Category: News

  • ဘဏ်​တွေက​ငွေထုတ်တာကန့်သတ်ပြီး​နောက်ပိုင်း အခုရက်ပိုင်းအတွင်းတစ်​သောင်းတန်​ငွေစက္ကူအသစ်​တွေထုတ်​ပေးလာ

    ဘဏ်​တွေက​ငွေထုတ်တာကန့်သတ်ပြီး​နောက်ပိုင်း အခုရက်ပိုင်းအတွင်းတစ်​သောင်းတန်​ငွေစက္ကူအသစ်​တွေထုတ်​ပေးလာ

    ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

    အခုလ နောက်ဆုံးပတ်က ငွေထုတ်ယူမှုတွေမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေက ဆေးအနံ့တောင်ထွက်နေသေးတယ်လို့ ဆိုပါတယ်။

    “ငွေကအသစ်တွေပဲ။ဆေးအနံ့တွေတောင် မပျောက်သေးဘူး။လိုသလောက်တော့ ထုတ်မရသေးဘူး။တခါထုတ်သိန်း ၁၅၀ လောက်တော့ ရတယ်။ဒါလည်းဘဏ်ထဲရှိတဲ့ ငွေပမာဏပေါ်မူ တည်ပြီး ထုတ်ပေးတာ။ထုတ်ရတဲ့ အကြောင်းအရင်းကိုပါဖြည့်ရသေးတယ်”လို့ ကမ္ဘောဇ ဘဏ်ကနေငွေထုတ်ယူခဲ့သူတဦးကပြောပါတယ်။

    479707 378505298877777 2044091270 N

    ဒါ​ကြောင့်စစ်​ကောင်စီက ​ငွေစက္ကူအသစ်​တွေထပ်မံရိုက်နှက်ပြီးအခုရက်ပိုင်းမှာဖြန့်​ဝေလာတာဖြစ်ပြီး အများအပြားရိုက်နှက်ထုတ်​ဝေရင်​ငွေဖောင်းပွမှု အန္တရာယ်ပိုကြီးနိုင်တယ်လို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။​

    ဒါ့အပြင်ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးစျေး ကွက်ထဲမှာ အတု၊အစစ် ထင်မှားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

    “Taxi သမားကိုထုတ်ပေးတာမယူဘူး။ ဘာဖြစ်လို့လဲ AYA ကအခုပဲထုတ်လာတာဆိုပြီး။ အုပ်လိုက်ပြမှယူတယ် “လို့ ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။

    ဘဏ္ဍာနှစ်တစ်နှစ်အတွင်း နိုင်ငံရဲ့ဘက်ဂျက်လိုငွေ ပေါ်မူတည်ပြီး ငွေစက္ကူအသစ်ထုတ်တာဒါမှမဟုတ် ငွေစက္ကူအဟောင်းကို သိမ်းပြီး ငွေစက္ကူအသစ်နဲ့အစားထိုးလေ့ရှိတယ်လို့ အစိုးရဝန်ထမ်းဟောင်းတစ်ဦးက အသိပေးပါတယ်။

    486389663 1019170290310577 3216136058018289808 N

    မြန်မာနိုင်ငံရဲ့၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်ကလာမယ့်မတ်လမှာ ကုန်ဆုံးမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

    “နှစ်တိုင်း ငွေစက္ကူအသစ်တွေ ထုတ်နေကြပါပဲ။ နည်းတာနဲ့များတာပဲကွာတယ်။စီမံ/ဘဏ္ဍာဝန် ကြီးဌာနက အတိအလင်းမထုတ်ပြန်တော့တာပဲရှိမယ်”လို့ သူကဆက်ပြောပါတယ်။

    အခုလဆန်းမှာ ဘဏ်တွေကနေ ငွေကြေးစီးဆင်းမှုကို စစ်တပ်လက်​အောက်ခံဗဟိုဘဏ်ကထိန်းချုပ်တာနဲ့ ငွေစက္ကူအသစ်တွေ ထွက်လာတာက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

