံစက်မှုဇုန်နှင့်ကပ်လျက် ဇေကမ္ဘာစက်မှုဇုန်ဟု ခေါ်ကြသည့်နေရာအနီး ကင်းတဲတစ်ခုတွင် တွေ့လိုက်ရသည်။

    အမျိုးသားတချို့က လူငယ်နှစ်ဦးကို ကားပေါ်တင်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံတချို့က မြင်လိုက်ရသည်ဟု အဆိုပါအခြေအနေကိုသိသည့် ရွှေပေါက်ကံမြို့ခံတစ်ဦးက ပြောသည်။

    “ကင်းတဲပေါ်မှာ ကြေးစည်ရယ်၊ ကြေးစည်ရိုက်တဲ့ဟာတွေရယ်၊ ကြေးစည်ထမ်းတဲ့ဟာတွေရယ် တွေ့တော့မှ အဲ့ဒီနားမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ကြတာပေါ့ဗျာ။ အဲ့ဒါနဲ့လိုက်ပြီးတော့ စုံစမ်းတော့မှ ပေါ်တာဆွဲခံရတယ်လို့ သိရတာ” ဟု ၎င်းက ဆိုသည်။

    ဘုန်းတော်ကြီးကျောင်းတာဝန်ရှိသူတို့က ရဲစခန်း၊ ထိုမြို့နယ်အတွင်းတပ်စွဲထားသည့် စစ်သားများ အပါအဝင် ဆိုင်ရာပိုင်ရာများထံ ချဉ်းကပ်မေးမြန်းရာ စစ်တပ်လက်ထဲသို့ ထိုနှစ်ဦး ရောက်မလာသေးဟု ပြောဆိုကြောင်း ထိုအဖြစ်အပျက်ကိုသိသူက ပြောပြသည်။

    နောက်ဆုံးတွင် ရွှေပေါက်ကံအနီးရှိ လူမိုက်ဂိုဏ်းတစ်ခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဖြေထွက်သည်၊ စစ်တပ်၏ ကြားဝင်စေ့စပ်မှုဖြင့် ထိုလူငယ်နှစ်ဦး နေ့တွင်းချင်း ပြန်လွတ်လာခဲ့သည်ဟု ၎င်းကဆိုသည်။

    အထက်ပါအဖြစ်အပျက်က မြန်မာနိုင်ငံတွင်းဖြစ်ပျက်နေသည့် စစ်တပ်နှင့်လူမိုက်ဂိုဏ်းများပေါင်းကာ ပြည်သူ့စစ်မှုထမ်းဥပဒေအောက် လူပြန်ပေးဆွဲမှုနှင့် တပ်သားသစ်စုဆောင်းမှုများထဲမှ တစ်ခုဖြစ်သည်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့သည့်စစ်တပ်သည် မြန်မာ့သမိုင်းတလျှောက် အပြင်းထန်ဆုံးလက်နက်ကိုင်ခုခံမှုများနှင့် ဆက်လက် ရင်ဆိုင်နေရပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုနှင့် မြို့ပေါင်း ၉၀ ကျော် လက်လွှတ်ဆုံးရှုံးထားရသည်။

    သမိုင်းဝင်အရှုံးများနှင့်အတူ လျော့ပါးချိနဲ့နေသည့် စစ်တပ်တွင် လက်နက်ကိုင်အင်အား ဖြည့်ဆည်းရန်အတွက် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီတွင် အရပ်သားများ စစ်ထဲမဝင်မနေရစနစ် ကျင့်သုံးမည့် စစ်မှုထမ်းဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

    ထိုအချိန်မှစပြီး တစ်နှစ်နီးပါးအတွင်း တပ်သားသစ်များကို နည်းမျိုးစုံ စုဆောင်းကာ စစ်သင်တန်း ၉ကြိမ်ဖွင့်ခဲ့သည်။ ၁ကြိမ်လျှင် လူသစ် ၅၀၀၀ ခေါ်မည်ဟု ကြေညာထားသဖြင့် အရပ်သား ၄၅,၀၀၀ စစ်တပ်ထဲရောက်သွားခဲ့သည်ဟု နားလည်ရသည်။

