Category: News
-

အိမ်ဖောက်ဝင်လာတဲ့ သူခိုးကို ရဲလက်အပ်ခဲ့တဲ့ ကေပေါ့ပ် အဆိုတော် နာနာ
အိမ်ထဲ ဖောက်ထွင်း ဝင်လာတဲ့ သူခိုးကို တောင်ကိုးရီးယား ကေပေါ့ပ် အဆိုတော် နာနာနဲ့ သူ့အမေက ပြန်ခုခံ ဖမ်းချုပ်ပြီး ရဲလက်အပ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဂူရီမြို့မှာရှိတဲ့ နာနာရဲ့အိမ်ထဲ အသက် ၃၀ ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖောက်ထွင်း ဝင်လာပြီး နာနာတို့သားအမိကို လက်နက်ပြ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ် နာနာ (အမည်ရင်း အင်မ်ဂျင်းအာ) နဲ့ သူ့အမေက ရဲတွေ ရောက်လာတဲ့အချိန်အထိ သူခိုးကို ဖမ်းချုပ်ထားနိုင်ခဲ့တယ်လို့ နာနာရဲ့အေဂျင်စီက သတင်းမီဒီယာတွေကိုပြောပြပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာတော့ သူ့အမေ သတိမေ့သွားခဲ့ပြီး နာနာရော အမေပါ ဆရာဝန်နဲ့ ပြခဲ့ရတယ်လို့ ယွန်ဟပ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အိမ်ထဲ ဖောက်ထွင်းဝင်လာတဲ့ သူခိုးက…
-

အယ်ဂျာဇီးရား သတင်းဌာနဆီ ပေါက်ကြားသွားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ PowerPoint ဖိုင်တွေနဲ့ အချက်အလက်များ
အယ်ဂျာဇီးရားသတင်းဌာနဆီပေါက်ကြားသွားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ PowerPoint ဖိုင်တွေနဲ့ အချက်အလက်တွေအရ ရန်ကုန်တမြို့လုံးအနှံ့ တပ်ဆင်ထားတဲ့ CCTV တွေရဲ့ နေရာတွေကို တွေ့ရှိရပါတယ်။ မြို့ပြပျောက်ကြားအဖွဲ့တွေကို နှိပ်ကွပ်ဖို့ အသည်းအသန်ကြိုးစားခဲ့တဲ့ စစ်ကောင်စီရဲ့ ဌာနတွင်းအချက်အလက်တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် စစ်ကြောရေးစခန်းတွေမှာသာမက သာမာန်တပ်ရင်းရုံးရှေ့မှာတင် ပြည်သူနှစ်ဦးကို သံကြိုးနဲ့ မ-သေ-မ-ချင်း ရိုက်နှက်သ-တ်ဖြ-တ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံဖိုင်လည်း ပါဝင်ပါတယ်။ ဒီဖိုင်ကို အဲ့တပ်မှာ တာဝန်ကျပြီး အခု အလင်းဝင်လာတဲ့ စစ်သားတဦးက အယ်ဂျာဇီးရားဆီ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ရုပ်သံတခုမှာတော့ မတရားစစ်မှုထမ်းဆွဲခေါ်ခံရတဲ့ လူငယ်တဦးက စစ်မှုထမ်းသင်တန်းတက်နေစဉ်နဲ့ ရှေ့တန်းလွှတ်တဲ့အချိန်တွေမှာ ခိုးရိုက်ထားတဲ့ ရုပ်သံတွေလည်း ပါဝင်ပါတယ်။ စစ်ကောင်စီက တရုတ်နဲ့ ရုရှားဆီကနေ လက်နက်တွေကို ရရှိနေပြီး ရုရှားကတော့ ယူကရိန်းစစ်ပွဲနဲ့တင် လုံးပန်းနေရလို့ လက်ရှိမှာ တရုတ်အစိုးရဟာ…
-

