Category: News

  • ကျားဖြန့်ဖြိုခွင်းရန် FBI အေးဂျင့်စေလွှတ်မှု မြန်မာအပေါ်  ဘယ်လိုသက်ရောက်မလဲ

    ကျားဖြန့်ဖြိုခွင်းရန် FBI အေးဂျင့်စေလွှတ်မှု မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲ

    လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိမှုတွေ တစုတစည်းတည်း ပါဝင်နေတဲ့ အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေကိုဖြိုခွင်းဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အေးဂျင့်တွေကိုလည်း စေလွှတ်ထားတယ်လို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဆင့်မြင့်အရာရှိက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ FBI ရဲ့ နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။

    သူ့အနေနဲ့ ငွေလိမ်စခန်းတချို့ကို ကိုယ်တိုင်သွားကြည့်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ FBI အေးဂျင့်တွေကို ထိုင်းရဲတပ်ဖွဲ့ဆီ စေလွှတ်ထားကြောင်းပြောပြီး ဒါဟာ ဘယ်နိုင်ငံတခုတည်းကမှ တဦးတည်း မတိုက်ဖျက်နိုင်တဲ့ ဒေသတွင်း ပြဿနာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

    ဒ့ါအပြင် FBI အနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေ ဘယ်နေရာမှာပဲရှိရှိ ပြင်းပြင်းထန်ထန် လိုက်လံ နှိမ်နင်းသွားမယ်လို့ FBI နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒု-လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ပြောပါတယ်။

    “ဒါဟာ ဆိုက်ဘာရာဇဝတ်မှုသက်သက် မဟုတ်တော့ပါဘူး။ ဒါဟာ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေ အားလုံး တစုတစည်းတည်း ပါဝင်နေတဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒီငွေလိမ်စခန်းတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ဖို့ဆိုရင် အဲဒီလိုပဲ စုပေါင်းညှိနှိုင်းတဲ့ နည်းလမ်းမျိုး လိုအပ်ပါလိမ့်မယ်။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ ဥပဒေတွေ ဒါမှမဟုတ် ပထဝီဝင် နယ်နိမိတ်တွေကို ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ နိုင်ငံအသီးသီးရဲ့ ဥပဒေတွေကို အခွင့်ကောင်းယူပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရသလို လုပ်ဆောင်နေကြတာပါ။”

    မြန်မာအပါအဝင် အရှေ့တောင်အာရှက နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေဟာ ဒီရာဇဝတ်မှုကို စက်မှုလက်မှု လုပ်ငန်းကြီးတခုပုံစံ အတိုင်းအတာအထိ ချဲ့ထွင်လုပ်ကိုင်နေတယ်လို့လည်း သူက ပြောပါတယ်။

    ဒီလုပ်ငန်းတွေကြောင့် ၂၀၂၅ ခုနှစ် တနှစ်တည်းမှာတင် အမေရိကန်ရဲ့ အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးဗဟိုဌာန (IC3) ဆီကို တိုင်ကြားစာပေါင်း ၈၀,၀၀၀ ကျော်ရောက်ရှိခဲ့ပြီး ငွေကြေး ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကျော် ရှိခဲ့ပါတယ်။

    အခုစစ်ဆင်ရေးမှာ FBI အပြင် DOJ လို့ခေါ်တဲ့ တရားရေးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွေအပြင် ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က လူတွေလည်း ပါဝင်တာကြောင့် မြန်မာနယ်စပ်က ငွေလိမ်လုပ်ငန်းတွေအတွက် ကြီးမားတဲ့အကျပ်အတည်း ဖြစ်လာလိမ့်မယ်လို့ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းရွှေက သုံးသပ်ပါတယ်။