    “ငွေစက္ကူအသစ်တွေဝင်လာဖို့အတွက်ဘဏ်တွေကနေ ငွေထုတ်တာကိုကြိုထိန်းလိုက်တာလို့မြင်တယ်။လိုသလောက်ထုတ်နေတဲ့ သူတို့(စစ်တပ်)လည်း မသိပဲမနေဘူး။ ဒီပုံစံအတိုင်းဆိုဆင့်ကဲ ဖြစ်လာမှာတွေရှိတယ်။ဘဏ်တွေကို မယုံတော့ဘဲ ငွေသားလက်ဝယ် ကိုင်တာ။ရွှေနဲ့ နိုင်ငံ ခြားငွေ ကို ဝယ်စုတာတွေဆက်ဖြစ်နိုင်တယ်”လို့သူကသုံးသပ်ပါတယ်။

    Mm News.xyz 2026 02 27 121053 1

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက်အောက်မှာ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅ မှာ မြန်မာ့ငွေ ကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

    စစ်တပ်က အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကျပ်ဘီလျံပေါင်း ၃၀,၀၀၀ နီးပါးရိုက်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၄ ခုနှစ်က ပြောထားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ နဲ့ ၂၀၂၀ မှာ ကျပ်ဘီလျံပေါင်း ၃,၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။

    Mm News.xyz 2026 02 27 121334

    စစ်တပ်က ဘက်ဂျက်လို​ငွေကို ​ငွေစက္ကူအလွယ်ရိုက်ထုတ်တဲ့နည်းလမ်းနဲ့သာ ​အဓိက​ဖြေရှင်း​လေ့ရှိတာ​ကြောင့် ​ငွေ​ဖောင်းပွမှုဟာပိုဆိုးလာ​နေတယ်လို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ခန့်အတွင်းမှာ ကျပ်​ငွေတန်ဖိုးဟာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့တယ်လို့ သြစ​တြေးလျနိုင်ငံသား စီးပွား​ရေးပညာရှင် ​ရှောင်တာနားက​ပြောထားပါတယ် ။

    “ပြီးခဲ့တဲ့လက တဆယ်သားခုနှစ်ထောင် ရှိတဲ့ ဆိတ်သား တစ်ဆယ်သားကျပ်တစ်သောင်းစျေး ဖြစ်သွားပြီ။ကြက်သားစျေးကလည်း ၇၀၀၀ စျေးဖြစ်လာပြီ။အသားငါးစျေးတန်းကို မကပ်နိုင်တော့ဘူး”လို့ ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

    ငွေစက္ကူအသစ်တွေ အလွန်အကျွံထုတ်မှုကနေ ငွေကြေးစီးဆင်းမှုများပြားလာတဲ့အခါ ဝယ်လိုအားမြင့်တက်လာပြီးကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့အတွက် ငွေ ကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းတာတွေ ဖြစ်လာလို့ သိရပါတယ်။

    (၂၀၂၆ ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာ ပုဂ္ဂလိကဘဏ်ကထုတ်လာတဲ ​တစ်သာင်းတန်ငွေစက္ကူအသစ်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ )

  • အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    ကိုယ်တိုင်ဗိုက်နဲ့လွယ်မွေးထားတဲ့ သမီးအရင်းတွေရဲ့ စွန့်ပစ်မှုကိုသာမက ဆဲဆို စော်ကား ခံခဲ့ရတဲ့ အသက် (၇၀) ကျော် အဘွားအိုရဲ့ အဖြစ်ကသနားစရာပါ

    အဘွားဟာ ရန်ကုန်မှာရှိတဲ့ သမီးအကြီးဆီမှာ အားကိုးတကြီး သွားနေခဲ့ပေမဲ့ သမီးကြီးက တာဝန်မယူနိုင်ဘူးဆိုကာ တွံတေးမှာရှိတဲ့ သမီးငယ်ဆီကို ပို့ဆောင်ခဲ့ပါတယ်။

