စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကနေ စစ်ရှောင်လာတဲ့ အသက်(၃၃)နှစ်အရွယ် မဇင်မာနွယ်ဆိုသူဟာ ဒီကနေ့ (နိုဝင်ဘာ ၁၅ ရက်)မှာအမွှာသားနှစ်ယောက်မွေးဖွားခဲ့တယ်လို့သတင်းနှင့်ပြန်ကြားရေး- ကနီမြို့နယ်က ဖော်ပြပါတယ်။
အဲဒီသားနှစ်ယောက်ကို ဗုံးတွေကြဲ၊ လက်နက်ကြီးတွေကျတဲ့အချိန်မှာ မွေးခဲ့တာကြောင့် ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းလို့ မိခင်က နာမည်ပေးလိုက်တဲ့အကြောင်း ရေးသားထားပါတယ်။
ယခုနိုဝင်ဘာပထမလဝက်အတွင်းမှာ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၇ ရွာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပြီး အိမ်ထောင်စုထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေပါတယ်။
ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး- ကနီမြို့နယ်


Leave a Reply