    “ဘာဖြစ်လို့လဲဆိုရင် စောစောက ပြောသလိုပဲ ဒီ Multi-agency (အေဂျင်စီပေါင်းစုံ)ရဲ့ ဖိအားနဲ့ဆိုတော့၊ သူတို့ ဒီ နယ်ခြားစောင့်တပ်တို့၊ သူတို့ရဲ့ စီးပွားရေးမိတ်ဖက်တွေက နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ ဝရမ်းထုတ်ခံရနိုင်ခြေရှိတာ။ အဲဒီတော့ သူတို့ရဲ့ ပြည်ပကို သွားလာခဲ့ရင်၊ ပြည်ပပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခံရမယ့် အန္တရာယ်တွေ ဖြစ်လာနိုင်တာပေါ့နော်။”

    ငွေလိမ်ဂိုဏ်းတွေ မရှိမဖြစ်အသုံးပြုရတဲ့ အင်တာနက် ဆက်သွယ်ရေးပစ္စည်းတွေကို ဖြတ်တောက်တာအပြင် ငွေကြေးခဝါချရာမှာ အသုံးပြုတဲ့ ဘဏ်စာရင်းတွေ၊ Crypto Wallet တွေကိုလည်း ပိတ်ပင်နိုင်တဲ့ အနေအထားရှိလာတယ်လို့ သူက သုံးသပ်ပါတယ်။

    နည်းပညာ ပိတ်ဆို့မှုတွေကြောင့် ဒီဂိုဏ်းတွေရဲ့ အမြတ်တွေ လျေ့ာကျလာနိုင်သလို လာဘ်ယူနေသူတွေအနေနဲ့လည်း ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ စဉ်းစားလာနိုင်တယ်လို့ ကိုဂျိမ်းရွှေက ခန့်မှန်းပြောပါတယ်။

    တဖက်မှာလည်း သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

    အဲဒီတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအပြင် အွန်လိုင်းလောင်းကစား၊ တရားမဝင်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

  • ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့

    ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့

    ရွေးကောက်ပွဲမှာ အနိုင်ရပြီး အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်းကြီး ဒေါက်တာ ခါလီလာရာမန်ထံကို အာရက္ခတပ်တော် (AA)ရဲ့ခေါင်းဆောင်လည်းဖြစ် ရက္ခိုင့်အမျိုးသားအဖွဲ့ (ULA)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS သတင်းဌာနက ရေးသား ပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အာရက္ခပြည်သူ့အစိုးရတို့ကြားမှာ လက်တွေ့ကျပြီး ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားပါတယ်။

    ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်အနေနဲ့ ကျနော်တို့နဲ့အတူ လက်တွေ့ ကျပြီး ရေရှည်တည်တံ့တဲ့ လက်တွေ့ ဖြေရှင်းနည်းတွေကို လက်တွဲလုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ လက်ရှိ ဆက်ဆံရေးကောင်းတွေကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်သူ့ အစိုးရတို့အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ အခွင့်အရေးလည်း ရှိနေပြီ” လို့ပြောပါတယ်။

    အာရက္ခပြည်သူ့အစိုးရရဲ့ သဝဏ်လွှာဟာ အစိုးရ ၂ ရပ်ကြား ဆက်ဆံမှုကို ကောင်းမွန်နိုင်စေသလို ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နှစ်ဖက်အစိုးရအကြား အဆင်သင့်ဖြစ်နေမှုကို ညွှန်ပြ နေတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာက ရေးပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန်ဟာ စစ်ကောင်စီအစိုးရနဲ့ အာရက္ခပြည်သူ့အစိုးရ နှစ်ရပ်လုံးကို ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတယောက်က“မြန်မာနဲ့ အာရက္ခ တပ်တော်အာဏာပိုင်တွေဆီက သတင်းစကားတွေ ရရှိမှုဟာ အလွန်ထူးခြားတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှုရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ထွက်ပေါ်လာတာဖြစ်တယ်။

    သူတို့နဲ့ စဉ်ဆက်မပြတ် ဆက်သွယ်မှုတွေနဲ့ ဆွေးနွေးမှုတွေကတဆင့် ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အပေါ် သူတို့ရဲ့ ယုံကြည်မှုကို ထင်ဟပ် စေတယ်”လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က BSS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်ကို ဖေဖော်ဝါရီ ၂၅ ရက်က ဂုဏ်ပြုစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့ နေပြည်တော်နဲ့ ဒါကာအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ခိုင်မာတဲ့ကတိကဝတ်ကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

    အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်း တာဟာ လက်တွေကျတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တခုဖြစ်တယ်လို့ ရခိုင်နိုင်ငံရေး စောင့်ကြည့်သူ လူငယ်အမျိုးသားတယောက်က မှတ်ချက်ပြုပါတယ်။

    “အာရက္ခပြည်သူ့အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို သဝဏ်လွှာပေးပို့တာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းတာဟာ လက်တွေ့ကျတဲ့ နိုင်ငံရေး လုပ်ဆောင်ချက် တခုလို့ မြင်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ဆိုတာ ပထဝီနိုင်ငံရေးအရ ထိစပ် နေတာကြောင့် ဆက်ဆံရေးကောင်းတည်ဆောက်ထားနိုင်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အာရက္ခ ပြည်သူ့အစိုးရ အနေနဲ့လည်း နိုင်ငံချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်ပြီးမှ တဆင့်ချင်းစီ ကမ္ဘာစင်မြင့်ပေါ်ကို တက်လှမ်းနိုင်မယ်။”

    ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ရေပိုင်နက်ကျူးကျော် ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၇၃ ယောက်ကို AA က ပြန်လွှတ်ပေးခဲ့ပါတယ်။

    အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေရှ်နဲ့ ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် အပါဝင် ရခိုင်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

    Source: BSS

  • လှည်းကူးတွင် ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားကာ ဓားဖြင့် ခုတ်သတ်ခဲ့သည့်ကျောင်းထိုင်ဘုန်းကြီးကိုသေဒါဏ်ချမှတ်

    လှည်းကူးတွင် ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားကာ ဓားဖြင့် ခုတ်သတ်ခဲ့သည့်ကျောင်းထိုင်ဘုန်းကြီးကိုသေဒါဏ်ချမှတ်

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားပြီး ဓားဖြင့် အကြမ်းဖက်ခုတ်သတ်ခဲ့သည့်အမှုနှင့် ပတ်သက်၍ တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

    Mm News.xyz 2026 02 26 161141

    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီး သမ္မာစာရ (သက်တော် ၄၀၊ ဝါတော် ၂၀) သည် ဒါယိကာမကြီး ဒေါ်သီတာအောင် (အသက် ၄၇ နှစ်) ကို “မိခင် နှလုံးအမောဖောက်ဖြစ်နေသည်” ဟု လိမ်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ ထို့နောက် ကံနိမ့်နေကြောင်း ပြောဆိုကာ သင်္ကန်းလျှော်ပေးရန် ခိုင်းစေခဲ့သည်ဟု ဆိုသည်။

    ရေချိုးခန်းအတွင်း သင်္ကန်းလျှော်နေစဉ် ဘုန်းကြီးမှ မတရားပြုကျင့်ရန် ကြိုးစားခဲ့ပြီး ဒေါ်သီတာအောင်က လက်မခံငြင်းဆန်သဖြင့် ဓားဖြင့် လည်ပင်းပြတ်လုနီးပါးအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် စုစုပေါင်း ၁၅ ချက် ခုတ်သတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။

    642405768 740781979113350 7560848356410171312 N

    ဖြစ်စဉ်အတွင်း ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူက သမီးအား ဓားဖြင့် ခုတ်သတ်ခံနေရသည့် မြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

    ဒေါ်သီတာအောင်နှင့် မိခင်ဖြစ်သူတို့မှာ ယင်းကျောင်းထိုင်ဘုန်းကြီးအား နှစ်ပေါင်းများစွာ ကိုးကွယ်ထောက်ပံ့ခဲ့သူများဖြစ်ပြီး ကျောင်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်စသည့် အကူအညီများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

