Category: News

  • ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်

    ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်

    ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်တဲ့ ၂ဝ၂၆ ခုနှစ် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၁၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါ တယ်။

    အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပုဒ်မ ၅၈ မှာ ဘယ်သူမဆို ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခံ ရရင် တစ်နှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်၊ ကျပ်သန်းငါးဆယ်ကနေ ကျပ်သန်းတစ်ရာအထိ ငွေဒဏ်နဲ့ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီအပြင် ပြစ်မှုကျူးလွန်သူဟာ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ် သန်းနှစ်ရာကနေ ကျပ် သန်း ငါးရာအထိ ငွေဒဏ် ချမှတ်ရမှာဖြစ်သလို အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကို အနည်းဆုံး ခြောက်လကနေ နှစ်နှစ် အထိ ထောင်ဒဏ်၊ ကျပ် သန်းတစ်ရာကနေ ကျပ် သန်းသုံးရာအထိ ငွေဒဏ်ချမှတ်ရမှာဖြစ်တယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

    ငွေကြေးခဝါချမှုအပေါ် အားပေးကူညီသူကိုလည်း အခု ဥပဒေပါ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်အတိုင်း ကျခံစေရ မှာဖြစ်ပြီး ကျူးလွန်ဖို့ အားထုတ်ရင်တော့ ငွေကြေးခဝါချမှုအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း အများဆုံး ထောင်ဒဏ်ကာလ အပိုင်းအခြားရဲ့ ထက်ဝက်၊ အဲဒီပြစ်မှုအတွက် ပြဋ္ဌာန်းထားတဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံး ချမှတ်ရမှာဖြစ်တယ်လို့ ဥပဒေပါ ပြဋ္ဌာန်းချက်အရ သိရပါတယ်။

    ဘဏ်မှ တာဝန်ရှိသူအနေနဲ့လည်း အခု ဥပဒေရဲ့ ပုဒ်မ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂ (ခ)၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၄၀ ဒါမှ မဟုတ် ပုဒ်မ ၅၃ (ခ) တို့ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရင်တော့ ခြောက်လကနေ တစ်နှစ်အထိ ထောင်ဒဏ်၊ ကျပ် သန်းနှစ်ရာထက် မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ရမှာဖြစ်သ လို ဘဏ်ကိုလည်း ကျပ် သန်းငါးရာထက် မပိုတဲ့ ငွေဒဏ်ချမှတ်ရမှာဖြစ်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြ ထားပါတယ်။

    ဒါ့အပြင် ငွေရေးကြေးရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေအနေနဲ့လည်း အခု ဥပဒေရဲ့ ပုဒ်မ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂ (ခ)၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၄၀ ဒါမှမဟုတ် ပုဒ်မ ၅၃ (ခ) တို့ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ရင်တော့ ခြောက်လကနေ တစ်နှစ်အထိ ထောင်ဒဏ်၊ ကျပ် သန်းတစ်ရာထက် မပိုတဲ့ ငွေဒဏ် ဒါမှ မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမှာဖြစ်ပြီး ငွေရေးကြေးရေးအဖွဲ့အစည်းကို ကျပ် သန်းသုံးရာထက် မပိုတဲ့ ငွေဒဏ်ချမှတ်ရမှာဖြစ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

    ဒါ့အပြင် ဘဏ် နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေအနေနဲ့ အခုဥပဒေပုဒ်မ ၄၀ အရ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးပို့ဖို့ ပျက်ကွက်ရင်လည်း ခြောက်လကနေ နှစ်နှစ်အထိထောင်ဒဏ်၊ ကျပ်သန်း ငါးဆယ်ကနေ ကျပ်သန်းတစ်ရာ အထိ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမှာ ဖြစ်သလို ဘဏ် ဒါမှမဟုတ် ငွေ ရေးကြေးရေး အဖွဲ့အစည်းကိုလည်း ကျပ်သန်းငါးရာထက် မပိုတဲ့ ငွေဒဏ် ချမှတ်ရမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။