    သမီးငယ်ဆီရောက်တဲ့အခါမှာတော့ အဘွားရဲ့ဘဝဟာ ငရဲခန်းလို ဖြစ်သွားခဲ့ပါတယ်။

    သမီးငယ်ဟာ မိခင်ကို အိမ်ဖော်တစ်ယောက်လို အိမ်အလုပ်တွေ ခိုင်းစေရုံတင်မကဘဲ အစ်မဖြစ်သူဆီကနေ “အမေ နေမကောင်းဘူး” လို့ လိမ်လည်ကာ ပိုက်ဆံတွေ တောင်းယူပြီး ကိုယ်တိုင်သုံးစွဲခဲ့ပါတယ်။

    ပိုပြီး စက်ဆုပ်စရာကောင်းတာက သမီးငယ်ဟာ မိခင်အရင်းကို သူမရဲ့ခင်ပွန်း (အဘွားရဲ့သမက်) နဲ့ပါ စွပ်စွဲပြောဆိုပြီး အတင်းပေးစားတဲ့အထိ ယုတ်ညံ့တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာပါ။

    ဒီလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့အဆုံး အဘွားဟာ အိမ်ကနေ ထွက်ပြေးခဲ့ရပါတယ်။

    အားကိုးရာ သမီးကြီးဆီ ပြန်သွားဖို့ ကြိုးစားပေမဲ့ သမီးကြီးကလည်း တာဝန်မယူချင်တာကြောင့် ရွှေလီဘက်ကို ထွက်ပြေးသွားခဲ့တာမို့ အဘွားခမျာ လမ်းဘေးမှာ ဒုက္ခရောက်ခဲ့ရပါတယ်။

    ကံကောင်းစွာနဲ့ပဲ လှိုင်သာယာက ပရဟိတအဖွဲ့တစ်ခုက အဘွားကို တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ ဘိုးဘွားရိပ်သာကို ပို့ဆောင်ပေးခဲ့ပါတယ်။

    ဘယ်လိုပဲ စီးပွားရေး ကျပ်တည်းပါစေ၊ ကိုယ့်ကို နို့ချိုတိုက်ကျွေး မွေးမြူခဲ့တဲ့ မိခင်ကိုမှ အခုလို စော်ကားရက်တဲ့ သမီးတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို တုန်လှုပ်စရာပါပဲ။

    ပရိသတ်ကြီးတို့ရော… မိခင်အရင်းကို အစေခံလိုခိုင်းပြီး လူမဆန်စွာ စော်ကားခဲ့တဲ့ ဒီသမီးငယ်ရဲ့ လုပ်ရပ်အပေါ် ဘယ်လိုမျိုး မြင်မိကြသလဲရှင်…?

  • အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ

    အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ

    ❝ အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ ❞

    ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တရုတ်ပြည် ချုံကင်းက ရွာသူအမျိုးသမီးတစ်ယောက်ဟာ တရုတ်နှစ်ကူးအိမ်မှာချက်စားဖို့ ဝက်ပေါ်ဖို့လုပ်သတဲ့ …

    ဖြစ်ချင်တော့ အဲ့ဒီ အသက် ၂၃ နှစ်ရှိ Daidai ဆိုတဲ့ အမျိုးသမီးရဲ့အဖေက အသက်ကြီးနေပြီမို့ ဝက်နှစ်ကောင်ကို မပေါ်နိုင်ဘူးဖြစ်နေတယ်။

    အဲ့မှာ Daidai က TikTok လို တရုတ်ဆိုရှယ်မီဒီယာ Douyin ပေါ်တက်ပြီး “စမီးကိုချစ်ရင် ဝက်ပေါ်ဖို့ ကူနိုင်မလားရှင့်” ဆိုပြီးတင်လိုက်တာ … ဘသားချော အယောက် ၁၀၀၀ ကျော်ဟာ ချုံကင်းက Daidai တို့ရွာကို “မောင်ကြီးပေါ်ပေးမယ်” လုပ်ဖို့ ထွက်လာပါလေရောတဲ့။