    အချိန်ကြာလာသည်နှင့်အမျှ တပ်သားသစ်ရရန် ခက်ခဲလာသည့် စစ်ကောင်စီသည် မြို့ပေါ်ရပ်ကွက်များတွင် ကျက်စားသည့်လူမိုက်ဂိုဏ်းများကို ပြည်သူ့စစ် အမည်တပ်ကာ အရွယ်ကောင်းအမျိုးသားများကိုဖမ်းဆီးပြီး စစ်တပ်ထံလက်လွှဲပေးသည့်နည်းလမ်းကို အသုံးပြုနေသည်ဟု ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများထံက စုံစမ်းသိရသည်။

    အထိ တက်တူးတွေနဲ့ဆိုတော့ ပုံစံက သိသာပါတယ်” ဟု သူက ပြောပြသည်။

    “ကျွန်မတို့နဲ့ အချိတ်အဆက်ရတဲ့ တစ်ယောက်ဆို လူမိုက်တွေက ဖမ်းသွားပြီး စစ်တပ်ဆီ ရောင်းစားခံလိုက်ရတာ။ မိဘတွေက တငိုငိုတရီရီနဲ့”

    ၂၀၂၄ ဒီဇင်ဘာ ၁ ရက်နေ့မှ ယခု ဇန်နဝါရီ ၁၅ ရက်နေ့အထိ ၄၅ ရက်တာအတွင်း မန္တလေးခရိုင် ၊ ခုနှစ်မြို့နယ်၌ လူ ၅၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရသည်ဟု ၎င်းတို့ကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ မန္တလေးသပိတ်အင်အားစုထံက သိရသည်။

    စစ်ကောင်စီကမူ စစ်သားသစ်များရရှိရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆင့်ခေါ်ဆောင်ရွက်လျက်ရှိသည်ဟု ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် သတင်းတစ်ပုဒ် ထုတ်ပြန်ထားသည်။

    “သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားရှိ၍ ထုတ်ပြန်ထား သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

    စစ်ကောင်စီနှင့် အပေါင်းအပါ လူမိုက်တို့၏ လုပ်ရပ်သည် ရာဇဝတ်မှုဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

    “သူတို့လုပ်ရပ်တွေက လုံးဝကို လူကုန်ကူးမှု မြောက်နေတယ်။ အရွယ်ရောက် အကျုံးဝင်တဲ့ သူတွေကို စာရင်းပြုစုပြီး လုပ်ထုံးလုပ်နည်းရှိပေမဲ့ အခုက သူတို့က လမ်းပေါ်မှာရှိတဲ့သူတွေ၊ သွားလာနေတဲ့ သူတွေကို စစ်မှုထမ်းဥပဒေအကြောင်းပြ ဖမ်းဆီးပြီး စစ်တပ်ထဲကိုပို့နေတာ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

    “လူကုန်ကူးတယ်ဆိုတာ လူတွေကို လှည့်စားတာ၊ သွေးဆောင်ဖြားယောင်းတာ၊ ဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေတာ။ ဒါဟာ လုံးဝ လူကုန်ကူးမှုပါပဲ”

    ယင်းလုပ်ရပ်များသည် လူကို ကျွန်ပြုခြင်းဖြစ်သည်ဟု ထင်ရှားသည့်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ထံသို့ တင်သွင်းထားပြီး အာဏာသိမ်းစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်ရန် ကြိုးပမ်းနေသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

    စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမှုပေါင်း ၁၁၆၀ နှင့် ဖမ်းဆီးခံရသူပေါင်း ၂၂၇၆၅ ဦးရှိခဲ့ပြီဖြစ်ကြောင်း NUG က ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    လူငယ်များ နေရာမရွေး၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ဟု ဒလမြို့နယ်ဘက်မှ ရန်ကုန်ဘက်သို့ နေ့စဉ် အလုပ်သွား / အလုပ်ပြန် လုပ်နေရသည့် ကုမ္ပဏီဝန်ထမ်း လူငယ်တဦးက ပြောသည်။

    “အခုဆို နေရာတိုင်းမှာ လူတွေကို ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းတွေက အမြဲကြားလာရတော့ လမ်းသွားရင်တောင် ဝန်ထမ်းကတ်ကိုဆွဲပြီး လမ်းလျှောက်နေရတယ်” ဟု သူက ဆိုသည်။ “ညနေ ၆ နာရီကျော်ရင် စိုးရိမ်လာပြီ။ ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်မှန်းမသိလို့ အဖော်နဲ့ပဲ အိမ်ပြန်နေရတယ်” ဟု ထိုလူငယ်က ပြောလိုက်သည်။

  • မြန်မာဒုက္ခသည်များကို ဆေးကုသပေးရန်ခိုင်းစေပါက အလုပ်ထွက်မည်ဟု ထိုင်းဆရာဝန် ခြိမ်းခြောက်