    650064474 946633367759386 3133161897140456630

    650064474 946633367759386 3133161897140456632

    650064474 946633367759386 3133161897140456633

    650543792 946633404426049 6681463085101497000

    650543792 946633404426049 66814630851014970042

    650543792 946633404426049 66814630851014970043

    650543792 946633404426049 66814630851014970044

    650543792 946633404426049 66814630851014970045

    650543792 946633404426049 66814630851014970046

    650543792 946633404426049 66814630851014970047

    650543792 946633404426049 66814630851014970048

    650543792 946633404426049 66814630851014970049

    650543792 946633404426049 66814630851014970050

    650543792 946633404426049 66814630851014970051

  • မနက်ဖြန်ကစပြီး QRကုဒ်မပါရင် ဓာတ်ဆီဝယ်မရတော့ဘူး QR ကုဒ်လုပ်နည်း

    မနက်ဖြန်ကစပြီး QRကုဒ်မပါရင် ဓာတ်ဆီဝယ်မရတော့ဘူး QR ကုဒ်လုပ်နည်း

    မတ်လ ၁၂ ရက်နေ့ (မနက်ဖြန်) မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးများတွင် စက်သုံးဆီကို QR Code စနစ်ဖြင့် စမ်းသပ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (မတ် ၁၁ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    ဤစနစ်သစ်နှင့် ပတ်သက်၍ သိထားသင့်သည့် အဓိကအချက်များကို အောက်တွင် အနှစ်ချုပ် ဖော်ပြပေးလိုက်ပါသည်။

    ၁။ စနစ်သစ်၏ ရည်ရွယ်ချက်

    * စက်သုံးဆီ အမှန်တကယ် လိုအပ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရန်။

    * တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများကို ထိန်းချုပ်ရန်။

    * စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန် စနစ်တကျ စီမံခန့်ခွဲရန်။

    ၂။ ဝယ်ယူရမည့် နည်းလမ်းများ

    | ယာဉ်အမျိုးအစား | အသုံးပြုရမည့် အထောက်အထား | စိစစ်ပုံစံ |

    |—|—|—|

    | မော်တော်ကား | Wheel Tax ရှိ Barcode | ဆိုင်ဝန်ထမ်းက Barcode ကို Scan ဖတ်စစ်ဆေးမည်။ |

    | ဆိုင်ကယ် | Wheel Tax ပါ အချက်အလက်များ | ဆိုင်တွင် QR Code အသစ် ထုတ်ယူပြီးမှ ဝယ်ယူတိုင်း ပြသရမည်။ |

    ၃။ ကန့်သတ်ချက်နှင့် လုပ်ဆောင်ချက်

    * တစ်ရက်လျှင် တစ်ကြိမ်သာ: Application မှတစ်ဆင့် အလိုအလျောက် စစ်ဆေးမည်ဖြစ်ရာ ထိုနေ့အတွက် ဝယ်ယူထားခြင်း မရှိသေးမှသာ ဆီရောင်းချပေးမည်ဖြစ်သည်။

    * စမ်းသပ်ကာလ: ဦးစွာ မြို့ကြီး (၄) မြို့တွင် စတင်မည်ဖြစ်ပြီး စနစ်တည်ငြိမ်သွားပါက ကျန်ရှိသော မြို့ကြီးများသို့ တိုးချဲ့သွားမည်ဖြစ်သည်။

    အကြံပြုချက်:

    သင်သည် ဆိုင်ကယ်အသုံးပြုသူဖြစ်ပါက Wheel Tax စာအုပ်ပါ အချက်အလက်များဖြင့် ဆီဆိုင်တွင် QR Code အရင်ထုတ်ယူထားရန် လိုအပ်မည်ဖြစ်ပြီး၊ ကားသမားများအနေဖြင့် မိမိတို့၏ Wheel Tax ကတ်ပြား/စာအုပ်ပါ Barcode အား အလွယ်တကူ ပြသနိုင်ရန် ပြင်ဆင်ထားသင့်ပါသည်။

    ⛽️ စက်သုံးဆီဝယ်ယူမှု စနစ်သစ်- ဖုန်း Application ဖြင့် တစ်ရက် (၁) ကြိမ်သာ ဝယ်ယူခွင့်ပြုတော့မည်

    ● စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန်နှင့် အမှန်တကယ် လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှစတင်၍ မြို့ကြီးအချို့တွင် စနစ်သစ်ဖြင့် စမ်းသပ်ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