    🚙🚗🛻 ရွာသေးသေးလေးကို ယောက်ျားသား အယောက် ၁၀၀၀ ကျော်လောက်က ကားအသီးသီးနဲ့ ရောက်ချလာလိုက်တာ လမ်းတွေပိတ်ကုန်တဲ့အထိ ဖြစ်သွားပါလေရော။

    ကားတန်းကြီးက ချောင်းသာကို သင်္ကြန်ဆင်းတဲ့ ကားတန်းကြီးလို ဖြစ်နေတာပေါ့။

    လမ်းမှာ ဘယ်သွားမလို့လဲလို့ မေးလိုက်ရင် … သူလိုကိုယ်လို Daidai အတွက် ဝက်ပေါ်ပေးဖို့ သွားတဲ့သူတွေချည်း ဖြစ်နေတာပေါ့ …

    🐷🐷 ပေါ်ဖို့လိုတာက ဝက်နှစ်ကောင်တည်းကို သတ်ဖို့ဖြတ်ဖို့ တက်လာလိုက်တာ အယောက် ၁၀၀၀ လောက်ဖြစ်နေတော့ Daidai တို့ရွာက အာဏာပိုင်တွေလည်း ခေါင်းခြောက်ကုန်တာပေါ့။

    အဲ့ဒါနဲ့ ဝက်အကောင်ရေများများထပ်မှာပြီး ရောက်လာတဲ့ ယွကျားအယောက် ၁၀၀၀ ကျော်အတွက် ရွာမှာ ဝက်ပေါ်ပွဲကျင်းပပေးသတဲ့။

    အဲ့ဒီမှာ အွန်လိုင်းရဲ့အသုံးကျပုံကို သိသွားတဲ့ ရွာသူ Daidai ဟာ ရွာကပွဲတော်ကြီးဖြစ်နေတဲ့ အခြေအနေကို အွန်လိုင်းကနေ Live Stream လွှင့်လိုက်တာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ရှိတဲ့ (ယွမ်ငွေ ၆ သန်း) ကျော်ကို ရသွားပါလေရော။

    Daidai က ၃ ရက်အတွင်း ယွမ်ငွေ ၆ သန်းအမြတ်ထွက်သွားတယ်ကြားတော့ အွန်လိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဒါတရုတ်အယူအရ ဝက်ဟာ ဆူဖြိုးလို့ ကံကောင်းလို့ လပ်ကီးကောင်းလို့ဆိုပြီး Daidai တို့လယ်ကွက်က မြေကို အဆောင်အဖြစ်လာယူကြပါလေရော …

    အကွက်မြင်တဲ့ Daidai က အလကားမပေးပဲ အမေပေးတဲ့ လယ်တစ်ကွက်ကို မြေကြီးတစ်ဂရမ်ကို ၁၈ ယွမ်နှုန်းနဲ့ အပြားရိုက်ပြီး အွန်လိုင်းကရောင်းလိုက်တာ နောက်ထပ်ယွမ်သိန်းနဲ့ချီပြီးထောသွားတယ်လို့ဆိုပါတယ်။

    တကယ်တမ်းပြောရရင် #ဝက်ချေးပနဲဖြစ်နေတဲ့ မြေကြီးကို အယူသည်းပြီး ကံကောင်းတယ်ဆိုကာ အပြားလိုက်ရော အထုပ်လိုက်ပါ တကူးတက ပြေးဝယ်ကြတာ မြင်တော့ … ဟယ် … စီလုပ်တွေ ဉာဏ်နည်းရန်ကောလို့ မီဒီယာတွေက ရေးကြပါတယ်။

