Category: News

  • မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်​တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်​နေ့မှာ ပြည်သူ့အတွက်လက်​ဆောင်​ပေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ်။

    “အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲ​ရေးမှူး ကို​ဆောင်းခက​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ ​ရေးသားထားပါတယ်။

    စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ​ဟောင်ဝစ်ဇာ အ​မြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲ​ဘော်​တွေ​အောင်ပွဲခံ​​နေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်း​ရေးသားထားပါတယ်။

    ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅​ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ​ပေး​နေတဲ့ကြားကနေ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။

    (မဲပလီဗျူဟာစခန်းသိမ်းပြီး​နောက်​ စစ်တပ်ထံကသိမ်းရတဲ့ ​ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံ​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့​ဝင်​တွေ။ ဓါတ်ပုံ-Maung Saung Kha’s FB)

  • ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့်

    ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့်

    စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့်

    သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ၏ ဒေါ်လာ ၉ သန်းတန် ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့

    အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ တံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလယာခရိုင်၊ ကောကရိတ်မြို့နယ် အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာတွင် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြီး ထိုသို့ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ့်၊ ဖျက်ဆီးနိုင်ခြင်းဖြင့် ရဲစွမ်းသတ္တိအပြည့်နဲ့ ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီမီသည့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သူရဘွဲတံဆိပ် သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် ကော်ဘရာစစ်ကြောင်းမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ၏ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်တွင် လိုက်ပါသော ဗိုလ် မှူး ချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်း ကျင် ဗိုလ်ကြီးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ သည့် စစ်ရဟတ်ယာဉ်မှာ Eurocopter 365 စစ်ရဟတ် ယာဉ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်ပြီးကြောင်း သိရှိရသည်။

  • ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ

    ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ

    အင်းတော်မြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေ

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုစခန်းကုန်းရှိ ကာကင်းတချို့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ခုခံ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်ကလည်း ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း ၂ ခုကို လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ၊ ရိက္ခာများ ကျဲချပို့ဆောင်နေကြောင်း၊ ယင်း စခန်း ၂ ခုသည် တောင်ကြောတစ်ခုတည်းပေါ်တွင် တည်ရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် အခိုင်အမာ တပ်စွဲထားသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေကတော့ တောက်လျောက်ပဲ လေကြောင်း အသုံးပြုခုခံနေတာ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့တည်းက အခုချိန်ထိ တောက်လျောက် လေကြောင်းနဲ့ ပစ်တာတွေရှိတယ်။ စခန်းကုန်းက စစ်ခွေးတွေ ရိက္ခာပြတ်တောက်တဲ့ အတွက်ကြောင့် ၂ ကြိမ်ရှိပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီကနေ ၉ နာရီထိ လေယာဉ် Y-8 နဲ့ အထုပ် ၈၀ လောက် ရိက္ခာထုပ်တွေ ကျဲချပေးတာရှိတယ်။ အဲအထုပ်တွေက ကိုယ်ဘက်ကလည်းရသလို စစ်ခွေးဘက်ကလည်း ရတာတွေရှိတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာပဲ ခဲယမ်းထုပ်တွေလာချတယ်။ ၁၀ ထုပ်လောက်ရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ စစ်တပ်ကုန်း (ဂျပန်လှိုဏ်ဂူကုန်း)နှင့် ဘုရားကုန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ခေတ္တခဏ ရပ်နားသွားပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

    အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ် ပြင်ဆင်ခဲ့ကြောင်း၊ ထို့ပြင် ဂျပန်လှိုဏ်ဂူနှင့်မြေမျက်နှာသွင်ပြင် တစ်ဆက်တည်း ရှိနေပြီး မီတာ ၉၀၀ ကျော်သာ ကွာဝေးသည့် အင်းတော် မြို့မဘုန်းကြီးကျောင်းတွင်ပါ ခံစစ်အခိုင်အမာ တပ်စွဲ ပြင်ဆင်ထားကြောင်း သိရှိရသည်။

  • ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်

    ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်

    NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်

    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများကို ဆက်သွယ်ကာ တပ်သားနှင့်ရဲ ၁၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ အလင်းဝင်ရောက်လာသူများထဲတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူ ၈၃ ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီလအတွင်း လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၈၃ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။

    ဓာတ်ပုံ- ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သား ၁၆ ဦး

  • စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများစုက ပူးတွဲကြေညာချက်ထုတ်

    စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများစုက ပူးတွဲကြေညာချက်ထုတ်

    မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

    ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ် အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၄င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်။

    မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချပါသည်။

    စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့သည်။

    ထိုတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိကြောင်း ဖော်ညွှန်းနေပါသည်။ ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေသည်။

    အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရန် မြန်မာစစ်တပ်ကို မိမိတို့ တောင်းဆိုလိုက်သည်။

    ထို့အပြင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကို အပြည့်အဝ လိုက်နာကျင့်သုံးရန် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းအားလုံးကို မိမိတို့ တိုက်တွန်းလိုက်သည်။

    ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များသည် အာဏာသိမ်းပြီးသည့်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပါသည်။

    နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ သို့မဟုတ် ၁၉.၉ သန်းကျော်သည် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိကြသည်။ ခန့်မှန်းခြေ ၁၅.၂ သန်းမျှသော ပြည်သူများမှာ စားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိသည်။

    ပိုမိုများပြားလာသော လိုအပ်ချက်များနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသော ပြည်သူအရေအတွက်မှာ ယမန်နှစ်ကထက် ၁ သန်းနီးပါးတိုးမြင့်လာရာ စုစုပေါင်း ၃.၅ သန်းကျော်ရှိနေပြီဖြစ်သည်။

    ထို့ပြင် မြန်မာနိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်တိမ်းရှောင်ထွက်ပြေးခဲ့ရသည့် ပြည်သူအမြော က်အမြားလည်း ရှိပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။

    ယခုလက်ရှိ ဖြစ်ပေါ်နေမှုများကြောင့် မြန်မာနိုင်ငံအတွက်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံများအတွက်ဖြစ်စေ ရေရှည်အကျိုးဖြစ်ထွန်းစေမည်မဟုတ်ပါ။

    ယခုအချိန်သည် မြန်မာစစ်အာဏာရှင်အနေနှင့် ၄င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်သည်။

    ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား မိမိတို့ အလေးအနက် တိုက်တွန်းပါသည်။

    ဤအချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်စေသည့် ငြိမ်းချမ်းသော ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော ခြေလှမ်းများဖြစ်ပါသည်။

    မြန်မာနိုင်ငံအရေးကိစ္စကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံအဖွဲ့အစည်း၏ ပဓာနကျသည့် အခန်းကဏ္ဍနှင့် ဘုံသဘောတူညီချက် ၅ရပ်အပေါ် မိမိတို့၏ အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုလိုပါသည်။

    အာဆီယံနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့ နွေးထွေးစွာ ကြိုဆိုပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ခြင်းအား ဆက်လက် အားပေးထောက်ခံသွားရန် နိုင်ငံတကာအသိုက်အဝန်းကို မိမိတို့ တောင်းဆိုပါသည်။

    မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများကို တားဆီးကာကွယ်ရေးတို့ကို မိမိတို့အနေဖြင့် အလေးပေးပြောကြားလိုသည်။

    မိမိတို့အနေဖြင့် မြန်မာပြည်သူများနှင့်အတူ တသားတည်း ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး ၄င်းတို့ ရည်မျှော်သော အားလုံးပါဝင်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ဖြစ်ပေါ်လာရေးကို ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်သည်။