Category: News

  • ဗုံးတွေကြဲ လက်နက်ကြီးတွေကျတဲ့ကြားမွေးခဲ့တဲ့ ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းအမွှာညီအကို

    ဗုံးတွေကြဲ လက်နက်ကြီးတွေကျတဲ့ကြားမွေးခဲ့တဲ့ ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းအမွှာညီအကို

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကနေ စစ်ရှောင်လာတဲ့ အသက်(၃၃)နှစ်အရွယ် မဇင်မာနွယ်ဆိုသူဟာ ဒီကနေ့ (နိုဝင်ဘာ ၁၅ ရက်)မှာအမွှာသားနှစ်ယောက်မွေးဖွားခဲ့တယ်လို့သတင်းနှင့်ပြန်ကြားရေး- ကနီမြို့နယ်က ဖော်ပြပါတယ်။ အဲဒီသားနှစ်ယောက်ကို ဗုံးတွေကြဲ၊ လက်နက်ကြီးတွေကျတဲ့အချိန်မှာ မွေးခဲ့တာကြောင့် ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းလို့ မိခင်က နာမည်ပေးလိုက်တဲ့အကြောင်း ရေးသားထားပါတယ်။ ယခုနိုဝင်ဘာပထမလဝက်အတွင်းမှာ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၇ ရွာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပြီး အိမ်ထောင်စုထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေပါတယ်။ ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး- ကနီမြို့နယ်

  • ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို  တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    စစ်တပ်က ကျေးရွာ ၃ ခုထက်မနည်းကို မီးရှို့ဖျက်ဆီး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ ကရင်ချောင်းမြစ်ကူးတံတားမှ အင်အား ၁၄၀ ကျော်ပါဝင်သည့် စစ်တပ်လက်အောက်ခံ တပ်များဖြစ်သည့် ဒတရ-၆၀၄၊ ခလရ ၂၆ ၊ ခမရ ၂၉ ၊ ခလရ ၃၉ ၊ စခန ၈၄၈ ၊ ကကနက်တို့ ၏ ပူးပေါင်းစစ်ကြောင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက…

  • မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေပြီး သီပေါတံတားနဲ့ နေရာအချို့ကို စစ်ကော်မရှင်က ဖြတ်သန်းခွင့်ပိတ် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်ရယ်နဲ့ဟိုယမှာ စစ်ကော်မရှင်တပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပြီး သီပေါတံတားကို ဖြတ်သန်းသွားလာခွင့် စစ်ကော်မရှင်တပ်က ပိတ်လိုက်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ဟိုယမှာ MNDAA နဲ့ စစ်ကော်မရှင်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး စစ်ကော်မရှင်တပ်ဘက်က အင်အားဖြည့်နေတယ်လို့ သိရပါတယ်။ “ဟိုယမှာ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်တယ်၊ စစ်တပ်ဘက်က အကျအဆုံးတွေရှိတယ်၊ ခလရ(၆၇)က လက်နက်ကြီးတွေနဲ့ လူအင်အားဖြည့်နေတာ ရှိတယ်၊ တိုက်ပွဲတွေ အရင်လို ပြန်ဖြစ်လာမယ် ထင်တယ်၊ လက်နက်ကြီး ပစ်သံကတော့ နေ့တိုင်း ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဘက်က ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၁…

  • USDP မဲဆွယ်ပွဲတက်ဖို့ လိုက်ပြောတဲ့ ပါတီ၀င်အမျိုးသမီး ဓားခုတ်ခံရ

    USDP မဲဆွယ်ပွဲတက်ဖို့ လိုက်ပြောတဲ့ ပါတီ၀င်အမျိုးသမီး ဓားခုတ်ခံရ

    ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွေကျင်မြို့နယ် ၊ အနောက်ဘက်ကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာတောင်ခြမ်းမှာ USDP မဲဆွယ်ပွဲတက်ဖို့ လိုက်ပြောတဲ့ ပါတီဝင်အမျိုးသမီး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပါတီဝင်တွေက ပြောပါတယ်။ ကျူးလွန်သူကို အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရ အမှု့ဖွင့် အရေးယူ ထားပြီး ဓားနဲ့ခုတ်ခံရသူ အမျိုးသမီးကလည်း လက်နက်ကိုင်ဆောင်ပြီး လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမှုဖွင့် တရားစွဲဆို ထားတယ်လို့ ဆိုပါတယ်။ “စုစည်းဟောပြောပွဲကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီက အမှုဖွင့်တာပါ။ တနင်္လာနေ့မှာ သူ့ကို ရုံးတင်ပါလိမ့်မယ်။ စုစည်းဟောပြောပွဲ ပျက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ သုံးသပ်ပါတယ်။ သူက ရည်ရွယ်ချက်ရှိရှိ မနက်ကတည်းက ဟောပြောမယ့် အိမ်ရှေ့မှာလျှောက်နေတာ ။ ကြည့်နေတာ။ ဓားခုတ်မှု…

  • အမေရိကန် အရှုပ်တော်ပုံ၊ ပဟေဠိ အီးမေးလ်နဲ့ ချမ်းချမ်းရှင်းပြတဲ့ ဖြစ်စဥ်

    အမေရိကန် အရှုပ်တော်ပုံ၊ ပဟေဠိ အီးမေးလ်နဲ့ ချမ်းချမ်းရှင်းပြတဲ့ ဖြစ်စဥ်

    အမေရိကန်က ဂျက်ဖရီ အက်ပ်စတီးန်ရဲ့ လိင်အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော် ကော်မတီက ဖွင့်ချလိုက်တဲ့ အီးမေးလ်တွေထဲမှာ မြန်မာအဆိုတော် ချမ်းချမ်းရဲ့ နာမည်လည်း ပါဝင်နေပါတယ်။ မြန်မာပြည်က အင်မတန်ချောမောလှပတဲ့ နာမည်ကြီးအဆိုတော် ချမ်းချမ်းရဲ့ ဓာတ်ပုံကို ပို့ပေးလိုက်မယ်ဆိုပြီး ရေးထားတဲ့စာကို ပြင်သစ်က မော်ဒယ်အေဂျင်စီလုပ်တဲ့ ယွန်း လုခ် ဘရူနဲလ်က အမေရိကန်သန်းကြွယ်သူဌေး ဂျက်ဖရီ အက်ပ်စတီးန်ဆီကို ၂၀၁၃ ဇန်နဝါရီ ၁ ရက်နေ့က အီးမေးလ်နဲ့ပို့ခဲ့တာပါ။ အိုဘားမား မြန်မာပြည်လာသလို ချမ်းချမ်းကိုလည်း အမေရိကန် ခေါ်လာမယ်လို့ ရေးခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက သူတို့အီးမေးလ်ရေးချိန်မတိုင်ခင် ၂၀၁၂ နိုဝင်ဘာမှာ မြန်မာပြည်လာခဲ့တာပါ။ ဂျက်ဖရီ အက်ပ်စတီးန်က သူထိန်းသိမ်းခံရစဥ် ၂၀၁၉ ခုနှစ်က သူ့ကိုယ်သူ သတ်သေခဲ့သလို ယွန်း လုခ် ဘရူနဲလ်လည်း ၂၀၂၂…