Category: News
-
စစ်ခေါင်းဆောင်က ၎င်းတည်သည့် မာရဝိဇယဘုရား လူစည်ကားစေရန် အမိန့်ပေး စည်းရုံးနေပြီး ရွေးကောက်ပွဲ မတိမ်းစောင်းရန် “ဘုရားကု” ကုနေ
စစ်ခေါင်းဆောင်က ၎င်းတည်သည့် မာရဝိဇယဘုရား လူစည်ကားစေရန် အမိန့်ပေး စည်းရုံးနေပြီး ရွေးကောက်ပွဲ မတိမ်းစောင်းရန် “ဘုရားကု” ကုနေ နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၄ ရက် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ခိုင်ခံ့မှုအရှိဆုံးဟု ကြွားလုံးထုတ်နေသည့် ၎င်းတည်ထားသော မာရဝိဇယ ကျောက်ဆင်းတုဘုရား၌ လူစည်ကားစေရန်နှင့် လာမည့်ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရည်ရွယ်၍ “ဘုရားကု” လုပ်နေကြောင်း သတင်းအရင်းမြစ်များအရ သိရသည်။ အဆိုပါဘုရားတွင် လူစည်ကားစေရန် ပွဲလမ်းသဘင်များဖြင့် စည်းရုံးသိမ်းသွင်း လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။ ကမ္ဘာပေါ်ရှိ စကျင်ကျောက်သား ထိုင်တော်မူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဟု စစ်ကော်မရှင်က ထုတ်ပြန်ဆိုထားသော မာရဝိဇယဘုရားကို စတင်တည်ချိန်မှစ၍ စစ်ကော်မရှင် လက်အောက်ခံ Non-CDM ဝန်ထမ်းများမှာ မကြာခဏဆိုသလို မဖြစ်မနေ လာရောက်ဖူးမျှော် နေရကြောင်း ဧရာ၀တီတိုင်းမ်ကစုံစမ်း…
-
ကြံ့ခိုင်ရေးပါတီက ငွေပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးရေး လိုက်ခိုင်းသော်လည်း အမှန်တကယ် မရရှိဟုဆို
ကြံ့ခိုင်ရေးပါတီက ငွေပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးရေး လိုက်ခိုင်းသော်လည်း အမှန်တကယ် မရရှိဟုဆို စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရေးလိုက်သူတွေကို ငွေကျပ် ၁၅,၀၀၀ ပေးမယ်လို့ မက်လုံးပေးပြီး ခေါ်သွားပေမဲ့ အမှန်တကယ် မရရှိဘူးလို့ မဲဆွယ် စည်းရုံးရေးလိုက်သူတွေက ပြောပါတယ်။ ရန်ကုန်၊ သာကေတမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေး လိုက်ပါရင် ဆန်နဲ့ ငွေကျပ် ၁၅,၀၀၀ ပေးမယ်ဆိုပြီး ဆိုက်ကားသမားတွေနဲ့ ဘေးတွဲသမားတွေကို ပြောဆိုထားတာ ဖြစ်ပါတယ်။ သာကေတမှာ ဘေးတွဲမောင်းသူတယောက်က “အလကားပိုက်ဆံလည်း မရဘူး။ ဆန်လည်း မရဘူး။ သွားတောင်းတော့ အုပ်ချုပ်ရေးမှူးတွေကို ပေးထားတယ်တဲ့။ သူတို့ဆီ သွားတောင်းတော့လည်း မသိဘူးပဲ ပြောတယ်။ ဒီပိုက်ဆံလေးတောင် မပေးနိုင်ဘဲ သူတို့ကို မဲထည့်ပေးဖို့ချည်းပဲ ပြောတယ်။ ကျနော်တို့ဆို ဘေးတွဲမမောင်းရဘူး။…
-
ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်က ကြည်း၊ရေ၊ လေသုံးပြီး AA ကို အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် အကျဆုံးများပြီး ရှေ့မတိုးနိုင်ဖြစ်နေ (သိုင်းချောင်းကို ထပ်မံ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း အလောင်းတောင်မကောက်နိုင်ဘဲ ထပ်မံထွက်ပြေးရ) ခိုင်ဝံသ(လေးမြို့မြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၁ / ၂၀၂၅ ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာတွေကို ကြည်း၊ ရေ၊ လေပေါင်းပြီး အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့်လည်း အကျအဆုံးများပြီး ရှေ့မတိုးနိုင်ဖြစ်နေတဲ့အတွက် ထိုးစစ်ကို ဆက်လက်အကောင်အထည် အဖော်နိုင်ဘဲ ဖြစ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောပါတယ်။ “ စစ်တပ်က ကျောက်ဖြူမှာ အေအေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စကုန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းတွေနဲ့ ရေကြောင်းကရော၊ လေကြောင်းကရော ပူးပေါင်းတိုက်တာ။ မြေပြင်ကဆိုရင်လည်း ဒရုန်းတွေ လွှတ်ပြီးတိုက်သလို ဒုံးကျည်တွေနဲ့ပါ ချတာ။ ဒါပေမယ့် အေအေကလည်း အပြောင်မြောက်ဆုံးနဲ့ အကောင်းဆုံး ခုခံတိုက်တာ။ လက်တွေ့ တကယ်မြေပြင်မှာ စစ်တပ်က အကျဆုံး အရမ်းများတော့ စစ်တပ်က ထင်သလောက် တိုးမပေါက်နိုင်ဖြစ်နေတယ်။ လက်ရှိ အချိန်မှာတော့ ထိုးစစ်ကို ဆက်လက်မဖော်ဆောင်နိုင်ဘဲ လေကြောင်းကနေ ဒရုန်း၊ ဂျက်တို့နဲ့ လှမ်းပစ်ခတ်မှုတွေကိုသာ လုပ်နေပါတယ်။” ပုံစာ- အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အာရက္ခစစ်သည်တော်တွေ။ ကျောက်ဖြူ စစ်ရေးသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>> https://burmese.narinjara.com/news/detail/690628498fe3fedca432c8be —- ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://burmese.narinjara.com/pages/donate-us ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေသုံးပြီး AA ကို အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အကျဆုံးများ၍ ရှေ့မတိုးနိုင်ဖြစ်နေ (သိုင်းချောင်းကိုထပ်မံ ထိုးစစ်ဆင်လာသောစစ်ကြောင်းအလောင်းတောင် မကောက်နိုင်ဘဲ ထပ်မံထွက်ပြေးရ) နိရဉ္စရာ၊ နိုဝင်ဘာ ၁ / ၂၀၂၅ ကျောက်ဖြူမြို့နယ်မှ အာရက္ခတပ်တော်ထိန်းချုပ်ထားသော နေရာများကို ကြည်း၊ ရေ၊ လေပေါင်းပြီး အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အကျအဆုံးများသဖြင့် ရှေ့သို့ မတိုးနိုင်ဖြစ်နေကာ လက်ရှိ ထိုးစစ်ကို အင်နှင့်အားနှင့် ဆက်လက်အကောင်အထည်အဖော်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။ “ စစ်တပ်က ကျောက်ဖြူမှာအေအေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ ရေ၊ လေပူးပေါင်းပြီးစကုန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ နောက်ဆုံးပေါ်စစ်လက်နက် ပစ္စည်းတွေနဲ့ ရေကြောင်းကရော၊ လေကြောင်းကရော ပူးပေါင်းတိုက်တာ။…
-
ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်
နာမည်ကျော် စစ်ထောက်လှမ်းရေးစခန်းတွင် ၇ ရက်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသူတစ်ဦးက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာသည့် အတွေ့အကြုံကို ပြောပြထားသည်။ ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော် နာမည်ကျော် စစ်ထောက်လှမ်းရေးစခန်းတွင် ၇ ရက်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသူတစ်ဦးက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာသည့် အတွေ့အကြုံကို ပြောပြထားသည်။ အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။ စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင်…
-
ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး
ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး ကျွန်တော့် အသက် ၂၃ နှစ်ပါကိုးရီးယားကို ၂၀၂၃ ခုနှစ် ၉ လပိုင်းမှာရောက်ခဲ့ပါတယ်။ အင်ချွန်းမှာရှိတဲ့ Geong In ကျောင်းမှာ language student အနေနဲ့ ရောက်ခဲ့ပါတယ်။ ကျွန်တော်က မြောင်းမြဇာတိပါ။ မြန်မာပြည်ကနေလည်း ခက်ခက်ခဲခဲလာရတာမို့ ကိုးရီးယားစစရောက်တော့ ပိုက်ဆံလည်းသိပ်မပါခဲ့ဘူး ဆောင်းဆိုတော့ လိုအပ်တာဝယ်ချမ်းရတာနဲ့ ပါလာတာလေးတွေခဏလေးနဲ့ကုန်သွားတယ်။ တနေ့အသိကခေါ်တဲ့ ထမင်းဘူးစက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နေ့လည်၁၂ကနေ ညနေ ၆ အထိ ကျောင်းတက်။ ည၈ကနေ မနက်၆ အထိ ညဆိုင်းအလုပ်ဆင်းရတယ်။ တနေ့ ၃/၄ နာရီပဲ အိပ်စက်ရပါတယ်။ ဒီစက်ရုံမှာ လူတွေကစက်ရုပ်လိုဘဲ အပြုံးအရယ်မရှိ ၊ အလုပ်တွေအချိန်မှီပြီးဆီးဖို့…