    ဒါပေမဲ့ အမောင်တို့ ချာရာဏသီပြည်ကြီးမှာ ဘုရားပေါ်တဲ့ရွံ့ရေက ရောဂါပျောက်တယ်ဆိုပြီး ပုံးကြီးပုံးငယ်နဲ့ … ပြေးဝယ်နေကြတဲ့ ရွာသားတွေကို မြင်တော့ ဘာပြောရမှန်းကို မသိတော့ပါ …

    ရွံ့ရေက နောက်ကျိနေပြီး ဓာတ်မြေဩဇာဓာတ်ကြွင်းတွေ၊ ကျောက်ကပ်ထိမယ့် ပေါင်းသတ်ဆေးလက်ကျန်တွေ၊ ဘက်တီရီးယားမျိုးစုံတွေ၊ ပိုးသတ်ဆေးမျိုးစုံတွေနဲ့ မမြင်ရတဲ့ရောဂါပိုးတွေစုံနေတဲ့ ရွံ့ရေကိုသောက်ဖို့ အပြိုင်အဆိုင်သွားဝယ်နေကြတဲ့ ရွာသားတွေကို မြင်တော့ …

    ဒီလူတွေကို ကယ်ဖို့ ဘဝအပျက်ခံပြီး ကြိုးစားနေတဲ့လူတွေကိုပဲ သနားမိပါတော့တယ် …

    ဒီမိုးဒီရေ … ဒီလူတွေနဲ့တော့ … ပြောသမျှအကုန်ယုံ … ရောဂါပျောက်မယ်ဆိုအကုန်လုပ် … Brain wash လုပ်လို့လွယ်လိုက်ပုံနဲ့ … ရွှေပြည်တော် မျှော်လေဝေးလေပါပဲ …

    ✍️ Richard Myo Thant

  • ပဲခူး ကဝနယ် ဘုရား​ပေါ် နဂါးပူးကိစ္စ  မြို့နယ် သံဃနာယကဆင့်ခေါ်..

    ပဲခူး ကဝနယ် ဘုရား​ပေါ် နဂါးပူးကိစ္စ မြို့နယ် သံဃနာယကဆင့်ခေါ်..

    ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ

    တဲစုကျောင်းအတွင်း နဂါရုံ ဘုရားပေါ်တက်၍

    မာရ်နတ်သမီးများ အရတီ တဏှာ ရဂါ တို့ကဲ့သို့

    မတော်မရော် ကပျက်ကချော် သာသနာငြှိုးနွမ်းအောင်

    အမျိူးသမီးသုံးယောက် နဂါးပူးပြ ကပြ ကိစ္စရပ်အတွက်

    ယနေ့ 26-2-2026 ကြာသပတေးနေ့ နေ့လည်အချိန်တွင်

    ပဲခူးတိုင်း ကဝမြို့နယ် မြို့နယ်သံဃနာယကရုံးသို့

    အောက်ပါ အုပ်ချုပ်ရေးမှူး ကျောင်းထိုင်အပါ သက်ဆိုင်သူများအား

    ပဲခူးတိုင်း ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ

    အုပ်ချုပ်ရေးမှူး- ဦးသောင်းအေး။

    ဂေါပက- ဦးကျော်ဌေး

    ဦးဆောင်လမ်းညွှန် ဘိုးတော်ယောင်ယောင် ဓာတ်ယောင်ယောင် ဦးစံနိုင်။

    ခွင့်ပြုသူ – တဲစုကျောင်းဆရာတော် ဦးပဏ်။

    နဂါးရုံဘုရားပေါ်တက် နဂါးပူးပြသူ

    အမျိူးသမီးသုံးဦး

    ဦးဆောင်-

    ကျောင်းဆရာမ မမွန်မွန်မြင့်နှင့်

    အခြားအမျိူးသမီး နှစ်ဦး တဲစုရွာ။

    ခေါ်ယူ တွေ့ဆုံ အတည်ပြုပြီးပါကြောင်း။

    အထက် နိုင်ငံတော်အမိန့် စီမံချက် စောင့်လျှက်သာ

    တိုင်းအဆင့် /မြို့နယ်အဆင့် သံဃနာယက ဆရာတော်များ

    သာသနာရေးသက်ဆိုင်သူများ ရှေ့မှောက်တွင် လိုအပ်သလို

    စီမံဆောက်ရွက် သွားမည့်အကြောင်း ပဲခူး ကဝ မြို့နယ် သံဃနာယကဥက္က /ဒုဥက္ကဋ္ဌများထံမှ

    ဗုဒ္ဓဘာသာ ရဟန်းရှင်လူ ပြည်သူလူထုအား အသိပေးအပ်ပါကြောင်း။

    မစိုးရိမ်ဖေးမလက်တွဲ

    “ငါတို့ဘာသာ သာသနာ စော်ကားလှချည့်ရဲ့” လို့

    အုံးအုံးကြွပ်ကြွပ် ရင်ဘတ်စည်တီးပြီး

    ပြောတတ်ကြသူတွေ…

    ဒီလိုအပြုအမူတွေမှာတော့

    မပတာမြေလူး မဖြစ်ကြတော့ဘူးလား?

    အထွဠ်အမြတ်ထားရာ

    မြတ်သော “သိမ် “ မို့

    ရင်နာကြပါသည် မခံမရပ်ဖြစ်ကြပါသည်

    ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ခံပြင်းကြရင်

    📌နဂါးပတ်ထဲက ဗုဒ္ဓမြတ်စွာဘုရား ကို အားနာစရာ ဖြစ်မနေဘူးလား နော်.. !

    📍မြေပြင်မှာ ပူးရင်း လူးရင်း ကနေ

    ကဲ… အခု အပေါ် တက်လာကုန်ကြလေပြီ။

    အမှားကြာ အမှန်ဖြစ်

    မျက်စိတွေယဉ်ပါးနေတဲ့ အပြုအမူတွေမို့

    လူတွေက နုုတ်ဆိတ် မဆိုင်သလို တွေ ဖြစ်ကုန်တာလား။

    ဒီလိုဟာတွေကျ

    ခွင့်ပြုထားကြတာလား?

    အရေးမယူဘူးလား?

    ဒီလို ရူးတိုင်း ပူးတိုင်း

    ဒီလို တက် နန့်ခွင့် ရှိနေလား?

    လုပ်ခွင့်ပြုသူကော

    လုပ်နေကြသူတွေကော

    ကျောင်းထိုင်ဘုန်းကြီးကော

    ထိုင်ကြည့်နေသူတွေကော

    အကုန်အရေးယူ သင့်တာ..

    နောင်ဆို အဲ့လို တက်က လာကြအုံးမှာပဲ

    အဲ့ဒီအခါ ကိုယ်မှာ အဝတ်ကပ်ပါနေတာကို မြင်ရရင်တောင် ကံကောင်း..!

    တည်လိုက်ရတဲ့ အသစ်အသစ် သော

    ဘုရားစေတီ

    နဂါးစေတီ

    ပြီးတော့လည်း ရိုသေကြတာလည်းမဟုတ်

    ထိန်းသိမ်းကြတာလည်းမဟုတ်

    ပူးချင် ကချင် နန့်ချင် အလှူငွေရချင်တာတွေက အဓိက ကိုဖြစ်လို့…

    ငါတို့ဘုရား

    ဟောကြားခဲ့တဲ့ တရား​တော်​တွေနဲ့

    ဒါ​တွေနဲ့ လားလားမှ မဆိုင် …

    အတော်လေး လွဲနေတဲ့ တိုင်းပြည်!!