    📌 သိထားရမည့် အဓိကအချက်များ

    ✅ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအနေဖြင့် တစ်ရက်လျှင် (၁) ကြိမ်သာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ထပ်မံဝယ်ယူမှုကို စနစ်မှ အလိုအလျောက် တားမြစ်သွားမည်။

    ✅ Registration မလို: ပြည်သူများအနေဖြင့် ဖုန်းထဲတွင် သီးသန့် Register လုပ်ရန် မလိုဘဲ ဆိုင်ဝန်ထမ်းမှ Application ဖြင့် စစ်ဆေးပေးသွားမည်။

    ✅ စစ်ဆေးမည့်နည်းလမ်း: * မော်တော်ယာဉ်များ: Wheel Tax ရှိ Barcode ကို ဝန်ထမ်းမှ Scan ဖတ်၍ စစ်ဆေးမည်။ ဆိုင်ကယ်များ: Wheel Tax တွင် Barcode မပါသဖြင့် အရောင်းဆိုင်တွင် QR Code အရင်ထုတ်ယူရမည်။ ထို QR Code ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားရုံဖြင့် ဝယ်ယူတိုင်း အသုံးပြုနိုင်မည် ။

    ✅ စမ်းသပ်ကာလ: ၂၀၂၆၊ မတ်လ ၁၂ ရက်နေ့မှစ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့တွင် စတင်စမ်းသပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးသို့ တိုးချဲ့သွားမည်။

    ● ယခုစနစ်ကြောင့် ဆီဆိုင်များတွင် တန်းစီရမှု လျော့နည်းသွားမည်ဟု မျှော်လင့်ရပြီး၊ Supply Chain တစ်ခုလုံးကို Online Monitoring Center မှ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

    ကား၊ ဆိုင်ကယ်တွေကို ဘားကုတ်နဲ့ စီစစ်ပြီး ဆီရောင်းတာကို ထိမ်းမယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

    ကားတွေအတွက် Wheel Tax က ဘားကုတ်ကို ဆီဆိုင်က Scan ဖတ်မယ်။

    တရက် တကြိမ်ပဲ ဆီပေးထည့်မယ် (တရက် ဘယ်လောက်ဖိုး ထည့်ပေးမယ်ဆိုတာတော့ မသိရသေး)

    ဆိုင်ကယ်တွေအတွက်ကတော့ ဆီဆိုင်က အချက်အလက်စစ်ဆေးပြီး QR ထုတ်ပေးမယ်၊ ဖုန်းထဲ (သို့) print ထုတ်ထားပြီး ဆီထည့်လို့ရပါမယ်။

    ကား၊ ဆိုင်ကယ်တွေကို မလိုအပ်ဘဲ ၁ ရက် ဆီ ၂ ကြိမ် ၃ ကြိမ်ထည့်တာကို ထိန်းချုပ်ချင်တယ်လို့ ဆိုပါတယ်။ (ဆီတန်းစီဝယ် ဆီထုတ်ပြီး ပြန်ရောင်းတဲ့သူတွေ အလုပ်မဖြစ်တော့ဘူးပေါ့)

    ဆီထည့်မယ့်သူက ဘာ app မှ ရှိဖို့မလို Wheel Tax ရှိဖို့ပဲ လိုပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ စတင်ကျင့်သုံးမယ်လို့ သိရပါတယ်။

    စုံ/မ ကိစ္စကိုတော့ ပယ်ဖျက်ကြောင်း မကြေငြာသေးပါဘူး။

    ကြိုဆိုပါတယ်။ အစထဲက လုပ်သင့်တဲ့ကိစ္စ ပါ။

    ဆီထိမ်းပြီးလျှင်တော့ စုံမ ကိစ္စကို အမြန်ပြန်ဖျက်ဖို့ မေတ္တာရပ်ခံပါတယ်။

    စက်သုံးဆီ အကြပ်အတည်း ဖြစ်နိုင်တာ လူတိုင်းသိပါတယ်။ ဆင်ခြင်ကြမှာပါ။

    (သတင်းရင်းမြစ် – စွမ်းအင်ဝန်ကြီးဌာန၊ ၁၁-၃-၂၀၂၆)