    ယင်းအမှုကို တစ်နှစ်နီးပါး စုံစမ်းစစ်ဆေးပြီးနောက် မတရားပြုကျင့်ရန် ကြိုးစားမှု မအောင်မြင်သဖြင့် ခုတ်သတ်ခဲ့ကြောင်း အချက်အလက်များ ပေါ်ပေါက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုံးချိန်းတွင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    642283951 740781962446685 6720364711626496045 N

    သို့ရာတွင် တရားခံဘက်မှ တစ်ပတ်အတွင်း အယူခံဝင်ခွင့် ရှိကြောင်းလည်း သိရသည်။

    ဒေါ်သီတာအောင်၏ ခင်ပွန်းက “ဇနီးသည်၏ ရိုးသားမှုကို ယုံကြည်သောကြောင့် ငွေကြေးကုန်ကျမှုများ ရှိနိုင်သော်လည်း အမှုကို အဆုံးအဖြတ်ရရှိအောင် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ ထို့အပြင် ယခုချမှတ်လိုက်သည့် သေဒဏ်နှင့် ပတ်သက်၍လည်း တရားမျှတမှု အပြည့်အဝ ရရှိစေရန် ဆက်လက်တောင်းဆိုသွားမည်ဟု ဆိုသည်။

  • အမေ နဲ့ ရင်းနှီးလို့ဆိုပီး ခနခန…

    အမေ နဲ့ ရင်းနှီးလို့ဆိုပီး ခနခန…

    “အမေနဲ့ ရင်းနှီးလို့ဆိုပြီး အိမ်အထိလာကာ တစ်နေကုန် အနှိပ်ခံနေသည့် ဘုန်းကြီး ၃ ပါးကြောင့် သမီးဖြစ်သူ စိတ်ပျက်ပြီး ဆရာမော်ပလာထံ အကူအညီတောင်း” 🚨

    ​ထိုင်းနိုင်ငံ၊ ပရာကျင်ပူရီမြို့မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် သမီးငယ်လေးတစ်ဦးဟာ သူမရဲ့ အမေနဲ့ ဘုန်းကြီး ၃ ပါးတို့ရဲ့ ပတ်သက်မှုအပေါ် မသင်္ကာဖြစ်ပြီး ဆရာမော်ပလာ (Mor Pla) ဆီကို ရင်ဖွင့်တိုင်တန်းလာပါတယ်။

    ဖြစ်စဉ်မှာ –

    သမီးနှစ်ယောက်ရှိတဲ့ အဆိုပါအိမ်ကို ဘုန်းကြီး ၃ ပါးဟာ မကြာခဏဆိုသလို လာရောက်လေ့ရှိပြီး အမေဖြစ်သူဆီမှာ အနှိပ်လာခံလေ့ရှိပါတယ်။

    သမီးဖြစ်သူက “အပြင်မှာ အနှိပ်ခန်းတွေ အများကြီးရှိပါလျက်နဲ့ ဘာလို့ မိန်းမတွေပဲရှိတဲ့ အိမ်ထဲအထိလာပြီး မနက်ကနေ ညနေအထိ အနှိပ်ခံနေရတာလဲ” ဆိုတာကို မေးခွန်းထုတ်လာပါတယ်။

    Mm News.xyz 2026 02 26 155459

    အမေဖြစ်သူရဲ့ တုံ့ပြန်မှု –

    သမီးတွေက တားမြစ်ပေမဲ့ အမေဖြစ်သူကတော့ နားမထောင်ခဲ့ပါဘူး။

    သူမရဲ့ အဆိုအရ အဆိုပါဘုန်းကြီးတွေနဲ့က ငယ်သူငယ်ချင်းတွေလို ရင်းနှီးနေတာဖြစ်ပြီး တခြား ဘာပတ်သက်မှုမှ မရှိဘူးလို့ ဆိုပါတယ်။

    ဘုန်းကြီးတွေဘက်ကလည်း နာမည်ပျက်မရှိဘူးလို့ သိရပေမဲ့ သမီးဖြစ်သူကတော့ ဒါဟာ သံဃာ့ဝိနည်းနဲ့ မညီသလို ပတ်ဝန်းကျင်အမြင်မှာလည်း မသင့်တော်ဘူးလို့ ယူဆနေပါတယ်။

