Category: News

  • မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး

    မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး

    လူတွေဟာ အရက်မူးလာတဲ့အခါ နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးတက်လာတယ် ဆိုတာကို တွေ့ရှိမှု အပါအဝင် သိပ္ပံဆိုင်ရာ ပေါက်ကရတွေ့ရှိမှု၊ တီထွင်မှုတွေကို ချီးမြှင့်တဲ့ ၃၅ ကြိမ်မြောက် Ig Nobel ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ဘော့စ်တွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျူး အထင်ကြီး ချစ်မြတ်နိုးတတ်သူ (narcissists) တွေဟာ သူတို့ ဉာဏ်ကောင်းတယ်လို့ အပြောခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာကို လေ့လာတဲ့ သုတေသန ပညာရှင်တွေလည်း ဆုရခဲ့ပါတယ်။ ဘယ်လို အိမ်မြှောင်၊ တောက်တဲ့၊ ဖွတ်၊ ပုတက်တွေက ဘယ်လိုပီဇာမျိုးကို ရွေးချယ်သလဲဆိုတာ လေ့လာတဲ့ အာဟာရဗေဒပညာရှင်တွေလည်း ဆုရခဲ့ကြပါတယ်။ အီတလီခေါက်ဆွဲ (pasta) အတွက် အချဉ်ရည်ရဲ့ ရူပဗေဒ သဘောတရားကို လေ့လာတွေ့ရှိခဲ့တဲ့ ပညာရှင်တွေလည်း…

  • လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ

    မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်နှင့် ဆောက် လုပ်ရေးပစ္စည်းအရောင်းဆိုင်များအထဲပါ စစ်တပ်က ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း မင်းဘူးမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တချို့နှင့် ကင်းထောက်အဖွဲ့တချို့က ပြော ဆိုသည်။ ယခုစက်တင်ဘာလအတွင်း စစ်တပ်က မင်းဘူးမြို့နယ်နှင့် စကုမြို့တို့တွင် ပေါ်တာဆွဲမှုများကို နေ့ရော ညပါ ဆောင်ရွက်လာကြောင်း၊ လမ်းဆုံလမ်းခွများတွင်သာ ပေါ်တာဆွဲ ဖမ်းဆီးခြင်းမဟုတ်တော့ဘဲ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များအတွင်းအထဲသို့ပါ ဝင်ရောက်ပြီး ဆိုင်ထိုင်နေသော လူငယ်များ၊ ဆိုင်ဝန်ထမ်းများကိုပါ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း မင်းဘူးမြို့ပေါ်ရှိ ထွန်းကျော်သန့် ဆောက် လုပ်ရေးပစ္စည်းဆိုင် ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး…

  • ဖယ်စမ်း.. ဖယ်စမ်း ငါပစ်တဲ့ အလောင်းလေး ကြည့်လိုက်ဦးမယ် လှလားလို့…

    ဖယ်စမ်း.. ဖယ်စမ်း ငါပစ်တဲ့ အလောင်းလေး ကြည့်လိုက်ဦးမယ် လှလားလို့…

    ကမ္ဘာ့အဆင့် ၃၅ ကြီးကလဲ NUG MOD အောက်ကတပ်ရင်းတွေနဲ့တွေ့ရင် ခုလိုဇာတ်သိမ်းရတာပါပဲ ပခုက္ကူခရိုင် တပ်ရင်း-၁၅

  • MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ ကျင်းပ

    MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ ကျင်းပ

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MDY-PDF က စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းဆင်းပွဲ အခမ်းအနားကိုု အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ စစ်ရုံးချုပ် တာဝန်ရှိသူတွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့က တာဝန်ရှိသူတွေ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊ တော်လှန်ရေးနယ်ပယ်အသီးသီးက ရဲဘော်ရဲဘက်တွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။ “သင်တန်းကာလအတွင်း…

  • ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်

    ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်

    ဝါသဝလက်အောက်ပျူစောထီး ၁၀၀ ခန့်နဲ့ ရဲစခန်းထဲ တပ်ပြန်စွဲပြီး မြို့အဝင်၊အထွက်ပိတ်ထား စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့လျော့မှုကြောင့်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေ ဝေဖန်အပြစ်တင်ရေးသားနေကြပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် ပျူစောထီးနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇီးကုန်းမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူအများရဲ့ချီးကျူးမှုကိုလည်း ခံခဲ့ရတာပါ။ စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရမှုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးပေါ့လျော့မှု၊ PDF တွေရဲ့ အယုံသွင်းခံရမှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုရုပ်သံမှတ်တမ်း အွန်လိုင်းမှာပျံ့နှံ့သွားတာကြောင့် တပ်သိက္ခာကျကြောင်းဆိုကာ အပြစ်တင်ရေးသားတာတွေကို တွေ့ရပါတယ်။ PDF နယ်မြေအတွင်းရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ၊လက်နက်၊ခဲယမ်း အင်အားအနည်းငယ်နဲ့သာ ခုခံတိုက်ခိုက်နေရတာကြောင့် စိတ်ဓာတ်ရေးရာတွေမှာ ကျဆင်းနေကြသလို ရဲတပ်ဖွဲ့ဝင်အများအပြားဟာ…