    မြန်မာဒုက္ခသည်များကို ဆေးကုသပေးရန်ခိုင်းစေပါက အလုပ်ထွက်မည်ဟု ထိုင်းဆရာဝန် ခြိမ်းခြောက်

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဆေးရုံကြီးက အထူးကုဆရာဝန် အမျိုးသမီးတယောက်က သူ့ကို မြန်မာဒုက္ခသည်တွေအတွက် ဆေးကုသမှုပေးဖို့ အတင်းအကျပ် ဖိအားပေးခိုင်းစေပါက အလုပ်ထွက်စာတင်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့အကြောင်း The Nation သတင်းမှာ ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြပါတယ်။

    ကူးစက်ရောဂါအထူးကုဆရာဝန် ဒေါက်တာ နတ်တာဂန် ချူအင်ချွန်မ်က သူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ်ကတဆင့် ဒီအကြောင်းတွေကို ရေးသားမျှဝေထားခဲ့တာ ဖြစ်ပြီး ဆရာဝန်အရေအတွက် မလုံလောက်တဲ့ ဆေးရုံမှာ ပြည်တွင်းက ထိုင်းနိုင်ငံသား လူနာတွေ စောင့်ဆိုင်းနေရချိန်မှာ မြန်မာဒုက္ခသည်တွေကို ဆေးဝါးကုသမှုပေးဖို့ လွှဲ ပြောင်းတာဝန်ပေးတာက မျှတမှုမရှိဘူးလို့ ပြောလိုက်တာပါ။

    ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည် သောင်းနဲ့ချီ ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေး စင်တာတွေကို ပိတ်ဖို့ အမိန့်ထုတ်လိုက်ပြီးနောက် ဒေါက်တာနတ်တာဂန်ကို တီဘီရောဂါနဲ့ အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူတွေကို ကုသပေးဖို့ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ တာပေးပေးထားတာလို့ သူ့ရဲ့ ပို့စ်မှာ ဖော်ပြပါတယ်။

    အမေရိကန်ရွေးကောက်ပွဲအပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက်မှာတော့ အဆိုပါ ရန်ပုံငွေတွေနဲ့ လည်ပတ်နေတဲ့ ဆေးခန်းတွေကို ဇန်နဝါရီလကုန်မှာ ပိတ်လိုက်ဖို့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက်အကျိုးဆက်က တာ့ခ်ခရိုင်ပြည်သူ့ကျန်းမာရေးရုံးက ဒုက္ခသည်စခန်း ၃ ခုရှိ ဒုက္ခသည်တွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးဖို့ ခရိုင်အတွင်း ထိုင်းဆေးရုံ ၅ ခုက ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို အလှည့်ကျ စေလွှတ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    ဒေါက်တာ နတ်တာဂန်က ဒီဒုက္ခသည်အရေးကိစ္စကို ခရိုင်ကျန်းမာရေးရုံး၊ ဒါမှမဟုတ် ဒေသတွင်း ဆေးရုံတွေမှာ လွှဲပြောင်းပေးပြီး ဖြေရှင်းတာထက် အမျိုးသားအဆင့်အနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထောက်ပြထားပါတယ်။

    ဒါကြောင့်မို့ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ဆေးကုသဖို့ သူ့ကို ပေးထားတဲ့ အမိန့်ကို ပြန်မရုပ်သိမ်းပေးရင်တော့ အနှစ် ၂၀ ကြာ အစိုးရဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပြောထားတာပါ။

    မဲဆောက်မှာ ဆရာဝန်ဦးရေ ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသားလူနာတွေအနေနဲ့ မကြာခဏ ဆေးစစ်ကုသမှု ခံယူရာမှာ တန်းစီစောင့်ဆိုင်းရလေ့ရှိတယ်လို့ သူက ရှင်းပြပြီး ခုတခါ ဆရာဝန်တွေကို ထပ်တိုးတာဝန်ချထားတာတွေကြောင့် အခြေအနေတွေ ပိုဆိုးလာတယ်လို့လည်း ပြောပါတယ်။

    ဒါ့အပြင် မြန်မာဒုက္ခသည်အရေအတွက်ဟာ ခရိုင်တွင်း ထိုင်းနိုင်ငံသားလူဦးရေစုစုပေါင်း လောက် ရှိနေတာကြောင့် ဗဟိုအစိုးရအနေနဲ့ ခုလို ထိုင်းနိုင်ငံသားလူနာတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေချိန်မှာ ဆရာဝန်တွေကို နောက်ထပ်ဝန်ပိစေတာထက် ဘတ်ဂျတ်ခွဲဝေချထားပြီး ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာဆရာဝန်တွေကို ငှားရမ်းသင့်တဲ့အကြောင်းလည်း ထောက်ပြထား ပါတယ်။

    ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာတော့ အမေရိကန်နိုင်ငံက ပေးအပ်နေတဲ့ ပြည်ပအကူအညီတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဆေးရုံဆေးခန်းတွေ အားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းလိုက်ရတာပါ။

    သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက် ဇန်နဝါရီ ၂၄ ရက်က စတင်ကာ အမေရိကန်အစိုးရက ပြည်ပအကူအညီတွေ အားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ၃ လ စိစစ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာတော့ ဒုက္ခသည် စခန်း ၉ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်း ဒုက္ခသည် ၉၀၀၀၀ ဝန်းကျင် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

    Source: The Nation

  • စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍  ခံစစ်အခိုင်အမာပြင်ဆင်နေ

    စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာပြင်ဆင်နေ

    ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာပြင်ဆင်နေ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာ အုပ်စု၊ ထဝါဒမ်းကျေး ရွာရှိ စစ်ကောင်စီအထိုင်တပ်ကို အင်အားဖြည့်တင်းနေကြောင်း သိရသည်။

    ပူတာအိုအခြေစိုက် ခလရ ၄၆ တပ်ရင်းလက်အောက်ခံ ထောက်ပံပို့ဆောင်ရေးတပ်ခွဲ ထပခ ၉၂၇ ကို အင်အား ၁၂၀ ခန့်ဖြင့် ခံစစ်ပြင်ဆင်ထားကာ တပ်ရင်းကို သံဆူးကြိုး နှစ်ထပ်ကာရံ၍ ဆက်သွယ်ရေးတူးမြောင်းများ၊ ကတုတ်ကျင်းများပါတူးပြီး နှစ်ထပ်ဘန်ကာများ ဆောက်လုပ်ထားကြောင်း သိရသည်။

    “အင်အားဖြည့်ပြီးဘန်ကာတွေပါဆောက်နေပါတယ်။ ၂ လလောက်ရှိပြီ တပ်အင်အားတွေပါတိုးချနေတာ။ နှစ်ထပ်သံစည်းရိုးတွေပါကာထားပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ကစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ လကုန်ပိုင်းလောက်တွင် ထဝါဒမ်းကျေးရွာ အထိုင်စခန်းကို စစ်ကောင်စီက အင်အားတိုးချဲ့ပြီး ခံစစ်ပြင်လာခြင်း ဖြစ်သည်။

    စစ်ကောင်စီသည် ယခင်က အင်အား ၅၀ ခန့်သာရှိသော ထပခ ၉၂၇ ကို အင်အားထက်ဝက်ကျော်ဖြည့်တင်းထားပြီး နှစ်ထပ် ဘန်ကာများဖြင့် လုံခြုံရေးအပြည့်ယူထားကြောင်း သိရသည်။

    လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ကာ သံချပ် ကာတပ်ရင်း၊ အမြောက်တပ်ရင်းနှင့် လေဆိပ်တို့ကိုပါ သိမ်းယူထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီ၏ စကခ၂၁၊ ခလရ ၄၇ တို့အပြင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၁၀ ခုခန့်ကို ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်ဖွဲ့များ အထိနာလျက်ရှိကြောင်းသိရသည်။

    ဓာတ်ပုံ-အင်တာနက် (ပုံဟောင်း)

  • ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    လာမည့်ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံတကာကျောင်းများ ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    လာမည့်ပညာသင်နှစ် ၂၀၂၅- ၂၀၂၆ ခုနှစ်အတွက် ပုဂ္ဂလိက ကျောင်းများအပါအဝင် နိုင်ငံတကာ ကျောင်းများသည် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများဈေးတိုးမြှင့်မှုကြောင့် ကျောင်းသားမိဘများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

    ပုဂ္ဂလိက ကျောင်းများနှင့် နိုင်ငံတကာကျောင်းများသည် စာသင်ကြားမှုပုံစံကျောင်းနာမည်ကြီးမှု အပေါ်မူတည်ပြီး မူလဈေးနှုန်း တစ်ဆမှ နှစ်ဆအထိ ဈေးနှုန်းပြောင်းလဲသွားကြောင်း ကျောင်းသား မိဘများထံက သိရသည်။