    ဆရာမော်ပလာထံ အကူအညီတောင်းခြင်း –

    ဘယ်လိုပဲပြောပြော တားမရတဲ့အဆုံးမှာတော့ သမီးဖြစ်သူက သာသနာ့ဝန်ထမ်းတွေရဲ့ မသင့်တော်တဲ့ လုပ်ရပ်တွေကို ဖော်ထုတ်လေ့ရှိတဲ့ ဆရာမော်ပလာကို အကူအညီ တောင်းခံလိုက်ရတာ ဖြစ်ပါတယ်ရှင်။

    ဘယ်လောက်ပဲ ခင်မင်ရင်းနှီးပါစေ… အမျိုးသမီးတွေရှိတဲ့ အိမ်ထဲအထိလာပြီး အနှိပ်ခံနေတဲ့ ဘုန်းကြီးတွေရဲ့ လုပ်ရပ်အပေါ် ပရိသတ်ကြီးကကော ဘယ်လိုမြင်ကြသလဲခင်ဗျ။

  • မလေးရှားမှ ပြန်ပို့ခံရပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသော ရခိုင်လူမျိုး ၂၀၀ ကျော်ရှိ

    မလေးရှားမှ ပြန်ပို့ခံရပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသော ရခိုင်လူမျိုး ၂၀၀ ကျော်ရှိ

    မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပို့ခံရပြီး လေဆိပ် အပါအဝင် ကားဂိတ်များတွင် စစ်ကောင်စီထံ စစ်မှုထမ်းအဖြစ် မတရားဖမ်းဆီးခံရသော ရခိုင်လူမျိုး ၆ လအတွင်း ၂၀၀ကျော် ရှိခဲ့ကြောင်း သိရသည်။

    မလေးရှားအာဏာပိုင်များသည် ပြည်နယ်အချို့က ကုန်တိုက်၊ စက်ရုံအလုပ်ရုံ၊ ရပ်ကွက်များကို ဆက်တိုက်ဆိုသလို တရားမဝင် နေထိုင်သူများအား ဝင်ရောက် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

    စာရွက်စာတမ်း အထောက်မရှိခြင်းကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူများ ရှိသလို CI ပြုလုပ်ပြီး မိမိဆန္ဒအလျောက် ပြန်သူများလည်း အများအပြား ရှိခဲ့ကြောင်း မလေးရှားတွင် ပရဟိတ လုပ်ကိုင်နေသူများက ပြောသည်။

    ယင်းအထဲမှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ရက်နေ့ကစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၁၀ ဦး ရှိကြောင်း မလေးရှားနိုင်ငံ ပါတာဝနှင့် ပီနန်းတွင် ပရဟိလုပ်ကိုင်နေသူ ကိုမောင်စောခိုင်က ပြောသည်။

    “ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းအရဆိုရင် စုစုပေါင်း အဖမ်းခံရတာ ၂၁၀ ဦး ရှိပါတယ်။ CI လုပ်ပြီး ပြန်တာ ဖြစ်ဖြစ်၊ မလေးရှား ထိန်းသိမ်းရေးစခန်းက ပြန်တာ ဖြစ်ဖြစ် စစ်ကောင်စီထံမှာ အဖမ်းခံရတဲ့ အရေအတွက်ပါ။ ဖမ်းဆီးခံရတာတွေကတော့ လေဆိပ်မှာရော၊ ပြီးတော့ ကားဂိတ်တွေရော၊ ပြီးတော့ ကားနဲ့ သွားတဲ့အခါမှာ လမ်းမှာ အဖမ်းခံရတာ ဖြစ်တယ်။ လေဆိပ်မှာကတော့ အများဆုံးပေါ့။ ဒါကတော့ ရခိုင်လူမျိုးသပ်သပ်စာရင်း ဖြစ်ပါတယ်”ဟုပြောသည်။