Jesters: The Game Changers
Jesters: The Game Changers (2019) ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ ၂၀၁၉ခုနှစ်မှာ ပြသခဲ့တဲ့ ဒါရိုက်တာ Kim Joo-Ho ရေးသားရိုက်ကူးထားပြီး ဆယ်ဂျိုဘုရင်နဲ့ သစ္စာခံတော်ဝင်မှူးမတ်ခြောက်ဦးအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံဟာသဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေကတော့ Cho Jin-Woong, Park Hee-Soon, Son Hyun-Joo, Ko Chang-Seok, Kim Seul-Gi, Yoon Park, Kim Min-Sukတို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း တူဖြစ်သူနဲ့ သစ္စာခံ အမတ်ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အကြောင်းကို ရေးသားထားတဲ့ ’တော်ဝင်မှူးမတ်ခြောက်ဦး’ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့နေတာကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က ဒီကိစ္စကို ဖြေရှင်းဖို့ အကြံပေးအမတ်ချုပ် ဟန်မြောင်ဟွယ် (Son…
-

လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံး
နတ်ရေကန်လေကြောင်းရန်စခန်းသို့ လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံးပြီးကမ္ဘာလုံးပါပြိုထွက်သွား စစ်အုပ်စု အဖွဲ့ဝင်များ ပိတ်မိနေသည့် အမ်း-ပဒါန်းလမ်း၊နတ်ရေကန်တောင်ပေါ်ရှိလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကို လေထီးဖြင့်ချပေးသော လက်နက်ခဲယမ်း၊စားနပ်ရိက္ခာများကိုစစ်သားများ ကောက်ယူနေစဉ်အာရက္ခတပ်တော် (AA) မှလက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်သား ၁၀ကျော်ခန့်သေဆုံးပြီး ကမ္ဘာလုံးပါ ပျက်စီးသွားသည်ဟု သတင်းရရှိသည်။ ၎င်းအခြေအနေကို သိရှိထားသည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “နတ်ရေကန်ကို လေကြောင်းရန်ကာကွယ်ရေးတောင်ကုန်းကိုလေထီးတွေနဲ့ ဒီနေ့မနက်တစ်ကြိမ်၊နေ့လယ်တစ်ကြိမ်၊ နှစ်ကြိမ်လာချပေးတယ်။ဒုတိယအကြိမ်ပစွည်းကောက်နေတုန်းအေအေလက်နက်ကြီးတပ်ဖွဲ့ကဒရုန်း၊ လက်နက်ကြီးတွေနဲ့ ချိန်ကိုက် ပစ်ခတ်ခဲ့တာပါ”ဟု ပြောသည်။ နိုဝင်ဘာ ၁၆ ရက် နံနက်က ပထမအကြိမ်တွင် Y12 မှ လေထီးဖြင့် ရိက္ခာထုတ်များချပေးခဲ့သလို နေ့လယ်ပိုင်းတွင် ဒုတိယတစ်ကြိမ် Y 8 ဖြင့်ချပေးခဲ့သည်ဟုဆိုသည်။ “ပထမတစ်ကြိမ် Y12 နဲ့ချပးတော့ဘာမှ မဖြစ်ဘူး။ ဒုတိယတစ်ကြိမ် Y 8…
-

အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး
အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်နိုင်ခဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လကဘန်မြို့နယ်၊ ခလောင်ဆောင်တွန်းရပ်ကွက်မှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တဦးကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၁ နာရီမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကလေးငယ်ဟာ မွေးကင်းစမိန်းကလေးဖြစ်ပြီး အဆောက်အဦတခုရဲ့ တတိယထပ်ရှိ အိမ်သာရေဆွဲခွက်အတွင်း စွန့်ပစ်ခံထားရတာဖြစ်ပြီး သတင်းပေးပို့ချက်အရ လကဘန်ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ ကလေးငယ်ဟာ အသက်ရှင်လျက်ရှိနေသေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူကာ ကလေးငယ် ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Ref: Matichon , Khaosod