    လက်ရှိစာသင်နှစ်ကုန်ဆုံးခြင်းမရှိသေးသော်လည်း လာမည့်စာသင်နှစ်အတွက် ကျောင်းလခများ တိုးကောက်ပြီး စာတော်သောကျောင်းသားများကိုသာလက်ခံလိုသည့်ကျောင်းများရှိကြောင်း ကောင်းထက်ကျော်ကိုယ်ပိုင်ကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းသားမိဘများထံက သိရသည်။

    “ နောက်နှစ်အတွက် ကျောင်းလခက တော်တော်များတယ်။ ငါးသောင်းကျော်တိုးတယ်။ မနှစ်ကလည်း တစ်သောင်း လောက်ဈေးတိုးသေးတယ်။ ဝင်ကြေးလည်းတိုးတယ်။ ကျောင်းသားအသစ်လည်း မဟုတ်ဘဲပေးရတယ်။ ကျောင်းသားအဟောင်းပေမယ့် သူတို့ကျောင်းအပ်ဖို့သတ်မှတ် ထားတဲ့ ရက်အတွင်း မအပ်ရင် ကျောင်းတက်ရဖို့မသေချာဘူး။ နေရာ ကျပ်လို့ဆိုပြီးက လေးတွေကိုပြောတယ်။ ကလေးတွေက ကြောက်လန့်ပြီးတော့ ကျောင်းအပ်ခိုင်းတယ်။ ခုတော့အပ်ပြီးပြီ” ဟု ကောင်းထက်ကျော် ကိုယ်ပိုင်ကျောင်းတွင် Grade 6 တက်ရောက်နေသော ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

    ထို့အတူ နာမည်ရှိပုဂ္ဂလိက ကျောင်းများသည်လည်း ကျောင်းလခများဈေးတက်ကာ ကျောင်းလခ ပျှမ်းမျှ ကျပ် ငါးသောင်း ကျပ်နီးပါးဈေးတက်သွားသဖြင့် တစ်လလျှင် ကျောင်းလခ ကျပ် ၂၃၅,၀၀၀၊ ကျောင်းကားခ ကျပ် ၁၆၀,၀၀၀ ရှိကာ ကျောင်းသားတစ်ဦး၏ ကျောင်းအသုံးစရိတ် အနည်းဆုံး ကျပ် ၅ သိန်းရှိကြောင်း သိရသည်။

    ထို့ပြင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့်သင်သောနိုင်ငံတကာကျောင်း IIP International School ၏ ကျောင်းစရိတ်သည် စာရင်းသွင်းခ ကျပ် ၃ သိန်း၊ ကျောင်းဖတ်စာအုပ်ဖိုး ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအဖြစ် အတန်းလိုက်ခွဲခြားထားပြီး ကျောင်းလခ တစ်လလျှင် ကျပ် ၇ သိန်းမှ ၈ သိန်းနီးပါးဖြင့် တစ်နှစ်စာကျပ် သိန်း ၁၀၀ နီးပါကျသင့်မည်ဖြစ်ကြောင်း ယင်းကျောင်းက ထုတ်ပြန်သည်။

    “ တက်တယ်။ ကျောင်းလခရော ကျောင်းကားခတွေရောတက်တယ်။ အခုဟော့နေတာဆို IIP International School ပဲ။ သူက နှစ်ဆလောက်တက်သွားတယ်။ ကျောင်းတွေအကုန်တက်ပေမဲ့သူက ပိုများသွားတယ်။ IS ( International School) တွေမှာ သူကအခြား IS တွေထက်ဈေးသင့်တော့ အဲဒီမှာကျောင်းထားတဲ့မိဘတွေများတယ်။ waiting list ( ကျောင်းအပ်ဖို့စောင့်ဆိုင်း) တွေများတယ်” ဟု ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

    စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ နောက်ပိုင်းမှ စတင်၍ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီစာသင် ကျောင်းထပ် ပုဂ္ဂလိက ကျောင်းများတွင် တက်ရောက်သည့် ကျောင်းသားသူဦးရေ တစ်စထက်တစ်စ ပိုမိုများလာကြောင်း စုံစမ်းသိရသည်။

