Category: News
-

ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု
သာကေတတွင် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု အချိန်မီ ပြန်လည် ကယ်တင် ဖမ်းရောင်းသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်မည် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို သာကေတ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခဲ့မှုကို အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မောင်ကျော်သက်ပိုင်၏ မိတ်ဆွေများက ပြောဆိုသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ညပိုင်း မောင်ကျော်သက်ပိုင်ကို သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ…
-

Peacock
Peacock (2025) “Pfau – Bin ich echt?” (Peacock) ကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဩစတြီးယား-ဂျာမန် ပူးတွဲထုတ်လုပ်တဲ့ လူမှုရေးထေ့လုံးတွေနဲ့ဟာသဇာတ်ကားဖြစ်ပါတယ်။ Bernhard Wenger က ရေးသားဒါရိုက်တာလုပ်ထားပြီး သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ လူသားတွေရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ အစစ်အမှန်ဖြစ်မှုဆိုင်ရာ မေးခွန်းတွေကို နက်ရှိုင်းစွာ စူးစမ်းထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Matthias ဟာ My Companion လူငှားရမ်းရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး လိုအပ်တဲ့ဝန်ဆောင်မှုပေါ် မူတည်ကာ ယဉ်ကျေးတဲ့ရည်းစား၊ ပြည့်စုံတဲ့သား ဒါမှမဟုတ် စကားများဖော်များဖက်အဖြစ် ဘယ်ဇာတ်ကောင်မျိုးကိုမဆို အပြည့်အဝ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ သူများအတွက် ဇာတ်ကောင်တွေကို ကောင်းစွာ သရုပ်ဖော်နိုင်ပေမယ့်လည်း သူ့ကိုယ်ပိုင်ဘဝမှာတော့ သူကိုယ်တိုင်ဖြစ်တည်မှုရဲ့အဓိပ္ပာယ်ကိုရှာဖွေရင်း ဒုက္ခရောက်နေသူ ဖြစ်ပါတယ်။ သူ့ချစ်သူ Sophia က သူ့ကို စွန့်ခွာသွားတဲ့အခါ…
-
နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်း
နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်းနေရပြီး တက်လာသည့် စစ်ကြောင်းများပိတ်ဆို့တိုက်ခိုက်ခံနေရ နတ်ရေကန်ဗျူဟာကုန်းရှိ ဆုံးရှုံးစစ်စခန်းများကိုပြန်လည်ရယူရန်နှင့် ပိတ်မိပြီး ကစဉ့်ကလျား ပြေးနေရသည့် စစ်ကော်မရှင်တပ်များကိုကူရန် စစ်အင်အား အလုံးအရင်းနှင့်ပို့နေကြောင်း သိရသည်။ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ နှင့် အမြောက်တပ် အမတ – ၄၀၉ တို့မှ အင်အား အပြည့်ပါ စစ်ယာဉ်တန်း ငါးစီးသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ဇင်ပြွန်းမှ တစ်ဆင့် ပျဉ်းဝလမ်းဆုံသို့ ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါစစ်ယာဉ်တန်းမှ စစ်ကြောင်းအချို့မှာ တိုက်ပွဲဖြစ်ပွားရာကို ခြေလျင်တက်ကြမည်ဖြစ်ပြီး ရိက္ခာများပါ ပါရှိကြောင်း သိရသည်။ ”စစ်တပ်က အင်အားဆက်တိုက်ပို့နေတယ်။ လမ်းကြောင်းတွေဖြန့်ပြီး ချီတက်ခိုင်းတယ်ပြောတယ်။ တော်လှန်ရေးဘက်က ပိတ်တိုက်တာရော ကြားဖြတ်တိုက်တာရောနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ နတ်ရေကန်ဗျူဟာဘက်ကို…
-

မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၂…
-

ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ကားတိုက်သေဆုံး
ရန်ကုန်မြို့၊ဗဟန်းမြို့နယ်က ရွှေဂုံတိုင်တံတားအဆင်းမှာ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရပြီး တိုက်တဲ့ကားက မောင်းပြေးသွားတယ်လို့ သွားရောက်ကူညီတဲ့ လူမှူကူညီရေးအဖွဲ့ဝင်တွေက အသိပေးထားပါတယ်။ ကားတိုက်ခံရတဲ့ အမျိုးသမီးကတော့ ကွယ်လွန်သွားတယ်လို့ သိရပြီး မင်္ဂလာဒုံမြို့နယ် စွယ်တော်အိမ်ရာမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပြေးတဲ့ကားက ထွက်ပြေးသွားတာကြောင့် မမိလိုက်ဘူးလို့ လူမှူကူညီရေးအသင်းတွေက ဆိုပါတယ်။ အဆိုပါအမျိုးသမီးက အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ ယာဉ်တိုက်မှုဖြစ်ချိန် အဝတ်အစားနဲ့ ကလောမြို့မှာ ရှိနေတာကို တင်ထားပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အနားမှာ ခရီးဆောင်အိတ်တွေကိုလည်း တွေ့ရတယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပြီး သူ့ချစ်သူနဲ့ စကားများရန်ဖြစ်တာတွေရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။ ကလောကိုခရီးထွက်ပြီးအပြန် ယနေ့ညမှာ ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှေ့ ထူ:ဆန်:စွာ ကာ:မ.တော်.တ.ဆဖြစ်ပြီး thay ဆုံ:ခဲ့သူ လင်းပြည့်အိမ် ယနေ့အောက်တိုဘာလ ၂၁ရက် ည တွင် ရွှေဂုံတိုင်တံတားအဆင်း ကမ္ဘာအေးဘုရားလမ်းမပေါ် ပွင့်သစ်ဆန်းလက်ဖက်ရည်ဆိုင်ရှေ့ မှာ…