Category: News
-

ပြင်ဦးလွင်၌ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်း သေဆုံး၊ ဓားပြ ၁ ဦးဖမ်းမိ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၃ မန္တလေး- လားရှိုးသွားကားလမ်းဘေးက နာရီစင်အနီး ဖွင့်ထားတဲ့ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက် သေဆုံးကာ ဓားပြတိုက်သူ တယောက်ကို ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၈ နာရီခွဲက ဟွန်ဒါဖစ်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမည်မသိအမျိုးသား ၂ ယောက်က ရွှေဆိုင်အတွင်းသို့ဝင်လာကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်တာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်း တယောက် သေဆုံးကာ ရွှေတွေယူသွားတာလို့ မြို့ခံက ပြောပါတယ်။ “ဆိုင်ထဲကို ဝင်လာပြီး ဆိုင်ကောင်တာအနောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ပစ်တယ်။ အဲ့ဒီအချိန်မှာ နောက်တယောက်က ဆိုင်ဝန်ထမ်းကောင်မလေးကို ထိုးကြိတ်ပြီး ရွှေတွေယူသွားတာ။ တယောက်မိတယ်၊ တယောက်လွတ်သွားတယ်။” သေနတ်နဲ့ပစ်ခတ်ခံရလို့ ဆိုင်လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်း…
-
AA နဲ့ ရင်ဆိုင်ရတဲ့စစ်ပွဲတွေမှာစစ်တပ် ကစဉ့်ကလျားဖြစ်နေ
ကပစ(၁၆)၊ နတ်ရေကန်ဗျူဟာ၊ လေလာတောင်၊သာပေါင်းနဲ့လေးမျက်နှာမှာတိုက်ပွဲတွေပြင်းထန် အလံဖြူထောင်လက်နက်ချ ၊ထွက်ပြေး၊ဖမ်းမိစစ်သားပေါင်း ၇၀ ကျော်ရှိဟု AA ထုတ်ပြန် စစ်တပ်ရဲ့ အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ(ကပစ-၁၆)အနီးတိုက်ပွဲပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာကိုလည်း ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲများအတွင်း စစ်သားအများအပြား ကစဉ့်ကလျား ထွက်ပြေးနေကာ လက်နက်ချသူတွေလည်းရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ယနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။ ကပစ ၁၆ ဟာစစ်တပ်ရဲ့ ယမ်းတွေ ချက်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင် ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်း၊ ဧရာဝတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ထွက်ပြေးသူ ၊အလံဖြူထောင်လက်နက်ချသူ ၊ဖမ်းဆီးရရှိသူ စုစုပေါင်း ၇၀ ကျော်ရှိကြောင်း AA က နိုဝင်ဘာလ၁၁ရက်နေ့ည ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။ အာရက္ခတပ်တော်ကစစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့ ဆိုပါတယ်။တိုက်ပွဲတွေမှာ စစ်ရေးအရယှဉ်နိုင်စွမ်းမရှိသလိုအတင်းအဓမ္မစစ်သား စုဆောင်းခံရတဲ့…
-

ပျဥ်းမနားရှိ ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းသဖြင့် ၂ ဦးမိ
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ချင်းစုရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းမပေါ်က ရောင်နီဦးရွှေဆိုင် နိုဝင်ဘာ ၁၀ ရက် မနက်က ဓားပြတိုက်ခံရပြီး ဓားပြတိုက်သူထဲက ၂ ယောက်ကို ရပ်ကွက်နေသူတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့မနက် ၉ နာရီခွဲက ရောင်နီဦးရွှေဆိုင်မှာ ဆိုင်ရှင်အမျိုးသမီးတယောက်တည်း ရှိနေချိန် Mask တပ်ထားသူ ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကို သေနတ်နဲ့ချိန်ကာ ရွှေထည်ပစ္စည်းတချို့ လုယူသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ဆိုင်ဖွင့်ချိန် လူ ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ပြီး ဝင်လုတာပါ။ ရွှေ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ လုတဲ့သူ ၃ ယောက်ထဲက ၂ ယောက်ကို ကျော်ညီနောင်ဘက်မှာ ရပ်ကွက်နေ ပြည်သူတွေက ဖမ်းမိသွားတယ်။” ဓားပြတိုက်…
-

နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့်နေ့နံ-၄ခု
နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့် နေ့နံ-၄ ခု
-

မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ပွဲကြမ်း
မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ဝိနည်းနဲ့မညီဘူးလို့ ဝေဖန်နေ စစ်ခေါင်းဆောင်တွေ ကိုးကွယ်နေကြတဲ့ ဝဇီပိတ်ဆရာတော်လို့ အများသိကြတဲ့ ဆရာတော် ဘဒ္ဒန္တ ကောဝိဒ ဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ လိုက်နာစောင့်ထိန်းရမယ့် ဝိနည်းနဲ့မညီညွတ်တဲ့အတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ထိမ်းသိမ်းကြပ်မတ်တာတွေ လုပ်ဆောင်သင့်ပြီလို့ သံဃာထု နဲ့ ဗုဒ္ဓဘာသာဝင်တချို့က ဝေဖန်ထောက်ပြနေကြပါတယ်။ သင်္ကန်းအနက်ရောင်ဝတ်ဆင်ထားသူနဲ့ အနီရောင်ဘောင်းဘီ (လူအဝတ်အစား) ဝတ်ဆင်ထားသူတို့ ပူးတွဲရပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ လတ်တလော လူမှုကွန်ရက်မှာ ပြည်သူတွေအကြား စိတ်ဝင်စား နေကြသလို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ “သင်္ကန်းအရေခြုံဝတ်ဆင်သူ” လို့ ခေါ်ဆိုသတ်မှတ်နေကြပြီး၊ အခုလိုအပြုအမူနဲ့ ဝတ်စုံပုံစံဟာ ဗုဒ္ဓ ဘာသာသံဃာတော်တွေရဲ့ ဝိနည်းနဲ့မညီညွတ်ဘူးလို့ ဝေဖန်သုံးသပ်နေကြပါတယ်။ ဒါ့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ အဲဒီကိစ္စအပေါ် တိကျသေချာစွာ တုံ့ပြန်မှုမရှိ သေးတာကိုလည်း “ဘာကြောင့် မဟနဆရာတော်တွေ…