    ” မိဘတွေမှာက အမျိုးမျိုးရှိတယ်။ အစိုးရကျောင်းထားသူ၊ ပုဂ္ဂလိက ကျောင်းထားသူ၊ နိုင်ငံတကာ ကျောင်းထားသူတောင်ဈေးသင့်တာတာ၊ ဈေးကြီးတဲ့အကောင်းဆုံးထားတာ၊ ကိုယ့်ပိုက်ဆံနဲ့ တတ်နိုင်တာ ထားကြပါ။ တချို့တွေက ကျောင်းကောင်းထားပြီးတော့ ကျောင်းအသေးတွေကို ဒီလိုကျောင်းတော့သွားမထားဘူးဆိုပြီး ပြောကြတာတွေကြားရတယ်။ မိဘတွေအနေနဲ့က ကိုယ်တတ် နိုင်တာကိုယ်ထားပေမယ့် အခြားကျောင်းတွေနိမ့်တယ်လို့ပြောတဲ့အခါ တစ်ဖက်မိဘကခံစားရတယ် ” ဟု ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

    လက်ရှိရင်ဆိုင်နေသည့် အထွေထွေအကျပ်အတည်းအခက်အခဲများအပြင် ကျောင်းလခများ ဈေးတက်၍ ကျောင်းသားမိခင်များပိုစိတ်ပင်ပန်းကြရပြီး ‌ဝင်ငွေနှင့်တတ်နိုင်သည့် ကျောင်းပြောင်း ထားရန် စဉ်းစားနေရပြီဖြစ်ကြောင်း ရန်ကုန်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

    ” သမီးလေးကျောင်းက ဈေးအရမ်းတက်တာမဟုတ်တော့ဘာမှမဖြစ်ဘူး။ တခြားကျောင်းသားမိဘတွေ ကျတော့ နှစ်ယောက် သုံးယောက်ဆိုလို့ရှိရင်မနိုင်ဘူးဆိုတော့ ကျောင်းဈေးနည်းနည်းသက်သာတာ ပြောင်းမလို့ပြောနေကြတာတွေ့တယ်။ ကျောင်းတော်တော်များများက ထက်ဝက်လောက် ခုန်တက်သွားတယ်” ဟု နိုင်ငံတကာကျောင်းတစ်ခုတွင်တက်ရောက်နေသူ Grade P 2 ကျောင်းသား မိခင်တစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် နိမ့်ကျသောကဏ္ဍများတွင် ပညာရေးကဏ္ဍတစ်ခုလည်းပါဝင်ကာ စစ်ကောင်စီလက်အောက်ခံ အခြေခံ ပညာစာသင်ကျောင်းများတွင် တတ်ကျွမ်းသူ ဆရာ၊ ဆရာမ ရှားပါးမှု၊ ကျောင်းဆရာ မလုံလောက်မှု များဖြစ်ပေါ်နေပြီး ကျောင်းအပ်နှံမှုမှာလည်း နှစ်စဉ် လျှော့ကျ လျက်ရှိသည်။

    စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ပြဋ္ဌာန်းကာ ကျောင်းမှတ်ပုံတင်ကြေး ကျပ် သိန်း ၅၀၊ နှစ်စဉ်ကြေး ကျပ် သိန်း ၆၀ သတ်မှတ်ထားပြီး ကျောင်းသားအရေအတွက်နှင့် ကျောင်းပရဝဏ်မျှတရန်၊ အချိန်ပြည့်ကျောင်းဆရာ ၅၀ ဦးရှိရန်သတ်မှတ်ထားသည်။

    အဆိုပါဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အများဆုံးထောင်ဒဏ်၂နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်ဆိုရင် အများဆုံး ငွေကျပ်သိန်း ၅၀၀ အထိ ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားသည်။

  • တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့တွင် တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။

    AA က ၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များ ထူထောင်လျက်ရှိရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး( DLEPS) ဌာနကိုလည်း တည်ထောင်ကာ မြို့ပြအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

    ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS က ပြည်ပ အရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်နှင့်စားသောက်ဆိုင်များကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံ စစ်ဆေးရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

    ပြင်ပ အရက်၊ ဘီယာ၊ ၀ိုင်များကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းထားပြီး တရားမဝင်​ ရောင်းချသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူလျက်ရှိကြောင်း၊ ပြင်ပ အရက်၊ဘီယာ၊ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ရန်နှင့် လက်ကျန်ကုန်များကို ယမန်နှစ် ၂၀၂၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ၃ လအတွင်း အကုန်အပြီးသတ် ရောင်းချရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က အသိပေးခဲ့ကြောင်း သိရှိရသည်။