Category: News
-

မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့
မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း တက်ရောက်ခဲ့သည့် မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတွင် တက်ရောက်လာသော ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မြို့ခံတချို့ကို စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သော ဆရာ၊ ဆရာမအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယနေ့ အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်း မင်းအောင်လှိုင် တက်ရောက်မည့် မန္တလေးတက္ကသိုလ် ရာပြည့်အခမ်းအနားအတွက် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊…
-

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတည်းခိုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ဝန်းကျင် တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေပြီး နံနက်ပိုင်းတွင် လပခ (နန်းတွင်း) ၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သဖြင့် ၁၀၇-မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။ “ပစ်တဲ့အချိန်က မင်းအောင်လှိုင်က လပခ…
-
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် ဧရာဝတီတိုင်းမ် (မန္တလေး)၊ အောက်တိုဘာ ၄ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတည်းခိုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ဝန်းကျင် တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေပြီး နံနက်ပိုင်းတွင် လပခ (နန်းတွင်း) ၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သဖြင့် ၁၀၇-မမ ရှော့တိုက်ဒုံး…
-

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး သေဆုံးစစ်သားတချို့ကိုလည်း တပ်ရင်းအနီးတွင်ပင် မြေမြှုပ်သဂြိုလ် ထားကြောင်း ပဲခူးခရိုင် ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ အောက်တိုဘာလ ၂ ရက်နေ့ ရွှေကျင်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆင်ရွာ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ ယင်းတပ်ရင်းစခန်းကို နေ့စဉ်နီး ပါး လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးထိခိုက်မှုရှိပြီး သေဆုံးစစ်သားတချို့ကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကြောင်း သိရသည်။ “အောက်တိုဘာလ ၂…
-
လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု
လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု အောက်တိုဘာလ ၃ ရက် ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ကူးပေးထားတဲ့ မဲစာရင်းစစ်ဖို့ ရုပ်မြင်သံကြားဇာတ်လမ်းတိုကို အာဏာသိမ်းစစ်အုပ်စုက အခုမှ ရိုက်ထားသယောင် ပုံမှားရိုက်ပြီး MRTV ကနေ ထုတ်လွှင့်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ထောင်မင်းသား နှင့်တွေ့ဆုံခြင်းလို့ အမည်ပေးထားတဲ့ အဲဒီရုပ်သံဇာတ်လမ်းတိုမှာ မဲစာရင်းသွားကြည့်ကြဖို့ ပြေတီဦးက တိုက်တွန်းပေးထားတာကို တွေ့ရပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ ဆန္ဒပြခဲ့လို့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဇနီးမောင်နှံနှစ်ဦးလုံး ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန်ချန်နယ်တွေက သူတို့ဇနီးမောင်နှံကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကပ်နေပေမယ့် ပြည်သူအများစုက မကြည့်ကြတဲ့အချိန်မှာ ဒီရုပ်သံကို MRTV ကထုတ်လွှင့်လာတာဖြစ်ပါတယ် ။ စစ်တပ်ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလို စိတ်မဝင်းစားလို့…