    မအေးပု။

  • တပ်ကိုယ်စားလှယ်လောင်းများ အရှက်မရှိ ရာထူးတောင်းနေဟု ဘူးလက်လှဆွေ ပြော

    တပ်ကိုယ်စားလှယ်လောင်းများ အရှက်မရှိ ရာထူးတောင်းနေဟု ဘူးလက်လှဆွေ ပြော

    ကြံ့ခိုင်ရေးပါတီ မိုးထဲရေထဲရောက်ချိန်မှာ ဂူအောင်းနေပြီး ရွေးကောက်ပွဲအနိုင်ရမှ တပ်ကိုယ်စားလှယ်တချို့က စစ်တက္ကသိုလ် အပတ်စဥ် ပြောပြီး ရာထူးနေရာတွေ တောင်းတာဟာ ရှက်စရာကောင်းတယ်လို့ ကြံ့ခိုင်ရေးပါတီ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ဝေဖန်ပြောဆိုပါတယ်။

    ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက သူအသုံးပြုနေတဲ့ Tiktok အကောင့်ကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပါတီအတွင်း ရာထူးနေရာ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး Live လွှင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    “တချို့က အခုမှဝင်လာတယ်ဗျ။ ကျနော်တို့ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ လုပ်နေတုန်းက ဒီလူတွေက ဂူအောင်းနေတယ်။ အခုမှ ဝင်လာပြီးတော့ ကျနော်က ဘယ်သူနဲ့ တပတ်စဥ်တည်းပါ၊ ကျနော့်ကို ဘာရာထူးပေးပါ လာပြောတော့ ရယ်ရတယ်။ ဦးလှဆွေကြီး ဘာရာထူးယူမလဲဆိုတော့ ကျနော်က တပ်သားအဆင့်ပဲ ထားပါလို့ အစကတည်းက ပြောထားတာ။ ကျနော်တို့ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်နေတုန်းက ဂူအောင်းနေတယ်။ အဲဒီတုန်းက ကြံ့ခိုင်ရေးပုဆိုးအစိမ်းဝတ်ရမှာကို ကြောက်နေတဲ့သူတွေက အခုကျတော့ ဟိုနေရာလိုချင် ဒီနေရာလိုချင်နဲ့ အဲလိုမျိုးတွေဖြစ်နေတယ်။ ရှက်စရာကြီး၊ ကျနော်က အဲဒီအထဲမပါဘူး။”

    အာဏာခွဲဝေမှုမှာ တပ်က အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီက ဝင်ရွေးတဲ့ ကိုယ်စားလှယ်တွေနဲ့ မူလ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေကြား မကျေလည်မှုတွေရှိတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကိုယ်စားလှယ်ချင်းတူပေမဲ့ အငြိမ်းစားရပြီး ဝင်ပြိုင်ရတာချင်း မတူဘူး။ ကြံ့ခိုင်ရေးပါတီမှာ အမြင့်ဆုံးက ကစထမှူးပဲရှိတယ်။ တပ်က လွှတ်လိုက်တဲ့ သူတွေထဲမှာ ဗိုလ်ချုပ်ကြီးအဆင့် ၄ ယောက်ပါတယ်၊ ကျန်တာ ကစထမှူးတွေ၊ ဗိုလ်ချုပ်တွေ မဖြစ်မနေမို့သာ ကြံ့ခိုင်ရေးပါတီ အောက်ကနေဝင်ပြိုင်ရပေမဲ့ မပြိုင်ခင်ကတည်းက အနိုင်ရရင် အစိုးရသစ်ဖွဲ့ရင် ဘယ်ရာထူးပေးမယ် ဆိုတာ တပ်ချုပ်က ပြောပြီးသား၊ ရာထူးတောင်းစရာမလိုဘူး။”

    လာမဲ့ အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူမယ်လို့ သတင်းထွက်နေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်တဲ့ စာရင်းအရ လွှတ်တော် ၃ ရပ်မှာ ကိုယ်စားလှယ်ပေါင်း ၁,၀၂၅ ယောက်မှာ ကြံ့ခိုင်ရေးပါတီက ၇၃၉ နေရာ အနိုင်ရရှိထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာ ၅ နှစ်သက်တမ်းပြည့်တဲ့အချိန်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားပါတယ်။