Category: News
-

ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား
ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သားကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ ဆို တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆိုင်ကယ်ခိုးတဲ့ TNLA ရဲ့ တပ်သားတစ်ဦးကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်”ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်တစ်စီးကို TNLA တပ်သားတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူက TNLA တပ်သား ဟုတ်ပါတယ်။ ကွန်မန်ဒို တပ်ဖွဲ့ထဲကလို့ ပြောတယ်။ သူက နမ့်ဆန်ဘက်ကပါ။ ဆိုင်ကယ်ပိုင်ရှင်က လိုက်ဖမ်းတော့…
-

ရွှေကုက္ကိုလ်တွင် တရုတ်သူဌေးများနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်း ချင်း ကားများဖြင့် သယ်ထုတ်
ရွှေကုက္ကိုလ်တွင် တရုတ်သူဌေးများနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်း ချင်း ကားများဖြင့် သယ်ထုတ်နေပြီး အောက် ခြေအလုပ်လုပ်သူများနှင့် တရုတ်များလည်း အစု လိုက်အပြုံလိုက် ထွက်ပြေး ၀ရုန်းသုန်းကားဖြစ်၊ BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်းမှ ပျောက်နေ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် တရုတ်သူဌေးများနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်းချင်း ကားများဖြင့် သယ်ထုတ်နေကြောင်း ရွှေကုက္ကိုလ်အခြေအနေကို စောင့်ကြည့်နေသော ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ BGF မှ နိုင်မောင်ဇော်က ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်များကို အပြီးသတ်အပြတ် နှိမ်နင်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ ညတွင်းချင်း ရွှေကုက္ကိုလ်မြို့သစ်မှ တရုတ်များ၊…
-

“စစ်တပ်ကျေးဇူးဆပ်ရန်”ဆိုကာ USDP အတွက် မင်းသား နေအောင် မဲဆွယ်စည်းရုံး
စစ်တပ် ကျောထောက်နောက်ခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရေးတွင် ရုပ်ရှင်မင်းသား နေအောင်လည်း လိုက်ပါ၍ ပြည်သူများအား စည်းရုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်နံနက်တွင် ရန်ကုန်မြို့ ဒလမြို့နယ်၌ ပြုလုပ်ခဲ့သည့် USDP ၏ မဲဆွယ်စည်းရုံးရေးအတွင်း လိုက်ပါ လာသော မင်းသား နေအောင်က “ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိရင် ခင်ပွန်းကြီးဆယ်ပါး ဂိုဏ်းသင့်တယ်။ အဲဒီလိုပဲ ကျေးဇူးရှိတဲ့သူကို စော်ကားလို့ ရမလား။ စစ်တပ် ကောင်းတာ မကောင်းတာ ကျနော်မသိ၊ စစ်တပ်ကျေးဇူး ကျနော့်မှာ ရှိတယ်။ စစ်တပ်က ကျွေးတဲ့ပေးတဲ့ ပိုက်ဆံနဲ့ BSc ၊ MSc နှစ်ဘွဲ့ရအောင်လုပ်ခဲ့ရတာ။ ဒီစစ်တပ် ကျေးဇူးအကြောင်း မေ့လို့ရမလား။ ကျေးဇူးဆပ်ဖို့ ကျနော့်မှာ တာဝန်ရှိတယ်။…
-

BGF ၏ ကြေညာချက်ကြောင့် ရွှေကုက္ကိုမှ လုပ်ငန်းရှင်များ၊ လုပ်သားများ အစုလိုက်ထွက်ပြေးနေ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသရှိလုပ်ငန်းခွင်များမှ လုပ်ငန်းရှင်များ၊ လုပ်သားများမှ ညဦးပိုင်းအချိန်ကစ လက်ရှိအချိန်အထိ ၎င်းမြို့မှ ထွက်ခွာရန် လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။ ကရင်နယ်ခြားစောင့်တပ် (BGF) က ကျန်ရှိနေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များကိုအမြစ်ပြတ်ချေမှုန်းမည့် “နောက်ဆုံးစစ်ပွဲ” ကို စတင်တော့မည်ဟု ယနေ့ တရားဝင် ကြေညာလိုက်ပြီးနောက်၊ အဆိုပါဒေသရှိ တရုတ်လုပ်ငန်းရှင်များနှင့် ကျားဖြန့်လုပ်သားများသည် ယနေ့ညပိုင်းမှစတင်ကာ အစုလိုက် အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က မီဒီယာများနှင့် တွေ့ဆုံရာတွင် ကျားဖြန့်လုပ်ငန်းများကို အပြီးအပြတ်ရှင်းလင်းမည့် စီမံချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်၊ ရွှေကုက္ကိုမြို့အနီးတစ်ဝိုက်တွင် ထွက်ပြေးနေကြသည့်အခြေအနေ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ “တရုတ်သူဌေးတွေလည်း ပိုက်ဆံတွေပစ္စည်းတွေသိမ်းပြီး ကားတွေနဲ့ထွက်ပြေးသွားကြပြီလို့ သတင်းကြားတယ်။ အခုည ရွှေကုက္ကိုမှာ ထွက်ပြေးနေကြတဲ့…
-

အဆိုတော် ချမ်းချမ်း ကြမ်းပြီဟေ့…
ကျမရဲ့ အကြောင်းကို သေချာမသိပဲ လိုင်းပေါ် တင်ချင်ရာတင်အာချောင်ပြီး ပြောချင်ရာပြောနေတဲ့သူများကို အခု ဒီ အမှုဟာတအားကြီးတယ်ဆိုတာ မသိကြလို့နေမယ် မကြာမီ တရားရုံးကိုဆင့်ခေါ်ပီး Victim တွေ survivor တွေကို တရားရုံးက ဆင့်ခေါ်တဲ့ အခါ ကျမကို အသရေ ဖျက်မှုနဲ့ တရားစွဲမှာပါ ကျမ ဘယ်မီဒီယာ ဘယ်သူ ဘယ်ဝါဆိုတာ evidence တွေ proof တွေ ယူထားပြီးပါပြီ သာ အချက်အလက် အဓိက သက်သေတွေ လဲ မရပဲ ကိုယ်သတင်းဖြစ်ရေး like and follower ရဖို့ အသုံးချ နေတဲ့ မီဒီယာနဲ့ လူပုဂ္ဂိုလ် များကို တရားရုံးက သေချာ မှတ်သားခိုင်းထားပါတယ် မြန်မာနိုင်ငံတင်မကပါဘူး ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ပိုစ့်တင်ပီးစော်ကားနေတဲ့…