    642355981 1405418024930953 3669798670293903654 N

    ကိုမောင်စောခိုင်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်စ၍ မလေးရှားနိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ဒုက္ခသည်အရေးနှင့် ပရဟိတ အလုပ်များကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။

    ဖမ်းဆီးခံရသည့် အထဲမှာ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၄ဦး အသက် ၃၁နှစ်နှင့် ၃၅ နှစ်အပါအဝင် အသက် ၅၀ နီးပါး နှစ်ဦးလည်း ဖမ်းဆီးခံရထဲတွင် ပါဝင်ကြောင်း ကိုမောင်စောခိုင်က ဆက်လက် ပြောသည်။

    ဖမ်းဆီးခံရသည် အချက်အလက်များသည် ရန်ကုန်နှင့် -ရခိုင် ပို့ဆောင်ပေးသည့် ပွဲစားများနှင့် ကာယကံရှင် မိသားစုတို့မှ စုဆောင်း ရရှိထား အချက်အလက်များ ဖြစ်ကြောင်း ကိုမောင်စောခိုင် က ပြောသည်။

    ဖမ်းဆီးခံရသူ အများစုသည် အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ ဂွ၊ မအီ၊ သံတွဲဘက်က ဒေသခံများ အများဆုံး ဖြစ်ပြီး ရခိုင်ပြည်၊ တောင်ပိုင်းဘက်မှလည်း အနည်းငယ် ပါဝင်ကြောင် ၎င်းက ဆက်လက် ပြောသည်။

    စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သားစုဆောင်းရေးတပ်သို့ ခေါ်ဆောင်ခြင်း ခံရခြင်းဖြစ်ပြီး အခြားနေရာတွင် တိုင်းဒေသခံများကိုလည်း ပို့ဆောင် ခံခဲ့ရကြောင်း သိရသည်။

    အမည်မဖော်လိုသည့် ရန်ကုန်တွင် ပရဟိတ လုပ်ကိုင်နေသူတစ်ဦးက “အဓိကတော့ ပွဲစားတွေကလည်း စစ်ကောင်စီထံမှာ ရောင်းစားတာလည်း ရှိတယ်။ ပွဲစားတွေနဲ့ စစ်ကောင်စီတပ်ကလူတွေနဲ့ အချိတ်အဆက်တွေ ရှိတယ်။ ဒီတစ်ဖြတ်တော့ စစ်မှုထမ်းအဖြစ် ဘယ်နှစ်ယောက်ကို ပေးမယ်ဆိုတာမျိုးပေါ့။ သူတို့မှာ ပလင်တွေ ရှိတယ်။ မဖြစ်မနေလည်း ပေးရတာတွေ ရှိတယ်”ဟုပြောသည်။

    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာသိမ်း စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ရခိုင်ပြည်သူ ၂၆၈၆ ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း Spring Revolution Database (SRD) ၏ ဖေဖော်ဝါရီလ ၂၂ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။

    အာဏာသိမ်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတစ်ဝှမ်းတွင် အရပ်သားပြည်သူ စုစုပေါင်း ၁၉၁၆၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲတွင် ရခိုင်ပြည်သူ ၂၆၈၆ ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။

    တစ်နိုင်ငံလုံးအတိုင်း အတာအရ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ၄၁၄၆ ဦးဖြင့် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရခိုင်ပြည်ဖြစ်ကြောင်းနှင့် တတိယ အများဆုံးမှာ ၂၅၈၈ ဦးဖြင့် မန္တလေးတိုင်း ဖြစ်သည်။

    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဆီးခံရသည့် နေရာများမှာ IDP Camp တွင် ၂၂၃ ဦး၊ ကျေးရွာများတွင် ၉၅၄၂ ဦး၊ မြို့ပြတွင် ၆၉၂၃ ဦး၊ လမ်းခရီးတွင် ၂၁၁၈ ဦး၊ လေယာဉ်ကွင်းတွင် ၆၂ ဦး၊ အဝေးပြေးကားဂိတ်တွင် ၆၄ ဦး တို့ဖြစ်ကြောင်း SRD မှ ထုတ်ပြန်ထားသည်။