  • သူဌေး၏ ရိုက်နှက်အကြမ်းဖက်မှုကြောင့် ချွန်ဘူရီ ကွေ့သယိုဆိုင်မှ ပအိုဝ်းတိုင်းရင်းသူ အလုပ်သမတစ်ဦး ထွက်ပြေးရ၊ တစ်ဦးကျန်နေသေး

    သူဌေး၏ ရိုက်နှက်အကြမ်းဖက်မှုကြောင့် ချွန်ဘူရီ ကွေ့သယိုဆိုင်မှ ပအိုဝ်းတိုင်းရင်းသူ အလုပ်သမတစ်ဦး ထွက်ပြေးရ၊ တစ်ဦးကျန်နေသေး

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စဖန်မိုင်ဒေသတွင် ကွေ့သယိုဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမားအမျိုးသမီး ၂ ဦးသည် သူဌေး၏ ရိုက်နှက်အကြမ်းဖက်မှုကို ခံခဲ့ရပြီး ယင်းအနက် တစ်ဦးသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကာ တစ်ဦးမှာ မထွက်ပြေးနိုင်သေးကြောင်း သိရသည်။

    ထွက်ပြေးလွတ်မြောက်လာသူ၏ ပြောကြားချက်အရ အလုပ်လုပ်နေစဉ်တွင် ဆိုင်သူဌေးက ကြွေပန်းကန်ဖြင့် ခေါင်းကိုရိုက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ လက်သီးဖြင့် ထိုးနှက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တံမြက်စည်းဖြင့်လည်း ရိုက်နှက်ခဲ့ကြောင်း ပအိုဝ်းအရေးလှုပ်ရှားသူများထံမှ သိရသည်။

    ယင်းသို့ ရိုက်နှက်နှိပ်စက်မှုကြောင့် မျက်စိ၊ မျက်နှာနှင့် ပေါင်များတွင် ညိုမဲစွဲသည့်အထိ ဒဏ်ရာများရရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်သူ၏ ပြောကြားချက်အရ သိရသည်။

    “သူဌေးက နေ့တိုင်းရိုက်တယ်။ အလုပ်က ထွက်မယ်ဆိုလည်း သတ်ပစ်မယ်၊ ရဲလက်အပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ အလုပ်မထွက်တော့ဘူးပြောလည်း နောက်နေ့တွေလည်း ဆက်တိုက် ရိုက်နှက်တယ်၊ ထိုးတယ်၊ ကန်တယ်။ ကံကောင်းလို့ တစ်ယောက်က ထွက်ပြေးနိုင်ခဲ့တယ်” ဟု ဘန်ကောက်ရောက် ပအိုဝ်းအရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

    လက်ရှိ ထွက်ပြေးမရသေးသည့် အမျိုးသမီးတစ်ဦး၏ ဖုန်းကိုလည်း သူဌေးက သိမ်းဆည်းထားကြောင်း သိရသည်။

    650493280 952135857172859 7708033081037913930 N

    ယင်းအမျိုးသမီးငယ် ၂ ဦးသည် ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်မှ နေထိုင်သူများဖြစ်ပြီး မြန်မာနိုင်ငံသား မှတ်ပုံတင်၊ အလုပ်လက်မှတ်နှင့် ငွေကြေးများကိုလည်း သူဌေးက သိမ်းဆည်းထားကြောင်း ပြောသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ ပအိုဝ်းတိုင်းရင်းသားအရေး လှုပ်ရှားဆောင်ရွက်နေသူများက ယင်းဆိုင်သူဌေးအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောသည်။

    “သူတို့ကို အလုပ်လုပ်နေချိန်မှာပဲ မကြာခဏ ရိုက်နှက်နှိပ်စက်တာတွေ ရှိတယ်လို့ သိရပါတယ်။ လက်ရှိတော့ ထွက်ပြေးလာတဲ့သူကို ကူညီပေးနေပြီး ကျန်နေတဲ့ တစ်ယောက်လည်း လွတ်မြောက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသူကို အခုလိုလုပ်တာ လုံးဝမခံနိုင်ပါဘူး။ ထိုင်းနိုင်ငံမှာ ဥပဒေတွေရှိပါတယ်။ ခုကျန်ရှိတဲ့တစ်ယောက်မှာ ဘတ်မရှိဘူး၊ အထောက်အထားမရှိဘူးဆိုပေမယ့် လက်လွန်ခြေလွန်ဖြစ်သွားပြီဆိုတော့ ခွင့်လွှတ်လို့မရပါဘူး။ ဒီနေ့ ရဲခေါ်ပြီး ချက်ချင်း သွားကယ်ထုတ်ပေးမှာပါ။ အဲဒီ သူဌေးကိုလည်း အရေးယူနိုင်အောင် လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းပြီး အမှုဖွင့်နေပါတယ်” ဟု ထိုင်းရောက် ပအိုဝ်းအရေး လှုပ်ရှားသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

    ယင်းအလုပ်သို့ ဝင်ရောက်လုပ်ကိုင်ရန်အတွက် အလုပ်စမတ်ခအဖြစ် ပွဲစားထံ ဘတ်ငွေ ၂၀၀၀ ပေးခဲ့ရပြီး ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အတွက် အလုပ်ရှာပေးခဲ့သည့် ပွဲစားများအနေဖြင့်လည်း ကိုယ်ချင်းစာမှုထားပြီး ရိုက်နှက်အကြမ်းဖက်တတ်သည့် သူဌေးများဖြစ်လျှင် အလုပ်သမားများကို မပို့ကြရန်လည်း ထိုင်းရောက် ပအိုဝ်းအရေး လှုပ်ရှားသူတစ်ဦးက သတိပေးပြောဆိုထားသည်။

    Photo: ထွက်ပြေးလွှတ်မြောက်လာသူ ပအိုဝ်းအမျိုးသမီးငယ်

  • နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

    စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများအဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စက်သုံးဆီများအား QR Code ဖြင့် ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ မတ် ၁၁ ရက်ကအသိပေးခဲ့သည်။

    စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ရက်အတွင်း (၂) ကြိမ်(သို့) (၃)ကြိမ်တန်းစီဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် QR Code အသုံးပြုရန်ဆောင်ရွက်ခြင်းဖြစ်ကာ ကားများအတွက် Wheel Tax ၏ Barcode ၊ ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းများဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။

    650252624 952274217159023 3084211347150109664 N

    ယင်း စနစ်များ၌ ကားများအတွက် Wheel Tax ရှိ Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ တစ်ရက်လျင် တစ်ကြိမ်သာဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။

    ဆိုင်ကယ်များမှ Wheel Tax တွင် Barcode မပါ၍ အရောင်းဆိုင်တွင် QR Code များထုတ်ယူပြီး စက်သုံးဆီဝယ်ယူချိန်တိုင်းတွင် ယင်း QR Code ကိုပြသရမည်ဖြစ်ပြီး တစ်ရက်အတွင်း ၂ ကြိမ်(သို့) (၃)ကြိမ်ဝယ်ယူမှုမရှိစေရန် စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်သည်။

    ယင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစတင် ၍ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အားလိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။

    649886824 1364693099032747 7969873767172451432 N

    650211445 1364693159032741 3138319135542536681 N

    650284260 1364693242366066 2715230139115021835 N

    649397971 1364693355699388 5636819742358630199 N

  • ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ  ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေတစ် ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ် သူတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    651153860 1295862112641392 2021719334817902657 N

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲမေ ၁ ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ် သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

    650200593 1295862152641388 8323038003586327871 N

    အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လို အပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ တပ်ရင်းမှတာ ဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီးဖြစ်ကာ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် အခင်းဖြစ်ပွားခဲ့သည့် ပလဖ နယ်မြေကင်းစခန်းရှိ သက်သေများကိုလည်း လွှဲပြောင်းမိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

    649425026 1295862195974717 478472858146762937 N

    နစ်နာသူ(တိုင်တန်းသူ)နှင့် ကျူးလွန်သူဟုသံသယရှိသူ (တိုင်တန်းခံရသူ)များသည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီဖမ်းဆီး ထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ထို့အပြင် နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

    650274844 1295862915974645 5132220787175336404 N

    650815320 1295862955974641 8367995281872910558 N